Category Archives: Uncategorized
နောက်ရာသီတော့ အင်အားတစ်ခုနဲ့ပြန်လာခဲ့မယ်ဆိုပြီး လီဗာပူးကိုခြိမ်းခြောက်လိုက်တဲ့ စတားလင်း
” ပရီးမီးယားလိဂ်ရဲ့လက်ရှိအနေအထားမှာတော့ လီဗာပူးကအကောင်းဆုံးပါ ။ ဒါကြောင့်လည်းသူတို့ထိပ်ဆုံးမှာရောက်နေတာပေါ့ ” လို့ စတားလင်းကပြောကြာခဲ့တာပါ ” ကျွန်တော်တို့လည်း နှစ်ကြိမ်တိတိအနိုင်ရခဲ့ဖူးပါတယ် ။ အခုတော့ လီဗာပူးက အနိုင်ရဖို့ ဦးဆောင်နေတာပေါ့… ဒါပေမဲ့ အခုလိုရာသီကုန်မှာ ကျွန်တော်တို့ ဒီလိုဖြစ်သွားပေမဲ့ နောက်တစ်ခေါက်တော့ အသင်းသားတွေအကုန်အားတက်သရောပြန်လာမှာပါ ။ ဒါပေမဲ့သေချာတယ် နောက်တစ်ခေါက်တော့ အခုလိုလွယ်လွယ်ကူကူဖြစ်ခွင့်မပေးပါဘူး ” လို့ပြောကြားခဲ့ပါတယ် ။ TBS
စိတ်ဓာတ်ခွန်အားတွေနဲ့အတူ ပြန်လာတဲ့ လီဗာပူးလို့ ဟစ်ကြွေးလိုက်တဲ့ အန်ဒရီယမ်
စနေနေ့က ဘုန်းမောက်နဲ့ပွဲမှာအနိုင်ရခဲ့မှုနဲ့အတူ ဒုတိယဂိုးသမား အန်ဒရီယမ်ကအက်သလက်တီကိုနဲ့ပွဲအတွက် ခြိမ်းခြောက်သတိပေးလိုက်ပါတယ် ။ ” ဒီပွဲကကြမ်းတဲ့ပွဲတစ်ပွဲဖြစ်ခဲ့ပါတယ် ။ ကြားထဲက ဆိုးရွားလွန်းတဲ့ပွဲရလဒ်တွေကြောင့် လူတိုင်းရဲ့ယုံကြည်မှုတွေနည်းသွားပေမဲ့ဒီတစ်ပွဲအပြီးမှာတော့ အောင်နိုင်ခြင်းနဲ့အတူ ကျွန်တော်အကုန်ပြန်လာပါပြီ ” လို့ဆိုခဲ့ပါတယ် ” ရာသီအပြီးမှာ အသင်းကြီးတွေနဲ့ရင်ဆိုင်ဖို့တစ်သင်းလုံးစိတ်ဓာတ်အခိုင်အမာနဲ့ပြန်လာပါပြီ…. အနိုင်၃မှတ်ရဖို့နဲ့ ယုံကြည်မှုပြန်ရဖို့က၁၀၀%အရေးကြီးခဲ့တာပါ ။ ကျွန်တော်ထင်တာက အတွေ့အကြုံရှိတဲ့ ကစားသမားတွေလည်း သူတို့စွမ်းရည်တွေကို အပြည့်အဝထုတ်ပြဖို့လိုနေပြီဗျ “ ” မာနေးနဲ့ဆာလာတို့ ဂိုးပြန်သွင်းနိုင်တာက တကယ်ကိုသူတို့သရုပ်မှန်ပြန်ထွက်လာတာပဲကျွန်တော်တို့ရဲ့ တိုက်စစ်တွေ အခုလိုယုံကြည်မှုပြန်ရဖို့က အရမ်းကိုအရေးကြီးနေတာပါ “လို့ဖြေကြားသွားခဲ့ပါတယ် ။ လီဗာပူးပြန်လာပြီဆိုတာနဲ့အတူ အသင်းကြီး(အက်သလက်တီ) ကိုပါရင်ဆိုင်ဖို့အသင့်လို့သဘောနဲ့ဆိုခဲ့တာပါ ။ TBS
နွေရာသီအပြောင်းအရွှေ့ကာလမှာ အာတီတာရောင်းထုတ်သင့်တဲ့ အာဆင်နယ် ကစားသမား (၅)ယောက်
၁ – မီဆွတ် အိုဇေးလ်ဒီရာသီမှာ ဂိုးပေါက်ပျောက်နေတဲ့ အိုဇေးလ်ရဲ့အခြေနေကတော့ တကယ်ကိုရောင်းထုတ်သင့်နေတာပါ ။ သူ့အေးဂျင့်က ၂၀၂၁ နွေရာသီမှာ စာချုပ်သက်တမ်းမကုန်မီအာဆင်နယ်မှထွက်ခွာရန်နည်းလမ်းမရှိကြောင်းမကြာသေးမီကပြောကြားခဲ့ပါတယ် ။ ၂ – ဟန်ရစ် မခီတာရမ်အာတီတာကလည်း တော်တော်ကိုအားမရတော့တဲ့ကစားသမာပါ ။ သူ့ကိုပေးနေရတဲ့လစာတွေကလည်း အလကားဖြစ်နေသလိုပါပဲ ၃ – မိုဟာမက် အယ်လ်နီနီသူကတော့ ယခုရာသီမှာ တူရကီကုမ္ပဏီကြီး Besiktas တွင်လည်းချေးငှားခဲ့တာပါ ။ ၄ - ဆိဒ် ကိုလက်စိနက်ဆိဒ်က အာဆင်နယ်အသင်းမှာသူ့ရဲ့အချိန်ကာလအတွင်းဒဏ်ရာများစွာနှင့်ရုန်းကန်ခဲ့ရတာပါ ။ အထူးသဖြင့်အာဆင်နယ်သည် ၁၈ နှစ်အရွယ်တောင်ပံကစားသမား Bukayo Saka ကိုပြီးခဲ့သည့်လအနည်းငယ်အတွင်းကာကွယ်ရေးအတွက်အားကိုးခဲ့ရပါသေးတယ်ဆိဒ်ကတော့ တကယ်ကိုထုတ်ရောင်းသင့်နေတာပါ ။ ၅ – ရှက်ကိုဒရမ် မူစတာဖီရှက်ကိုဒရမ်ကိုတော့ အာတီတာက စောင့်ကြည့်နေမယ်လို့ပြောပေမဲ့ အားထုတ်ကြိုးစားမှုလည်းမရှိတာမို့ အသင်းအတွက်လည်း လူပိုလိုဖြစ်နေပါတယ် ။ ဒီအခြေနေတွေကြောင့်Continue reading “နွေရာသီအပြောင်းအရွှေ့ကာလမှာ အာတီတာရောင်းထုတ်သင့်တဲ့ အာဆင်နယ် ကစားသမား (၅)ယောက်”
မန်ယူ၊ချယ်ဆီး၊စပါးတို့အနိုင်မရဘူးဆိုတဲ့ပွဲစဉ်(၂၉)အတွက် “ချာလီနီကိုးလပ်စ်”ရဲ့ခန့်မှန်းချက်များ……………
လီဗာပူး vs ဘုန်းမောက်လူတိုင်း”လီဗာပူး”အပေါ် သံသယရှိနေတာ ဘာ့ကြောင့်လဲတော့ ကျွန်တော်မသိပါဘူး။ပြီးခဲ့တဲ့”ဝက်ဖို့ဒ်”နဲ့ပွဲဟာ သူတို့အတွက်အန္တရာယ်အများဆုံးဖြစ်ခဲ့ပါတယ်။နှစ်(၃၀)လောက် သူတို့လိုချင်ခဲ့တဲ့ဖလားကိုရဖို့ ဘာတွေလုပ်ပြမလဲဆိုတာကျွန်တော်တို့ကြည့်နေပါတယ်။ကျွန်တော်မြင်သလောက် ဘုန်းမောက်က ဘတ်စ်ကားကွက်ကစားတဲ့အသင်းမဟုတ်ပါဘူး။သူတို့ကအတက်အဆင်း ဟန်ချက်ညီညီကစားတဲ့အသင်းပါ။ဒါပေမယ့် သူတို့ခံစစ်မှာအန္တရာယ်ရှိနေပါတယ်။ဒါလီဗာပူးအတွက် ရလဒ်ကောင်းရဖို့အချက်တစ်ချက်ပါပဲ။ဒီအချက်ကပဲ လီဗာပူးကို(၃)မှတ်အပြည့်ရသွားစေလိမ့်မယ်။လီဗာပူး3-0ဘုန်းမောက် အာဆင်နယ်vsဝက်စ်ဟမ်းပြီးခဲ့တဲ့အပတ်က ဝက်စ်ဟမ်းကအံ့ဩဖို့ကောင်းခဲ့ပါတယ်။ကျွန်တော် ဒေးဗစ်မိုယက်စ်အတွက်ကျေနပ်မိတယ်။အာဆင်နယ်က အာတီတာလက်ထပ်မှာ တိုးတက်မှုနှေးကွေးနေပါတယ်။ဒါပေမယ့် ဆာကာ၊နယ်လ်ဆန်၊ဂျိုးဝဲလ်ကော့၊မာတင်နယ်လီ၊နခက်တီယာတို့လိုလူငယ်လေးတွေ တိုးတက်လာတာမြင်ရတာ စိတ်ချမ်းသာစရာပါပဲ။ဝက်စ်ဟမ်းရဲ့ခံစစ်က ခုခံကာကွယ်မှုအားနည်းတယ်လို့မြင်ပါတယ်။ဒီအချက်ဟာ ဂိုးသမား”ဖေဘီယန်စကီး”အတွက် သူ့အသင်းဟောင်းကိုရင်ဆိုင်ရမယ့်ပွဲမှာ တော်တော်လေးအလုပ်ရှုပ်စေပါလိမ့်မယ်။အာဆင်နယ်3-1ဝက်ဟမ်း ဘန်လေvsစပါးစပါးအသင်းက ရလဒ်ကောင်းတွေရဖို့နဲ့ ခံစစ်လုံစေဖို့ကို အဓိကဦးစားပေးသင့်ပါတယ်။မော်ရင်ဟိုဟာဘယ်လောက်ပဲကျော်ကြားတဲ့နည်းပြဖြစ်ပါစေ သူ့အသင်းက ခံစစ်ကိုဘယ်လိုကာကွယ်ရမလဲဆိုတာတောင်မသိပါဘူး။စပါးအသင်းရဲ့ကစားပုံဟာ အခုထိ စုစုစည်းစည်းမရှိပါဘူး။အသင်းတိုင်းမှာ ဒဏ်ရာရကစားသမားတွေအများကြီးပါ။ဒီထဲမှာမှ သူတို့အသင်းဟာ သူများအသင်းတွေထက် ရွေးချယ်စရာပိုများပါတယ်။အာဆင်နယ်နဲ့အဲဗာတန်တို့တောင် ထိပ်ဆုံးလေးသင်းဝင်ဖို့ အခွင့်အရေးရှိရင် သူတို့အထက်မှာရှိနေတဲ့ ဘန်လေကိုလျှော့တွက်လို့မရပါဘူး။ဘန်လေ2-1စပါး ချယ်ဆီးvsအဲဗာတန်အဲဗာတန်က ခန့်မှန်းလို့မရတဲ့အသင်းပါ။အန်ဆယ်လော့တီဟာ သူ့အလုပ်သူကောင်းကောင်းလုပ်နေပါတယ်။သူ့အသင်းက တခါတလေကစားပုံကောင်းသလောက် တခါတလေတော်တော်ဆိုးပါတယ်။ဝက်စ်ဟမ်းနဲ့သရေကျတဲ့ပွဲ ဝက်ဖို့ဒ်ကိုနောက်ဆုံးမိနစ်မှာကပ်နိုင်သွားတဲ့ပွဲတွေပြန်ကြည့်ရင် အဲဗာတန်အသင်းကံကောင်းနေတယ်လို့မြင်ပါတယ်။ချယ်ဆီးအသင်းအတွက် အိုလီဗာဂျီရူးပါဝင်လာတာအရမ်းကောင်းပါတယ်။ဒါပေမယ့် ချယ်ဆီးဟာ အိမ်ကွင်းမှာပုံစံကောင်းပြလေ့မရှိပါဘူး။သူတို့အသင်းမှာ နောက်တန်းကအန္တရာယ်ရှိနေပါတယ်။ဒီပွဲမှာ အဲဗာတန်ဘက်ကတခုခုလုပ်ပြရင်Continue reading “မန်ယူ၊ချယ်ဆီး၊စပါးတို့အနိုင်မရဘူးဆိုတဲ့ပွဲစဉ်(၂၉)အတွက် “ချာလီနီကိုးလပ်စ်”ရဲ့ခန့်မှန်းချက်များ……………”
မန်ချက်စတာဒါဘီကို ဂန္တဝင်ဆန်ဆန်ဖျော်ဖြေသွားမယ်လို့ စကားဆိုလိုက်တဲ့”ဆိုးရှား”
လာမယ့်တနင်္ဂနွေနေ့မှာယှဉ်ပြိုင်ကစားမယ့် မန်ယူနဲ့ မန်စီးတီးတို့ရဲ့ မန်ချက်စတာဒါဘီပွဲစဉ်ဟာ စိတ်လှုပ်ရှားစရာတွေပေးစွမ်းနိုင်လိမ့်မယ်လို့ မန်ယူနည်းပြ”ဆိုးရှား”ကယုံကြည်နေပါတယ်။”မန်ယူ”ဟာ ပြိုင်ပွဲစုံနောက်ဆုံး(၉)ပွဲဆက်ရှုံးပွဲမရှိခဲ့ပါဘူး။ချန်ပီယံလိဂ်ဝင်ခွင့်ရယူဖို့ ဒီပွဲဟာအရမ်းအရေးကြီးပါတယ်။တစ်ဖက်မှာလဲ အဆင့်(၄)နေရာက ချယ်ဆီးဟာ အဲဗာတန်နဲ့ပွဲကျပ်ကိုရင်ဆိုင်ရမှာဖြစ်သလို မန်ယူလဲ အဆင့်(၂)နေရာက မန်စီးတီးနဲ့ပွဲကျပ်ကို ရင်ဆိုင်သွားရမှာပါ။ ဒါဘီပွဲကြိုနဲ့ပတ်သက်ပြီး မန်ယူနည်းပြ”ဆိုးရှား”က – သူတို့အသင်းကလဲ ယုံကြည်ချက်ရှိနေမှာပါ။သူတို့ဟာ ထိချက်ပြင်းတဲ့ပုံစံရှိပြီး ကစားပုံလဲအရမ်းကောင်းပါတယ်။ပြီးခဲ့တဲ့ချန်ပီယံလိဂ်မှာ “ဘာနေဗျူး”ကွင်းထိသွားပြီးအနိုင်ယူခဲ့တဲ့အသင်းပါ။နောက်ပြီး လိဂ်ဖလားကိုဗိုလ်စွဲခဲ့ပါသေးတယ်။သူတို့က သူတို့ပုံစံကစားမှာဖြစ်ပြီး ကျွန်တော်တို့ကလဲ ကျွန်တော်တို့ပုံစံအတိုင်းကစားရမှာပါ။ကောင်းတဲ့အရာတွေဖြစ်လာဖို့ မျှော်လင့်ပါတယ်။ကျွန်တော်တို့အရင်တုန်းကဖြစ်ခဲ့ဖူးတဲ့ 4-3ရလဒ်ဖြစ်လာဖို့ မျှော်လင့်ကြပါစို့။ကျွန်တော်တို့ ဂန္တဝင်ဆန်ဆန်ဖျော်ဖြေသွားမှာပါ။ဒီရာသီမှာ သူတို့နဲ့ခဏခဏတွေ့ခဲ့ရတယ်။ပြီးခဲ့တဲ့ကာရာဘောင်ဆီမီးဖိုင်နယ်မှာ ကျွန်တော်တို့ကို သူတို့အနိုင်ယူသွားခဲ့တယ်။သူတို့နဲ့တွေ့ရင် ကျွန်တော်တို့ကစားပုံလုံလုံလောက်လောက်ကောင်းခဲ့ပါတယ်။အခုဆို ကျွန်တော်တို့ တိုးတက်လာပါပြီ။ဒီလိုမျိုးအသင်းကောင်းတစ်သင်းနဲ့ ကျွန်တော်တို့ရင်ဆိုင်ချင်တာပါ။ပြီးခဲ့တဲ့ရာသီတွေတုန်းက သူတို့ဟာဘာလို့အကောင်းဆုံးအသင်းဖြစ်ခဲ့လဲဆိုတာ လေ့လာရပါမယ်။ဒါကျွန်တော်တို့အတွက် စိန်ခေါ်မှုကြီးတစ်ခုပါ။ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုတိုးတက်အောင်ကြိုးစားပြီး ရလဒ်ကောင်းတွေယူဆောင်သွားရပါမယ်”ဆိုးရှား(မန်ချက်စတာယူနိုက်တက်နည်းပြ) TBS
“ဖာနန်ဒက်စ်”ကိုခေါ်ယူခြင်းက “ဆိုးရှား”အတွက်ဘယ်လိုအကျိုးအမြတ်ရှိစေမလဲ?
“မန်ယူ”အသင်းဟာ ပြီးခဲ့တဲ့ဇန်နဝါရီလက ပေါ်တူဂီကွင်းလယ်ကစားသမား”ဘရူနိုဖာနန်ဒက်စ်”ကို “စပို့တင်းလက်စဘွန်း”အသင်းကနေ ခေါ်ယူခဲ့ပါတယ်။အဆိုပါကစားသမားအတွက် “မန်ယူ”အသင်းဟာ ငွေကြေးအမြောက်အများသုံးထားခဲ့ပါတယ်။ဒီလိုကစားသမားကို ခေါ်ယူခဲ့ခြင်းက နည်းပြ”ဆိုးရှား”နု့ “မန်ယူ”အသင်းအတွက် ဘယ်လိုအကျိုးအမြတ်ရှိစေမလဲ? “ဖာနန်ဒက်စ်”ဟာ “မန်ယူ”ကိုရောက်တဲ့အချိန်ကစပြီး ပြိုင်ပွဲစုံ(၅)ပွဲကစားထားကာ သွင်းဂိုး(၃)ဂိုး၊ဂိုးထောက်ပံ့မှု(၂)ကြိမ်ပြုလုပ်ထားနိုင်ခဲ့သူပါ။သူရောက်လာပြီးမှ “မန်ယူ”အသင်းရဲ့ကစားပုံဟာ သိသိသာသာတိုးတက်လာခဲ့ပါတယ်။ပြောရမယ်ဆိုရင် လက်ရှိမန်ယူအသင်းသာတွေအားလုံးထက် ပိုကောင်းနေတဲ့သူပါ။သူဟာ အဝတ်လဲခန်းထဲအတွင်းမှာ အသင်းဖော်တွေအပေါ် ဩဇာသက်ရောက်စေသူတစ်ဦးဖြစ်ပါတယ်။ဒါတင်မဟုတ်သေးပါဘူး….လေ့ကျင့်ရေးကွင်းမှာလဲ သူ့ရဲ့အရည်အသွေးဟာ အသင်းဖော်တွေကို အားကျနှစ်သက်စေပါတယ်။ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ မန်ယူအသင်းရဲ့တစ်လတာအကောင်းဆုံးကစားသမားဆုကို “ဖာနန်ဒက်စ်”ရခဲ့ပါတယ်။အသင်းသစ်ကိုရောက်ရောက်ခြင်းမှာပဲ ဒီဆုကိုထိုက်ထိုက်တန်တန်ရခဲ့တာပါ။သူပါဝင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်(၄)ပွဲမှာ သွင်းဂိုး(၂)ဂိုး၊ဂိုးထောက်ပံ့မှု(၂)ကြိမ်နဲ့အတူ အခွင့်အရေးဖန်တီးမှု(၈)ကြိမ်နဲ့ ဘောလုံးပေးပို့မှု(၂၄၈)ကြိမ်အထိစွမ်းဆောင်ပေးထားပါတယ်။ နည်းပြ”ဆိုးရှား”ကတောင် “ယူနိုက်တက်”မှာ”ဖာနန်ဒက်စ်”ရှိနေခြင်းဟာ အသင်းဖော်တွေအတွက် သက်တောင့်သက်သာဖြစ်စေတယ်လို့ပြောခဲ့ပါတယ်။”ဖာနန်ဒက်စ်”ရောက်ပြီးနောက် အသင်းကိုအားပေးသူတွေပိုတိုးလာတယ်လို့လဲဆိုထားပါတယ်။”ဖာနန်ဒက်စ်”ဟာ မန်ယူတစ်သင်းလုံးကို ထမ်းတင်ပေးထားတဲ့သူပါ။ဖရီးကစ်၊ထောင့်ကန်ဘော၊ပင်နယ်တီ၊အဝေးကန်ချက်၊အလိမ်အခေါက်တွေအားလုံးနဲ့ ဖမ်းစားနိုင်သူတစ်ယောက်လဲဖြစ်ပါတယ်။ဒါ့ကြောင့် “ဖာနန်ဒက်စ်”ကိုရလိုက်တာဟာ “မန်ယူ”အသင်းအတွက် သိသိသာသာအကျိုးရှိစေခဲ့ပါတယ်။ TBS
အူဘာမီယမ်နေရာမှာ အစားထိုးဖို့ မျက်စိကျခံနေရတဲ့ ဂျိုနသန်ဒေးဗစ်
“နော်ဝစ်ခ်ျ”ကိုရှုံးတဲ့ပွဲအပြီး စပါးပရိသတ်နဲ့ထိပ်တိုက်ရင်ဆိုင်ခဲ့တဲ့”အဲရစ်ဒိုင်ယာ”
စပါးကစားသမား “အဲရစ်ဒိုင်ယာ”ဟာ FA Cupရှုံးပွဲပြီးပြီးချင်းမှာ ပွဲကြည့်စင်ပေါ်အထိတက်သွားပြီး စပါးပရိသတ်တစ်ဦးနဲ့အချေအတင်ဖြစ်ခဲ့ပါတယ်။နော်ဝစ်ခ်ျကိုရှုံးလို့ ပေါက်ကွဲနေတဲ့ပရိသတ်ဟာ “ဒိုင်ယာ”ကိုအော်ဟစ်ဆဲဆိုခဲ့ပါတယ်။ဒီရန်ပွဲဟာ လုံခြုံရေးတွေဝင်ဆွဲတဲ့အချိန်မှသာ ရပ်သွားခဲ့ပါတယ်။ပွဲကြည့်စင်ပေါ်မှာ”ဒိုင်ယာ”ရဲ့ညီဖြစ်သူလဲ ထိုင်နေပြီး ဒီဖြစ်ရပ်ကြောင့်မပျော်မရွှင်ဖြစ်ခဲ့ရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး နည်းပြ”မော်ရင်ဟို”က – “ဒိုင်ယာ”ရဲ့လုပ်ရပ်ကြောင့် ကျွန်တော်တို့ ပရော်ဖက်ရှင်နယ်မဆန်ရာ ကျသွားပါတယ်။ဒါပေမယ့်သူ့နေရာမှာ တခြားလူဆိုလဲ ဒီလိုလုပ်လိမ့်မယ်လို့ထင်ပါတယ်။ကျွန်တော်ဟာ ကစားသမားနဲ့အတူရှိနေပြီး သူ့ကိုလဲနားလည်ပေးပါတယ်။အဲ့ဒီပရိသတ်က”ဒိုင်ယာ”ကိုဆဲခဲ့တယ်။ပွဲထဲမှာ”ဒိုင်ယ့ာ”မိသားစုဝင်တွေလဲရှိတယ်။သူ့ညီငယ်လေးဆို ဒီဖြစ်ရပ်ကြောင့်စိတ်မကောင်းခဲ့ဘူး။အသင်းဘက်က “ဒိုင်ယာ့”ကိုအရေးယူမယ်ဆိုရင် ကျွန်တော်သဘောတူမှာမဟုတ်ပါဘူး။ဒါပေမယ့် “ဒိုင်ယာ”ဟာအမှားလုပ်မိခဲ့ပါတယ်။သူ့ကိုရန်ရှာတဲ့လူကလဲ စပါးပရိသတ်အစစ်မဖြစ်နိုင်ပါဘူး။တချို့က ဒီနေရာကိုအခွင့်အရေးရလို့လာကြည့်ကြတယ်။တချို့က ဖိတ်ကြားထားလို့လာကြည့်တယ်။တချို့က အဆောင်ယောင်ပြပီးကြွားဝါချင်လို့လာကြည့်တယ်။အမျိုးမျိုးရှိပါတယ်။ ဒါဘောလုံးကွင်းပါ။တခါတလေ သူတို့ပရိသတ်အစစ်တွေမှဟုတ်ရဲ့လားလို့ ကျွန်တော်သံသယဝင်မိပါတယ်။ပရိသတ်အစစ်ဆိုရင် ကျွန်တော်တို့ကိုနောက်ဆုံးအချိန်ထိ အားပေးရမှာပဲ”လို့ ကစားသမားဘက်ကပြောဆိုခဲ့ပါတယ်။ TBS
“လီဗာပူး”နဲ့ပွဲက ကစားသမားတစ်ယောက်ရဲ့ အရည်အချင်းကို ကြွားလုံးထုတ်လိုက်တဲ့ နည်းပြ”လမ်းပတ်”
ချယ်ဆီးတို့ လီဗာပူးလ်ကို FA Cupမှာ2-0နဲ့ အနိုင်ရတဲ့ပွဲအပြီးမှာ ကွင်းလယ်လူငယ်လေး”ဘီလီဂေးလ်မား”ကိုMediaထက်မှာ ချီးကျုးစကားတွေပျံ့လွင့်ခဲ့ပါတယ်။”ဂေးလ်းမား”ဟာ ဒီပွဲရဲ့ဇာတ်လိုက်တစ်ဦးဖြစ်ခဲ့ပြီး ပွဲစဉ်အလိုက်အကောင်းဆုံးကစားသမားဆု(Man of the Match)ကိုရခဲ့တာပါ။ ချယ်ဆီးနည်းပြ”လမ်းပတ်”က “ဂေးလ်မား”နဲ့ပတ်သက်ပြီး – “သူဒီလိုပြိုင်ပွဲတွေမှာ အေးအေးဆေးဆေးကစားနေနိုင်ပါပြီ။သူဟာ အသက်ငယ်သလောက် အရည်အချင်းပြည့်မှီတဲ့လူငယ်တစ်ယောက်ပါ။ဒီညပွဲမှာ ပြသွားသလိုခြေစွမ်းမျိုး ပြသနိုင်ဦးမယ်ဆိုရင် နောက်ပွဲတွေမှာ ဝင်ကစားခွင့်ရမှာပါ။အကယ်ဒမီအသင်းကနေ အခုလို ပထမအသင်းကြီးကိုရောက်လာပြီး ကျွန်တော်တို့နဲ့အတူလေ့ကျင့်ခွင့်ရတာကလဲ သူ့ရဲ့ပင်ကိုယ်အရည်အသွေးကြောင့်ပါ။ဒီညပွဲမှာသူဝင်ကစားတာ ဘာအနှောင့်အယှက်မှမဖြစ်စေခဲ့သလို သူ့ရဲ့ခြောက်ပြစ်ကင်းသဲလဲစင်တဲ့ စွမ်းဆောင်ရည်တွေ၊ထူးခြားလွန်းတဲ့စွမ်းဆောင်ရည်တွေကိုပြနိုင်ခဲ့ပါတယ်”လို့ ကစားသမားရဲ့စွမ်းဆောင်ရည်အပေါ်ချီးကျူးခဲ့ပါတယ်။ “ဂေးလ်းမား”ဟာ ပြီးခဲ့တဲ့2017တုန်းက “ရိန်းဂျား”အသင်းကနေ “ချယ်ဆီး”အသင်းဆီပြောင်းရွှေ့လာခဲ့ပြီး လက်ရှိမှာအသက်(18)နှစ်ပဲရှိပါသေးတယ်။သူဟာ ချယ်ဆီးU-18အသင်းနဲ့အတူ လူငယ်ပရီးမီးယားလိဂ်ဖလား၊လူငယ်FA cupတို့ကိုရရှိထားသူပါ။ ပြီးခဲ့တဲ့နှစ်အနည်းငယ်လောက်က “ဘာစီလိုနာ”က”ဂေးလ်မား”အရည်အချင်းကို စောင့်ကြည့်ဖို့ ကင်းထောက်များကိုစေလွှတ်ခဲ့ပါသေးတယ်။လူငယ်ခြေတက်လေး”ဂေးလ်မား”ဟာ မကြာခင်မှာ ချယ်ဆီးအသင်းအတွက် ပုံမှန်ပွဲထွက်ခွင့်ရတဲ့သူဖြစ်လာမှာသေချာပါတယ်။ TBS