“ဖာနန်ဒက်စ်”ကိုခေါ်ယူခြင်းက “ဆိုးရှား”အတွက်ဘယ်လိုအကျိုးအမြတ်ရှိစေမလဲ?

“မန်ယူ”အသင်းဟာ ပြီးခဲ့တဲ့ဇန်နဝါရီလက ပေါ်တူဂီကွင်းလယ်ကစားသမား”ဘရူနိုဖာနန်ဒက်စ်”ကို “စပို့တင်းလက်စဘွန်း”အသင်းကနေ ခေါ်ယူခဲ့ပါတယ်။အဆိုပါကစားသမားအတွက် “မန်ယူ”အသင်းဟာ ငွေကြေးအမြောက်အများသုံးထားခဲ့ပါတယ်။ဒီလိုကစားသမားကို ခေါ်ယူခဲ့ခြင်းက နည်းပြ”ဆိုးရှား”နု့ “မန်ယူ”အသင်းအတွက် ဘယ်လိုအကျိုးအမြတ်ရှိစေမလဲ?

“ဖာနန်ဒက်စ်”ဟာ “မန်ယူ”ကိုရောက်တဲ့အချိန်ကစပြီး ပြိုင်ပွဲစုံ(၅)ပွဲကစားထားကာ သွင်းဂိုး(၃)ဂိုး၊ဂိုးထောက်ပံ့မှု(၂)ကြိမ်ပြုလုပ်ထားနိုင်ခဲ့သူပါ။သူရောက်လာပြီးမှ “မန်ယူ”အသင်းရဲ့ကစားပုံဟာ သိသိသာသာတိုးတက်လာခဲ့ပါတယ်။ပြောရမယ်ဆိုရင် လက်ရှိမန်ယူအသင်းသာတွေအားလုံးထက် ပိုကောင်းနေတဲ့သူပါ။သူဟာ အဝတ်လဲခန်းထဲအတွင်းမှာ အသင်းဖော်တွေအပေါ် ဩဇာသက်ရောက်စေသူတစ်ဦးဖြစ်ပါတယ်။ဒါတင်မဟုတ်သေးပါဘူး….လေ့ကျင့်ရေးကွင်းမှာလဲ သူ့ရဲ့အရည်အသွေးဟာ အသင်းဖော်တွေကို အားကျနှစ်သက်စေပါတယ်။ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ မန်ယူအသင်းရဲ့တစ်လတာအကောင်းဆုံးကစားသမားဆုကို “ဖာနန်ဒက်စ်”ရခဲ့ပါတယ်။အသင်းသစ်ကိုရောက်ရောက်ခြင်းမှာပဲ ဒီဆုကိုထိုက်ထိုက်တန်တန်ရခဲ့တာပါ။သူပါဝင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်(၄)ပွဲမှာ သွင်းဂိုး(၂)ဂိုး၊ဂိုးထောက်ပံ့မှု(၂)ကြိမ်နဲ့အတူ အခွင့်အရေးဖန်တီးမှု(၈)ကြိမ်နဲ့ ဘောလုံးပေးပို့မှု(၂၄၈)ကြိမ်အထိစွမ်းဆောင်ပေးထားပါတယ်။

နည်းပြ”ဆိုးရှား”ကတောင် “ယူနိုက်တက်”မှာ”ဖာနန်ဒက်စ်”ရှိနေခြင်းဟာ အသင်းဖော်တွေအတွက် သက်တောင့်သက်သာဖြစ်စေတယ်လို့ပြောခဲ့ပါတယ်။”ဖာနန်ဒက်စ်”ရောက်ပြီးနောက် အသင်းကိုအားပေးသူတွေပိုတိုးလာတယ်လို့လဲဆိုထားပါတယ်။”ဖာနန်ဒက်စ်”ဟာ မန်ယူတစ်သင်းလုံးကို ထမ်းတင်ပေးထားတဲ့သူပါ။ဖရီးကစ်၊ထောင့်ကန်ဘော၊ပင်နယ်တီ၊အဝေးကန်ချက်၊အလိမ်အခေါက်တွေအားလုံးနဲ့ ဖမ်းစားနိုင်သူတစ်ယောက်လဲဖြစ်ပါတယ်။ဒါ့ကြောင့် “ဖာနန်ဒက်စ်”ကိုရလိုက်တာဟာ “မန်ယူ”အသင်းအတွက် သိသိသာသာအကျိုးရှိစေခဲ့ပါတယ်။

TBS

Leave a comment

Design a site like this with WordPress.com
Get started