တည်ကန်ဘောတွေကနေ ဂိုးပေးလိုက် ရတဲ့အပေါ် “အာတီတာ”ရဲ့ပြောကြားချက်

“အာဆင်နယ်”ဟာ “အိုလီပီယာကော့စ်”နဲ့ကစားခဲ့တဲ့ ယူရိုပါလိဂ်(၃၂)ရှုံးထွက်အဆင့်မှာ နှစ်ကျော့ပေါင်းရလဒ်2-2ဖြစ်ခဲ့သော်လည်း အဝေးဂိုးစည်းမျဉ်းအရ ရှုံးထွက်အဆင့်ကနေလှည့်ပြန်ခဲ့ရပါတယ်။ဂန်းနားတို့ဟာ ထိုပွဲစဉ်မှာရုန်းကန်ခဲ့ရပြီး အချိန်ပိုအထိဆက်ကစားခဲ့ရပါတယ်။ပွဲပြီးခါနီးမှာ “အိုလံပီယာကော့စ်”ဘက်က ဂိုးထပ်သွင်းခဲ့ကာ (၁၆)သင်းအဆင့်ကိုတက်ရောက်သွားပါတယ်။

ဒါနဲ့ပတ်သက်ပြီး”အာတီတာ”က –

“ကျွန်တော်တို့အရမ်းကိုနာကျင်ခဲ့ရတယ်။ဒီပွဲမှာ မျှော်လင့်ချက်အနည်းငယ်တော့ရှိခဲ့ပါတယ်။ဒါ့အပြင် ဥရောပပြိုင်ပွဲတွေမှာ ဘယ်လိုစွမ်းဆောင်ရမလဲဆိုတဲ့ နည်းလမ်းကောင်းတွေရလိုက်ပါတယ်။ပွဲထဲမှာ ကျွန်တော်တို့လုပ်နိုင်ခဲ့တဲ့အရာလေးတွေရှိပါတယ်။အခွင့်အရေးတချို့လဲ ဖန်တီးနိုင်ခဲ့တယ်။ဒါပေမယ့် တည်ကန်ဘောတွေကနေ နှစ်ကြိမ်စလုံးဂိုးပေးလိုက်ရတဲ့အတွက် အရမ်းဒုက္ခရောက်ခဲ့ရတယ်။တကယ်ဆိုရင်ဒုတိယဂိုးမှာ “လီနို”ထွက်ပြီးကန်လို့ရပါတယ်။သူမကာကွယ်ခဲ့တာကြောင့် အခြေအနေတွေပြောင်းသွားရပါတယ်။ဒီလိုတည်ကန်ဘောတွေကနေ ဂိုးပေးလိုက်ရတာလက်မခံနိုင်စရာပါပဲ။ဒါကျွန်တော်တို့ ဒီထက်ပိုပြီးလေ့ကျင့်ရဦးမယ်ဆိုတာ ပြသလိုက်တာပဲ”

TBS

Leave a comment

Design a site like this with WordPress.com
Get started