တည်ကန်ဘောတွေကနေ ဂိုးပေးလိုက် ရတဲ့အပေါ် “အာတီတာ”ရဲ့ပြောကြားချက်
“အာဆင်နယ်”ဟာ “အိုလီပီယာကော့စ်”နဲ့ကစားခဲ့တဲ့ ယူရိုပါလိဂ်(၃၂)ရှုံးထွက်အဆင့်မှာ နှစ်ကျော့ပေါင်းရလဒ်2-2ဖြစ်ခဲ့သော်လည်း အဝေးဂိုးစည်းမျဉ်းအရ ရှုံးထွက်အဆင့်ကနေလှည့်ပြန်ခဲ့ရပါတယ်။ဂန်းနားတို့ဟာ ထိုပွဲစဉ်မှာရုန်းကန်ခဲ့ရပြီး အချိန်ပိုအထိဆက်ကစားခဲ့ရပါတယ်။ပွဲပြီးခါနီးမှာ “အိုလံပီယာကော့စ်”ဘက်က ဂိုးထပ်သွင်းခဲ့ကာ (၁၆)သင်းအဆင့်ကိုတက်ရောက်သွားပါတယ်။ ဒါနဲ့ပတ်သက်ပြီး”အာတီတာ”က – “ကျွန်တော်တို့အရမ်းကိုနာကျင်ခဲ့ရတယ်။ဒီပွဲမှာ မျှော်လင့်ချက်အနည်းငယ်တော့ရှိခဲ့ပါတယ်။ဒါ့အပြင် ဥရောပပြိုင်ပွဲတွေမှာ ဘယ်လိုစွမ်းဆောင်ရမလဲဆိုတဲ့ နည်းလမ်းကောင်းတွေရလိုက်ပါတယ်။ပွဲထဲမှာ ကျွန်တော်တို့လုပ်နိုင်ခဲ့တဲ့အရာလေးတွေရှိပါတယ်။အခွင့်အရေးတချို့လဲ ဖန်တီးနိုင်ခဲ့တယ်။ဒါပေမယ့် တည်ကန်ဘောတွေကနေ နှစ်ကြိမ်စလုံးဂိုးပေးလိုက်ရတဲ့အတွက် အရမ်းဒုက္ခရောက်ခဲ့ရတယ်။တကယ်ဆိုရင်ဒုတိယဂိုးမှာ “လီနို”ထွက်ပြီးကန်လို့ရပါတယ်။သူမကာကွယ်ခဲ့တာကြောင့် အခြေအနေတွေပြောင်းသွားရပါတယ်။ဒီလိုတည်ကန်ဘောတွေကနေ ဂိုးပေးလိုက်ရတာလက်မခံနိုင်စရာပါပဲ။ဒါကျွန်တော်တို့ ဒီထက်ပိုပြီးလေ့ကျင့်ရဦးမယ်ဆိုတာ ပြသလိုက်တာပဲ” TBS
ညနေခင်းရဲ့အပြောင်းအရွှေ့သတင်းတွေနဲ့ ထူးထူးခြားခြားသတင်းများ
“ချယ်ဆီး”နည်းပြ”လမ်းပတ်”ဟာ ခံစစ်ပိုင်းကို ပြုပြင်လိုနေပြီး “လိုက်ပ်ဇစ်”ခံစစ်မှုး”အူပါမီကာနို”ကို နံပါတ်(၁)ပစ်မှတ်အဖြစ် ချိန်ရွယ်ထားပါတယ်။ “ဘာစီလိုနာ”ကွင်းလယ်လူ”ဘတ်စ်ကွက်”က အသင်းကလူတွေဟာ ပြီးခဲ့တဲ့ချန်ပီယံလိဂ်ပွဲစဉ်မှာ အချင်းချင်းနက်ရှိုင်းမှုမရှိကြဘူးလို့ ဝေဖန်ခဲ့ပါတယ်။ “လက်စတာ”တိုက်စစ်မှုး”အီဟန်နာချို”ဟာ ဦးခေါင်းဒဏ်ရာကနေပြန်လည်သက်သာနေပြီး လာမယ့်စနေနေ့ည “နောဝှစ်ခ်ျ”နဲ့ပွဲစဉ်မှာ ပါဝင်လာမှာဖြစ်ပါတယ်။ “မန်ချက်စတာယူနိုက်တက်”ဟာ 2017တုန်းက ဘယ်နောက်ခံလူ”ဒေးဗီးစ်”ကို ပေါင်(၂)သန်းနဲ့ဝယ်ယူနိုင်မယ့်အခွင့်အရေး ဆုံးရှူံးခဲ့ပါတယ်။”ဒေးဗီးစ်”ဟာ အခုဆို “ဘိုင်ယန်”မှာ တောက်ပနေတဲ့ကြယ်ပွင့်ဖြစ်နေပါပြီ။ “ဝီလီယံ”ဟာ “ချယ်ဆီး”မှထွက်ခွာရန်သေချာသလောက်ဖြစ်နေပါပြီ။ကစားသမားနဲ့ ဘုတ်အဖွဲ့တို့ကြား သက်တမ်းတိုးဖို့ဆွေးနွေးမှုဟာ အခက်အခဲတွေရှိနေတာဖြစ်ပါတယ်။ “ချယ်ဆီး”ဟာ သူတို့ဂိုးသမား”ကီပါ”နဲ့ အက်သလက်တီကိုဂိုးသမား”အော့ဘလက်”ကို အလဲအထပ်လုပ်ဖို့စဉ်းစားနေပြီဖြစ်ပါတယ်။ “တော့တင်ဟမ်”ဟာ သူတို့ကစားသမား”ဆွန်ဟောင်မင်”ကို လက်မောင်းဒဏ်ရာကုသဖို့ ကိုရီးယားကိုလွှတ်ခဲ့သော်လည်း “ကိုရိုနာဗိုင်းရပ်စ်”မကူးနိုင်ဘူးဟု ယုံကြည်နေပါတယ်။ “ချယ်ဆီး”ဟာ “ဘိုင်ယန်”ကိုရှုံးပွဲအပြီးမှာ “လမ်းပတ်”ရဲ့နည်းစနစ်အတွက် ကစားသမား(၈)ဦးအထိရောင်းချနိုင်ဖွယ်ရှိနေပါတယ်။ဒီကစားသမားတွေထဲမှာ “ဂျော်ဂျင်ဟို”နဲ့ “ကီပါ”တို့ပါဝင်နေပါတယ်။ ဒဏ်ရာကြောင့်အနားယူနေရတဲ့”ဟယ်ရီကိန်း”ဟာ ဧပြီလအစောပိုင်းမှာ ပြန်ကစားနိုင်ဖို့ပစ်မှတ်ထားနေပါတယ်။ဒါဟာ အင်္ဂလန်နဲ့ စပါးအသင်းတွေအတွက် အားတက်စရာဖြစ်ပါတယ်။ “ချယ်ဆီး”တိုက်စစ်မှုး”အေဗရာဟမ်”ဟာ ခြေကျင်းဝတ်ဒဏ်ရာကနေပြန်လာပြီးနောက်ပိုင်း ကွင်းထဲမှာအရင်လို တက်ကြွလန်းဆန်းမှုမရှိတော့ပါဘူး။Continue reading “ညနေခင်းရဲ့အပြောင်းအရွှေ့သတင်းတွေနဲ့ ထူးထူးခြားခြားသတင်းများ”
ဆိုးရှား”က မန်ယူကိုအောင်မြင်မှုလမ်းကြောင်းဆီ ခေါ်ဆောင်သွားပေးမှာပါဆိုတဲ့ “ဒေးဗစ်ဘက်ခမ်း”
နည်းပြ”ဆိုးရှား”ရဲ့ “မန်ယူ”အသင်းဟာ လက်ရှိမှာအမှတ်ပေးဖလား အဆင့်(၅)နေရာမှာရပ်တည်နေပြီး၊FA Cup 5th Roundနဲ့ ယူရိုပါလိဂ်ရှုံးထွက်အဆင့်ကိုယှဉ်ပြိုင်နေရတာဖြစ်ပါတယ်။ “ဆိုးရှား”နဲ့ပတ်သက်ပြီး “မန်ယူ”အသင်းမှာအတူကစားခဲ့ဖူးတဲ့ နာမည်ကျော်”ဒေးဗစ်ဘက်ခမ်း”က – “ဆိုးရှား”က သူ့အလုပ်သူကောင်းကောင်းလုပ်နေတာပါ။သူ့အနောက်မှာ သူ့ကိုအားပေးနေတဲ့ပရိတ်သတ်တွေအများကြီးပါ။ဘာလို့လဲဆိုတော့ သူက မန်ယူမှာ နှစ်အတော်ကြာကစားခဲ့ပြီး အောင်မြင်မှုတွေရရှိခဲ့တဲ့ လူတစ်ယောက်ဖြစ်နေလို့ပါ။ကျွန်တော်သူ့ကိုယုံကြည်ပါတယ်။သူက အသင်းကိုတစ်ဆင့်ချင်းအောင်မြင်မှုလမ်းကြောင်းဆီ ခေါ်သွားပေးနေတာပါ။ကစားသမားတွေကိုလဲ တိုးတက်လာဖို့လုပ်ဆောင်နေတာပါ။သူချစ်တဲ့ဒီအသင်းနဲ့ သူချစ်တဲ့ဒီပရိတ်သတ်တွေအတွက် ဝေဖန်ခံရမယ့်လူ ဘယ်တော့မှဖြစ်လာမှာမဟုတ်ပါဘူး။အခုထိလဲ သူကသင်ယူနေတုန်းပါပဲ။ ဒါပေမယ့် သူဟာ “ဆာအဲလက်စ်”လိုပဲ အသင်းနဲ့ကစားသမားတွေရှေ့ကနေ အမြဲကာကွယ်ပေးနေတာပါ။သူ့ကိုကြည့်ရင် “ဆာအဲလက်စ်”ကိုပုံတူကူးချထားသလိုပါပဲ။မန်ယူအသင်းနဲ့အတူ အောင်မြင်မှုတွေရယူပေးလိမ့်မယ်လို့ ကျွန်တော်ကတော့ယုံကြည်ပါတယ်”လို့ပြောကြားခဲ့ပါတယ်။ TBS
ရီးရဲလ်မက်ဒရစ်”နဲ့ပွဲက သူ့ရဲ့နည်းစနစ်တွေအပေါ်ကျေနပ်နေတဲ့ “ဂွါဒီယိုလာ”
“ရီးရဲလ်”ကို1-2နဲ့နိုင်တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ “မန်စီးတီး”နည်းပြ”ဂွါဒီယိုလာ”ဟာ လူစာရင်းအလှည့်အပြောင်းလုပ်ခဲ့ပါတယ်။နာမည်ကြီးကစားသမားတွေဖြစ်တဲ့ “စတာလင်း”နဲ့”အဂွဲရို”တို့ကို အရံခုံမှာချန်ထားခဲ့ပါတယ်။”ဂျေးစု”ကို ပုံမှန်ကစားနေကျနေရာမကစားခိုင်းပဲ ဘယ်တောင်ပံမှာထားကစားခဲ့ပြီး ကွင်းလယ်လူ”ဒီဘရိုင်း”ကို False Nineအဖြစ် တိုက်စစ်မှုးနေရာထားကစားစေခဲ့ပါတယ်။”ဂျေးစု”ရော “ဒီဘရိုင်း”ရောနှစ်ယောက်စလုံးက ပွဲကိုအထာနပ်ခဲ့ပြီး “အစ္စကို”ရဲ့အဖွင့်ဂိုးကိုခွင့်ပြုပြီးတာနဲ့ တောက်လျှောက်တိုက်စစ်ကိုမြှင့်တင်ခဲ့ပါတယ်။နည်းပြ”ဂွါဒီယိုလာ”က သူ့ရဲ့နည်းစနစ်အလုပ်ဖြစ်မယ်ဆိုတာယုံကြည်ကြောင်း အခုလိုပြောကြားခဲ့ပါတယ်……..“အနိုင်ရတဲ့အတွက် ကျွန်တော်အရမ်းပျော်ပါတယ်။အသင်းရဲ့ကစားပုံကို ကျေနပ်မိပါတယ်။”ရီးရဲလ်”ကို ကောင်းသောကိုယ်ရည်ကိုယ်သွေးနဲ့ ယှဉ်ပြိုင်ဖို့ ကျွန်တော်တို့ကြိုးစားခဲ့ပါတယ်။သူတို့ကပွဲကိုအကောင်းဆုံးစတင်နိုင်ခဲ့တယ်။ပွဲစပြီး10-15မိနစ်လောက်အထိကို ကျွန်တော်တို့ခြေထဲဘောလုံးရှိမနေခဲ့ဘူး။15မိနစ်နောက်ပိုင်းမှာတော့ ကျွန်တော်တို့အသင်းဟာ ကောင်းကောင်းမွန်မွန်ကစားခဲ့ပါတယ်။ဦးဆောင်ဂိုးခွင့်ပြုရတဲ့အချိန်ကစပြီး ကျွန်တော်တို့ကစားပုံပိုကောင်းလာတယ်။ဒါပေမယ့် ဒီအခြေအနေမှာဦးဆောင်ဂိုးကိုခွင့်မပြုသင့်ဘူး။တခါတရံမှာ ကျွန်တော်တို့ဒီလိုအမှားလေးတွေရှိတတ်ပါတယ်။ဒီနေ့ကျွန်တော်တို့အရမ်းပျော်နေပါတယ်။ဒါပေမယ့ ပွဲကမပြီးသေးပါဘူး။ကျွန်တော်တို့ဟာ အရာအားလုံးကိုဖြတ်ကျော်ခဲ့ဖူးတဲ့၊အတွေ့အကြုံအရမ်းများတဲ့ ကမ္ဘာ့အကောင်းဆုံးချန်ပီယံအသင်းတစ်သင်းနဲ့ယှဉ်ပြိုင်ရတာပါ။သေချာပေါက်”ဇီဒိန်း”နဲ့ သူ့တပည့်တွေက ကျွန်တော်တို့ဘာလုပ်ခဲ့တယ်ဆိုတာကိုပြန်ကြည့်ကြမှာပဲ။ဒါ့ကြောင့် နောက်တကျော့ကဒီနေ့ပွဲနဲ့တူမှာမဟုတ်တော့ဘူး။နောက်တကျော့မှာ သူဘာတွေလုပ်နိုင်လဲဆိုတာ သတိကြီးစွာထားရမယ်။သူတို့ပုံစံနဲ့ လိုက်လျောညီထွေဖြစ်အောင်လုပ်ရမယ်၊နောက်ပြီး အနိုင်ရဖို့ကြိုးစားရဦးမှာပါ” TBS
ဂျူဗင်တပ်အသင်းသားတွေကိုနားမလည်တော့ဘူးဆိုတဲ့ ဆာရီ
မနေ့ညက ချန်ပီယံလိဂ်ပွဲစဉ်တစ်ခုဖြစ်တဲ့လိုင်ယွန်နဲ့ပွဲအပြီးမှာ ၁-၀ နဲ့ ရှုံးနိမ့်ခဲ့တာကြောင့် နည်းပြဆာရီအနေနဲ့ တော်တော်လေးစိတ်အနှောင့်အယှက်ဖြစ်ခဲ့ရတာပါ ။ ” ဘာကြောင့်လဲဆိုတာတော့ ရှင်းပြဖို့ခက်တယ်ပထမပိုင်းမှာ ကျွန်တော်တို့ကစားသမားတွေကအရမ်းနှေးတယ် ။ လှုပ်ရှားမှုလည်းမရှိဘူး ။ ဒါကြောင့်လည်းတစ်ဖက်အသင်းက ဖိအားပေး၊ ဘောလုံးကိုအရယူနိုင်ခဲ့ပြီး ဂိုးသွင်းနိုင်ခဲ့ကြတာပေါ့ ” လို့ အီတလီ sky sport မီဒီယာကိုပြောကြားခဲ့တာပါ ။ ” တစ်ဖက်အသင်းကတိုက်စစ်ကစားချိန်မှာတိုကျွန်တော်အသင်းဖက်က စိတ်အားထက်သန်မှုတွေ ပျောက်ဆုံးနေပြီး ၁၅ မိနစ်ခန့်လောက်လည်းအကာအကွယ်မဲ့နေခဲ့တာပါ။De Ligt ဒဏ်ရာရသွားတဲ့အချိန်မှာကျွန်တော်တို့ ပိုပြီး ကံမကောင်းဖြစ်ခဲ့ရပါတယ်။ “ ” ဒုတိယပိုင်းမှာတော့ ကစားကွက်တွေပိုကောင်းလာပေမဲ့ ချန်ပီယံလိဂ်ပွဲအတွက်တော့ လုံလောက်တဲ့ကစားမှုမျိုးမဟုတ်ပါဘူး ။” ကစားသမားတွေက ဘောလုံးကို အားစိုက်ပြီး လျင်လျင်မြန်မြန်ကစားဖို့အရေးကြီးတယ်ဆိုတာကို နားမလည်ဘူး ” ဒါကအခြေခံကျတယ် ။ ပြီးတော့အဲ့ဒါအရေးကြီးတယ်ဆိုတာကို သူတို့အနှေးနဲ့အမြန် သူတို့ခေါင်းထဲရောက်လိမ့်မယ်လို့လည်းထင်ပါတယ် ။Continue reading “ဂျူဗင်တပ်အသင်းသားတွေကိုနားမလည်တော့ဘူးဆိုတဲ့ ဆာရီ”
ဘာနေဗျုးမှာ အံ့အားသင့်စရာကောင်းလောက်တဲ့ စွမ်းဆောင်ရည်တွေပြသခဲ့တဲ့ “မန်စီးတီး”
“မန်စီးတီး”အသင်းဟာ “ရီးရဲလ်”ကို ချန်ပီယံလိဂ်(16)သင်းရှုံးထွက်အဆင့်မှာ 1-2ရလဒ်နဲ့အနိုင်ယူခဲ့တာပါ။”ဒီဘရိုင်း” “ဂျေးစု”တို့ဟာလဲ ဒီပွဲမှာပုံစံကောင်းတွေပြသနိုင်ခဲ့ပါတယ်။အိမ်ရှင်”ရီးရဲလ်”ဟာ မိနစ်60မှာရတဲ့ “အစ္စကို”ရဲ့သွင်းဂိုးနဲ့ ပွဲကိုဦးဆောင်ထားခဲ့တာပါ။”ရီးရဲလ်”ဂိုးသမား “ကော်တိုရစ်”ကလဲ “မန်စီးတီး”ရဲ့ဂိုးပေါက်ကန်ချက်တွေကို အမှားအယွင်းမရှိကာကွယ်ပေးခဲ့ပါတယ်။78မိနစ်အရောက်မှာ “ဒီဘရိုင်း”ရဲ့ထောင့်ဖြတ် ဖြတ်တင်ဘောကနေ “ဂျေးစု”အပိုင် ခေါင်းတိုက်သွင်းယူနိုင်ခဲ့ပြီး ပွဲကတစ်ဖက်တစ်ဂိုးစီနဲ့ ပိုပြီးမြိုင်ဆိုင်ခဲ့ပါတယ်။82မိနစ်မှာ “စတာလင်း”ဘောလုံးဆွဲယူလာချိန် “ရီးရဲလ်”နောက်ခံလူ “ကာဗာဂျယ်”ပင်နယ်တီဧရိယာမှာ ပြစ်ဒဏ်ကျုးလွန်ခဲ့တာကြောင့် မန်စီးတီးတို့ ပင်နယ်တီရခဲ့ပါတယ်။ ဒီဂိုးကို ဘယ်လ်ဂျီယံလက်ရွေးစင် “ဒီဘရိုင်း”က အမှားအယွင်းမရှိကန်သွင်းယူခဲ့ပြီး ဦးဆောင်ဂိုးအရင်ရထားတဲ့”ရီးရဲလ်”ဟာ နောက်ဆုံးမိနစ်တွေမှာ အရှုံးပေးခဲ့ရပါတယ်။ပွဲချိန်86မိနစ်မှာတော့ “ဂျေးစု”အပေါ် “ရာမို့စ်”ဖြတ်ထုတ်ပုံကြမ်းခဲ့တာကြောင့် တိုက်ရိုက်အနီကတ်နဲ့ထုတ်ပယ်ခံလိုက်ရပါတယ်။ဒီပွဲစဉ်မှာ နည်းပြ”ဂွါဒီယိုလာ”ရဲ့ မန်စီးတီးအသင်းဟာ ဘောလုံးပိုင်ဆိုင်မှု51%ရှိခဲ့ပြီး ဂိုးပေါက်တည့်မှု(8)ကြိမ်အထိရှိခဲ့ပါတယ်။”ရီးရဲလ်”ဂိုးသမား”ကော်တိုရစ်”လက်စွမ်းပြနေလို့သာ ဂိုးမပြတ်ခဲ့တာပါ။ “ရီးရဲလ်”ကတော့ ဂိုးပေါက်တည့်မှု(3)ကြိမ်သာရှိခဲ့တာပါ။လူစာရင်းမှာလဲ”ဂွါဒီယိုလာ”ဟာ “စတာလင်း”၊”အဂွဲရို”တို့ကိုအရံခုံသာထိုင်စေပြီး “ဂျေးစု”ကိုပွဲထွက်စေခဲ့တာပါ။”ဂွါဒီယိုလာ”ရဲ့နည်းစနစ်မှန်ကန်ခဲ့ပြီး “ဒီဘရိုင်း”၊”ဂျေးစု”တို့ရဲ့စွမ်းရည်တွေကြောင့် မန်စီးတီးအနိုင်ရခဲ့ပါတယ်။💥👏Man of the Match-ဒီဘရိုင်း(မန်စီးတီး) TBS
အူဘာမီယမ်က ဂိုးသွင်းသူတစ် ယောက်ထက်ပိုတယ်ဆိုတဲ့ လာကာဇက်
အာဆင်နယ်ရှေ့တန့်ကစားသမား လာကာဇက်က အသင်းဖော်အူဘာမီယမ်ကို “သူဟာဂိုးသွင်းတဲ့သူတစ်ယောက် ထက်ပိုပါတယ် ” လို့ချီးကျူးပြီး အသင်းသားအချင်းချင်း လေးစားမှုကို ထုတ်ဖော်ပြသခဲ့ပါတယ် ။ အူဘာမီယမ်ဟာ ဒီရာသီအတွင်း အာဆင်နယ် ပရိသတ်တွေကြား အရှိန်အဟုန်ပြင်းပြင်းနဲ့ ထိုးထွက်လာတဲ့သူတစ်ယောက်ပါ ။ အာတီတာကိုယ်တိုင်ကလည်း အူဘာမီယမ် အတော်လေးအားရခဲ့ပါတယ် ။ အိုလံပီယာကိုနဲ့ပွဲမတိုင်ခင် မီဒီယာအင်တာဗျူးမှာ အခုလိုပြောကြားခဲ့တာပါ ။” လူတွေက အူဘာ ဘယ်လိုကစားနေတယ်ဆိုတာကို ဒီထက်ပိုဂရုစိုက်သင့်တယ်လို့ ကျွန်တော်ထင်တယ် ဘာလို့လဲဆိုတော့ပွဲထဲမှာ သူက ဂိုးသွင်းတဲ့သူတစ်ယောက်ထက်ကိုပိုပါတယ် ” လို့ဖြေကြားခဲ့ပါတယ် ။ “သူကအသင်းတွေအများကြီးကိုကာကွယ်ကစားနိုင်ခဲ့တယ် ။ ပြီးတော့ တခြားတိုက်စစ်တွေ(ဥပမာ အက်ဒီတို့ ငါတို့) အတွက် နေရာရအောင်လုပ်ပေးနိုင်တယ် ။ အကယ်ရျ် ငါတို့ဆုတွေ အောင်မြင်မှုတွေပိုရလာတဲ့အခါသူကအသင်းအတွက်ဘယ်လိုလုပ်ပေးခဲ့ကြောင်း လူတွေကပိုပြောဖြစ်မယ်ထင်ပါတယ် “ ” ပြီးတော့ သူကအကောင်းဆုံးကစားသမားထဲကတစ်ယောက်ပါ ။ငါထင်တာတော့Continue reading “အူဘာမီယမ်က ဂိုးသွင်းသူတစ် ယောက်ထက်ပိုတယ်ဆိုတဲ့ လာကာဇက်”
ချန်ပီယံလိဂ်ကန်ရဖို့ ယူရိုပါလိဂ် ဖလားကိုအားကိုးနေမှာမဟုတ် ကြောင်း သတိပေးလိုက်တဲ့”ဆိုးရှား”
မန်ချက်စတာယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ယူရိုပါလိဂ်ပွဲစဉ်မှာ ဘရုဂေးကို1-1နဲ့သရေကျခဲ့တာပါ။နောက်တကျော့ကို ယူနိုက်အိမ်ကွင်း”အိုးထရက်ဖို့ထ်”မှာယှဉ်ပြိုင်ရမှာဖြစ်ပြီး နောက်တဆင့်ကိုတက်လှမ်းသွားဖို့ အခြေအနေကောင်းနေတာပါ။ပရီးမီးယားလိဂ်မှာလဲ အဆင့်(၄)နေရာက ချယ်ဆီးနဲ့(၃)မှတ်အကွာမှာရှိနေပြီး အဆင့်(၅)နေရာကိုသိမ်းပိုက်ထားတာပါ။လာမယ့်ရာသီအတွက် မန်စီးတီးအသင်းဟာ ချန်ပီယံလိဂ်ပိတ်ခံထားရတဲ့ပြစ်ဒဏ်ကို ရင်ဆိုင်နေရတာဖြစ်လို့ အဆင့်(၅)နေရာကအသင်းက ချန်ပီယံလိဂ်ကစားခွင့်ရမှာဖြစ်ပါတယ်။ယူနိုက်တက်နည်းပြဆိုးရှားက – “ကျွန်တော်တို့ တစ်ချိန်ထဲမှာ ပြိုင်ပွဲတစ်ပွဲကိုသာ ယှဉ်ပြိုင်ဖို့လိုပါတယ်။အခုလို အမှတ်ပေးဖလားပြိုင်ပွဲတွေမှာ ဘာမဆိုဖြစ်သွားနိုင်တယ်ဆိုတာခင်ဗျားတို့မသိပါဘူး။ဒီယူရိုပါလိဂ်ပြိုင်ပွဲမှာ ရမှတ်တွေများများယူဖို့မျှော်လင့်ပါတယ်။ဒါပေမယ့် ငါတို့ဒီဖလားကိုရရမယ်ဆိုပြီး မျှော်လင့်ချက်နဲ့အားကိုးနေမှာမဟုတ်ပါဘူး။ဒီမှာကအသင်းကောင်းတွေအများကြီးပဲ။ဘယ်သူရမလဲဆိုတာခန့်မှန်းလို့မရပါဘူး”လို့ပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး မန်စီးတီးရဲ့ပြစ်ဒဏ်နဲ့ပတ်သက်လို့ နည်းပြဆိုးရှားက “ကျွန်တော်တို့အသင်းကလဲ အသင်းကြီးတစ်သင်းပါ။လာမယ့်ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ကစားနိုင်ဖို့ ဒီကိစ္စက ကျွန်တော်တို့အတွက်အထောက်အကူဖြစ်စေမယ်ထင်ပါတယ်။လာမယ့်ပွဲစဉ်ကိုအာရုံစိုက်ထားပါတယ်။နောက်ပြီး တနင်္ဂနွေနေ့မှာကန်မယ့်ပရီးမီးယားလိဂ်ပွဲစဉ်ရယ် ကြာသပတေးနေ့မှာကန်မယ့်FA cupအတွက်ရောပဲ။ဒါတင်မက ဥရောပပွဲတွေလဲ အများကြီးကစားရဖို့မျှော်လင့်ပါတယ်”လို့ စကားဦးဆိုသွားခဲ့ပါတယ်…… TBS
ရီးရဲလ်-မန်စီးတီးပွဲစဉ်အတွက် ချာလီနီကိုးလပ်စ်ရဲ့ ခန့်မှန်းချက်ထွက်ပါပြီ…….
ရီးရဲလ်မက်ဒရစ်က ခန့်မှန်းလို့မရတဲ့အသင်းပါ။ပြီးခဲ့တဲ့ပွဲစဉ်က “လီဗန်တေး”ကိုရှုံးလိုက်တာဟာ သူတို့ရဲ့အမှတ်ပေးဇယားကို ထိခိုက်စေခဲ့ပါတယ်။ဒါပေမယ့် သူတို့က ဒီချန်ပီယံလိဂ်မှာတော့ဆရာတစ်ဆူပါပဲ။ကစားပုံမကောင်းရင်တောင်မှ ဘယ်လိုအနိုင်ယူရမလဲဆိုတာသူတို့သိမှာပါ။ ဒီအားပြိုင်မှုမှာ ရီးရဲလ်ကနာမည်ကြီးနေရင်တောင်မှ ကျွန်တော်ကတော့နိုင်မယ်မထင်ပါဘူး။မန်ချက်စတာစီးတီးက ဒီနေ့ပွဲမှာဂိုးသွင်းနိုင်မယ်ထင်ပါတယ်။”လာပေါ့တေး”ပြန်ပါလာတာက မန်စီးတီးကိုအပေါင်းလက္ခဏာဆောင်ခြင်းပါ။မန်စီးတီးတို့အတွက် ရီးရဲလ်ရဲ့ဘယ်နေရာကကြောက်စရာအကောင်းဆုံးဖြစ်မလဲ? ဒီပွဲမှာ ရာမို့စ်ပါလာပါမယ်။ဟာဇက်ကတော့ ဒဏ်ရာကြောင့်မပါနိုင်ပါဘူး။မန်စီးတီးနည်းပြ ဂွါဒီယိုလာကတော့ ရီးရဲလ်တို့ရဲ”ဘာနေဗျုး”ကွင်းကိုပွေ့ဖက် နှုတ်ဆက်နေမှာအသေအချာပါပဲ။ ဘာလို့လဲဆိုတော့ အရင်က(ဘာစီလိုနာနည်းပြဘဝတုန်းက)ပြည်တွင်းပြိုင်ပွဲတွေမှာ သူဒီကွင်းကိုခဏခဏရောက်နေကြပဲ။ဒီကွင်းထဲမှာ အနိုင်လဲယူခဲ့ဖူးပါတယ်။အခုဆိုရင် မန်စီးတီးမှာ ဂွမ်ဒိုဂန်၊ဒီဘရိုင်း၊ဘာနာဒိုဆေးလ်ဗား အစရှိတဲ့အဓိကကစားသမားတွေရှိနေပြီပဲလေ။ ပွဲရလဒ်ခန့်မှန်းချက်ကတော့…. ရီးရဲလ်မက်ဒရစ် 2 – 2 မန်စီးတီး TBS
အားကစားခုံရုံး(CAS)သို့အယူခံတင် သွင်းလိုက်တဲ့ “မန်စီးတီး”
Design a site like this with WordPress.com
Get started