ဆိုးရှား”က မန်ယူကိုအောင်မြင်မှုလမ်းကြောင်းဆီ ခေါ်ဆောင်သွားပေးမှာပါဆိုတဲ့ “ဒေးဗစ်ဘက်ခမ်း”

နည်းပြ”ဆိုးရှား”ရဲ့ “မန်ယူ”အသင်းဟာ လက်ရှိမှာအမှတ်ပေးဖလား အဆင့်(၅)နေရာမှာရပ်တည်နေပြီး၊FA Cup 5th Roundနဲ့ ယူရိုပါလိဂ်ရှုံးထွက်အဆင့်ကိုယှဉ်ပြိုင်နေရတာဖြစ်ပါတယ်။

“ဆိုးရှား”နဲ့ပတ်သက်ပြီး “မန်ယူ”အသင်းမှာအတူကစားခဲ့ဖူးတဲ့ နာမည်ကျော်”ဒေးဗစ်ဘက်ခမ်း”က – “ဆိုးရှား”က သူ့အလုပ်သူကောင်းကောင်းလုပ်နေတာပါ။သူ့အနောက်မှာ သူ့ကိုအားပေးနေတဲ့ပရိတ်သတ်တွေအများကြီးပါ။ဘာလို့လဲဆိုတော့ သူက မန်ယူမှာ နှစ်အတော်ကြာကစားခဲ့ပြီး အောင်မြင်မှုတွေရရှိခဲ့တဲ့ လူတစ်ယောက်ဖြစ်နေလို့ပါ။ကျွန်တော်သူ့ကိုယုံကြည်ပါတယ်။သူက အသင်းကိုတစ်ဆင့်ချင်းအောင်မြင်မှုလမ်းကြောင်းဆီ ခေါ်သွားပေးနေတာပါ။ကစားသမားတွေကိုလဲ တိုးတက်လာဖို့လုပ်ဆောင်နေတာပါ။သူချစ်တဲ့ဒီအသင်းနဲ့ သူချစ်တဲ့ဒီပရိတ်သတ်တွေအတွက် ဝေဖန်ခံရမယ့်လူ ဘယ်တော့မှဖြစ်လာမှာမဟုတ်ပါဘူး။အခုထိလဲ သူကသင်ယူနေတုန်းပါပဲ။

ဒါပေမယ့် သူဟာ “ဆာအဲလက်စ်”လိုပဲ အသင်းနဲ့ကစားသမားတွေရှေ့ကနေ အမြဲကာကွယ်ပေးနေတာပါ။သူ့ကိုကြည့်ရင် “ဆာအဲလက်စ်”ကိုပုံတူကူးချထားသလိုပါပဲ။မန်ယူအသင်းနဲ့အတူ အောင်မြင်မှုတွေရယူပေးလိမ့်မယ်လို့ ကျွန်တော်ကတော့ယုံကြည်ပါတယ်”လို့ပြောကြားခဲ့ပါတယ်။

TBS

Leave a comment

Design a site like this with WordPress.com
Get started