
“ချယ်ဆီး”နည်းပြ”လမ်းပတ်”ဟာ ခံစစ်ပိုင်းကို ပြုပြင်လိုနေပြီး “လိုက်ပ်ဇစ်”ခံစစ်မှုး”အူပါမီကာနို”ကို နံပါတ်(၁)ပစ်မှတ်အဖြစ် ချိန်ရွယ်ထားပါတယ်။

“ဘာစီလိုနာ”ကွင်းလယ်လူ”ဘတ်စ်ကွက်”က အသင်းကလူတွေဟာ ပြီးခဲ့တဲ့ချန်ပီယံလိဂ်ပွဲစဉ်မှာ အချင်းချင်းနက်ရှိုင်းမှုမရှိကြဘူးလို့ ဝေဖန်ခဲ့ပါတယ်။

“လက်စတာ”တိုက်စစ်မှုး”အီဟန်နာချို”ဟာ ဦးခေါင်းဒဏ်ရာကနေပြန်လည်သက်သာနေပြီး လာမယ့်စနေနေ့ည “နောဝှစ်ခ်ျ”နဲ့ပွဲစဉ်မှာ ပါဝင်လာမှာဖြစ်ပါတယ်။

“မန်ချက်စတာယူနိုက်တက်”ဟာ 2017တုန်းက ဘယ်နောက်ခံလူ”ဒေးဗီးစ်”ကို ပေါင်(၂)သန်းနဲ့ဝယ်ယူနိုင်မယ့်အခွင့်အရေး ဆုံးရှူံးခဲ့ပါတယ်။”ဒေးဗီးစ်”ဟာ အခုဆို “ဘိုင်ယန်”မှာ တောက်ပနေတဲ့ကြယ်ပွင့်ဖြစ်နေပါပြီ။

“ဝီလီယံ”ဟာ “ချယ်ဆီး”မှထွက်ခွာရန်သေချာသလောက်ဖြစ်နေပါပြီ။ကစားသမားနဲ့ ဘုတ်အဖွဲ့တို့ကြား သက်တမ်းတိုးဖို့ဆွေးနွေးမှုဟာ အခက်အခဲတွေရှိနေတာဖြစ်ပါတယ်။

“ချယ်ဆီး”ဟာ သူတို့ဂိုးသမား”ကီပါ”နဲ့ အက်သလက်တီကိုဂိုးသမား”အော့ဘလက်”ကို အလဲအထပ်လုပ်ဖို့စဉ်းစားနေပြီဖြစ်ပါတယ်။

“တော့တင်ဟမ်”ဟာ သူတို့ကစားသမား”ဆွန်ဟောင်မင်”ကို လက်မောင်းဒဏ်ရာကုသဖို့ ကိုရီးယားကိုလွှတ်ခဲ့သော်လည်း “ကိုရိုနာဗိုင်းရပ်စ်”မကူးနိုင်ဘူးဟု ယုံကြည်နေပါတယ်။

“ချယ်ဆီး”ဟာ “ဘိုင်ယန်”ကိုရှုံးပွဲအပြီးမှာ “လမ်းပတ်”ရဲ့နည်းစနစ်အတွက် ကစားသမား(၈)ဦးအထိရောင်းချနိုင်ဖွယ်ရှိနေပါတယ်။ဒီကစားသမားတွေထဲမှာ “ဂျော်ဂျင်ဟို”နဲ့ “ကီပါ”တို့ပါဝင်နေပါတယ်။

ဒဏ်ရာကြောင့်အနားယူနေရတဲ့”ဟယ်ရီကိန်း”ဟာ ဧပြီလအစောပိုင်းမှာ ပြန်ကစားနိုင်ဖို့ပစ်မှတ်ထားနေပါတယ်။ဒါဟာ အင်္ဂလန်နဲ့ စပါးအသင်းတွေအတွက် အားတက်စရာဖြစ်ပါတယ်။

“ချယ်ဆီး”တိုက်စစ်မှုး”အေဗရာဟမ်”ဟာ ခြေကျင်းဝတ်ဒဏ်ရာကနေပြန်လာပြီးနောက်ပိုင်း ကွင်းထဲမှာအရင်လို တက်ကြွလန်းဆန်းမှုမရှိတော့ပါဘူး။