“အီဂါလို”ကသဘာဝကျကျတိုက်စစ်မှုးပါလို့ ချီးမွမ်းခန်းဖွင့်ခဲ့တဲ့”ဆိုးရှား”

ဇန်နဝါရီအပြောင်းအရွှေ့မှာ “မန်ယူ”ကအငှားနဲ့ခေါ်ယူခဲ့တဲ့ တိုက်စစ်မှုးသစ်”အီဂါလို”ဟာ ပြီးခဲ့တဲ့”ဘရုဂေး”နဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ သူ့ရဲ့မန်ယူကစားသမားဘဝ ပထမဆုံးသွင်းဂိုးကိုရရှိခဲ့ပါတယ်။နည်းပြ”ဆိုးရှား”ကလဲ ဒီအတွက်ကျေနပ်နေပြီး “အီဂါလို”ဟာ သဘာဝကျကျတိုက်စစ်မှုးတစ်ယောက်ပါလို့ ချီးကျုးခဲ့ပါတယ်။”ဆိုးရှား”က – “အီဂါလို”ဟာ သူလုပ်စရာရှိတာကိုလုပ်သွားတာပါ။သူကဒီပွဲမှာ အဓိကပစ်မှတ်ဖြစ်ခဲ့ပါတယ်။အသင်းသားတွေလဲ သူ့ကိုပံ့ပိုးပြီးကစားခဲ့ကြပါတယ်။”မာတာ”တို့”ဘရူနို”တို့ဆီကရတဲ့ ပေးပို့မှုတွေမြင်ခဲ့ရပါတယ်။သူက ဒီအတွက်ချိန်သားကိုက်လှုပ်ရှားနေရပါတယ်။ကျွန်တော်ကိုယ်တိုင်လဲ တိုက်စစ်မှုးဖြစ်ခဲ့ဖူးတော့ ပထမဂိုးရဖို့ ဘယ်လောက်တောင်အရေးကြီးသလဲဆိုတာ သိပါတယ်။သူဒီဂိုးရဖို့ ကြိမ်ပေါင်းများစွာ မွှေနှောက်ကစားခဲ့ပါတယ်။

ဒီသွင်းဂိုးတစ်ဂိုးနဲ့ သူ့ဦးနှောက်ကဘယ်လောက်ထက်သလဲဆိုတာ သက်သေပြနိုင်ခဲ့ပါတယ်။ဒါ့ကြောင့် သူဟာသဘာဝကျကျတိုက်စစ်မှုးတစ်ယောက်ပါပဲ………….

TBS

Leave a comment

Design a site like this with WordPress.com
Get started