မန်ချက်စတာဒါဘီကို ဂန္တဝင်ဆန်ဆန်ဖျော်ဖြေသွားမယ်လို့ စကားဆိုလိုက်တဲ့”ဆိုးရှား”

လာမယ့်တနင်္ဂနွေနေ့မှာယှဉ်ပြိုင်ကစားမယ့် မန်ယူနဲ့ မန်စီးတီးတို့ရဲ့ မန်ချက်စတာဒါဘီပွဲစဉ်ဟာ စိတ်လှုပ်ရှားစရာတွေပေးစွမ်းနိုင်လိမ့်မယ်လို့ မန်ယူနည်းပြ”ဆိုးရှား”ကယုံကြည်နေပါတယ်။”မန်ယူ”ဟာ ပြိုင်ပွဲစုံနောက်ဆုံး(၉)ပွဲဆက်ရှုံးပွဲမရှိခဲ့ပါဘူး။ချန်ပီယံလိဂ်ဝင်ခွင့်ရယူဖို့ ဒီပွဲဟာအရမ်းအရေးကြီးပါတယ်။တစ်ဖက်မှာလဲ အဆင့်(၄)နေရာက ချယ်ဆီးဟာ အဲဗာတန်နဲ့ပွဲကျပ်ကိုရင်ဆိုင်ရမှာဖြစ်သလို မန်ယူလဲ အဆင့်(၂)နေရာက မန်စီးတီးနဲ့ပွဲကျပ်ကို ရင်ဆိုင်သွားရမှာပါ။

ဒါဘီပွဲကြိုနဲ့ပတ်သက်ပြီး မန်ယူနည်းပြ”ဆိုးရှား”က – သူတို့အသင်းကလဲ ယုံကြည်ချက်ရှိနေမှာပါ။သူတို့ဟာ ထိချက်ပြင်းတဲ့ပုံစံရှိပြီး ကစားပုံလဲအရမ်းကောင်းပါတယ်။ပြီးခဲ့တဲ့ချန်ပီယံလိဂ်မှာ “ဘာနေဗျူး”ကွင်းထိသွားပြီးအနိုင်ယူခဲ့တဲ့အသင်းပါ။နောက်ပြီး လိဂ်ဖလားကိုဗိုလ်စွဲခဲ့ပါသေးတယ်။သူတို့က သူတို့ပုံစံကစားမှာဖြစ်ပြီး ကျွန်တော်တို့ကလဲ ကျွန်တော်တို့ပုံစံအတိုင်းကစားရမှာပါ။ကောင်းတဲ့အရာတွေဖြစ်လာဖို့ မျှော်လင့်ပါတယ်။ကျွန်တော်တို့အရင်တုန်းကဖြစ်ခဲ့ဖူးတဲ့ 4-3ရလဒ်ဖြစ်လာဖို့ မျှော်လင့်ကြပါစို့။ကျွန်တော်တို့ ဂန္တဝင်ဆန်ဆန်ဖျော်ဖြေသွားမှာပါ။ဒီရာသီမှာ သူတို့နဲ့ခဏခဏတွေ့ခဲ့ရတယ်။ပြီးခဲ့တဲ့ကာရာဘောင်ဆီမီးဖိုင်နယ်မှာ ကျွန်တော်တို့ကို သူတို့အနိုင်ယူသွားခဲ့တယ်။သူတို့နဲ့တွေ့ရင် ကျွန်တော်တို့ကစားပုံလုံလုံလောက်လောက်ကောင်းခဲ့ပါတယ်။အခုဆို ကျွန်တော်တို့ တိုးတက်လာပါပြီ။ဒီလိုမျိုးအသင်းကောင်းတစ်သင်းနဲ့ ကျွန်တော်တို့ရင်ဆိုင်ချင်တာပါ။ပြီးခဲ့တဲ့ရာသီတွေတုန်းက သူတို့ဟာဘာလို့အကောင်းဆုံးအသင်းဖြစ်ခဲ့လဲဆိုတာ လေ့လာရပါမယ်။ဒါကျွန်တော်တို့အတွက် စိန်ခေါ်မှုကြီးတစ်ခုပါ။ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုတိုးတက်အောင်ကြိုးစားပြီး ရလဒ်ကောင်းတွေယူဆောင်သွားရပါမယ်”
ဆိုးရှား(မန်ချက်စတာယူနိုက်တက်နည်းပြ)

TBS

Leave a comment

Design a site like this with WordPress.com
Get started