ရီးရဲလ်မက်ဒရစ်”နဲ့ပွဲက သူ့ရဲ့နည်းစနစ်တွေအပေါ်ကျေနပ်နေတဲ့ “ဂွါဒီယိုလာ”

“ရီးရဲလ်”ကို1-2နဲ့နိုင်တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ “မန်စီးတီး”နည်းပြ”ဂွါဒီယိုလာ”ဟာ လူစာရင်းအလှည့်အပြောင်းလုပ်ခဲ့ပါတယ်။နာမည်ကြီးကစားသမားတွေဖြစ်တဲ့ “စတာလင်း”နဲ့”အဂွဲရို”တို့ကို အရံခုံမှာချန်ထားခဲ့ပါတယ်။”ဂျေးစု”ကို ပုံမှန်ကစားနေကျနေရာမကစားခိုင်းပဲ ဘယ်တောင်ပံမှာထားကစားခဲ့ပြီး ကွင်းလယ်လူ”ဒီဘရိုင်း”ကို False Nineအဖြစ် တိုက်စစ်မှုးနေရာထားကစားစေခဲ့ပါတယ်။”ဂျေးစု”ရော “ဒီဘရိုင်း”ရောနှစ်ယောက်စလုံးက ပွဲကိုအထာနပ်ခဲ့ပြီး “အစ္စကို”ရဲ့အဖွင့်ဂိုးကိုခွင့်ပြုပြီးတာနဲ့ တောက်လျှောက်တိုက်စစ်ကိုမြှင့်တင်ခဲ့ပါတယ်။နည်းပြ”ဂွါဒီယိုလာ”က သူ့ရဲ့နည်းစနစ်အလုပ်ဖြစ်မယ်ဆိုတာယုံကြည်ကြောင်း အခုလိုပြောကြားခဲ့ပါတယ်……..
“အနိုင်ရတဲ့အတွက် ကျွန်တော်အရမ်းပျော်ပါတယ်။အသင်းရဲ့ကစားပုံကို ကျေနပ်မိပါတယ်။”ရီးရဲလ်”ကို ကောင်းသောကိုယ်ရည်ကိုယ်သွေးနဲ့ ယှဉ်ပြိုင်ဖို့ ကျွန်တော်တို့ကြိုးစားခဲ့ပါတယ်။သူတို့ကပွဲကိုအကောင်းဆုံးစတင်နိုင်ခဲ့တယ်။ပွဲစပြီး10-15မိနစ်လောက်အထိကို ကျွန်တော်တို့ခြေထဲဘောလုံးရှိမနေခဲ့ဘူး။15မိနစ်နောက်ပိုင်းမှာတော့ ကျွန်တော်တို့အသင်းဟာ ကောင်းကောင်းမွန်မွန်ကစားခဲ့ပါတယ်။ဦးဆောင်ဂိုးခွင့်ပြုရတဲ့အချိန်ကစပြီး ကျွန်တော်တို့ကစားပုံပိုကောင်းလာတယ်။ဒါပေမယ့် ဒီအခြေအနေမှာဦးဆောင်ဂိုးကိုခွင့်မပြုသင့်ဘူး။တခါတရံမှာ ကျွန်တော်တို့ဒီလိုအမှားလေးတွေရှိတတ်ပါတယ်။ဒီနေ့ကျွန်တော်တို့အရမ်းပျော်နေပါတယ်။ဒါပေမယ့ ပွဲကမပြီးသေးပါဘူး။ကျွန်တော်တို့ဟာ အရာအားလုံးကိုဖြတ်ကျော်ခဲ့ဖူးတဲ့၊အတွေ့အကြုံအရမ်းများတဲ့ ကမ္ဘာ့အကောင်းဆုံးချန်ပီယံအသင်းတစ်သင်းနဲ့ယှဉ်ပြိုင်ရတာပါ။သေချာပေါက်”ဇီဒိန်း”နဲ့ သူ့တပည့်တွေက ကျွန်တော်တို့ဘာလုပ်ခဲ့တယ်ဆိုတာကိုပြန်ကြည့်ကြမှာပဲ။ဒါ့ကြောင့် နောက်တကျော့ကဒီနေ့ပွဲနဲ့တူမှာမဟုတ်တော့ဘူး။နောက်တကျော့မှာ သူဘာတွေလုပ်နိုင်လဲဆိုတာ သတိကြီးစွာထားရမယ်။သူတို့ပုံစံနဲ့ လိုက်လျောညီထွေဖြစ်အောင်လုပ်ရမယ်၊နောက်ပြီး အနိုင်ရဖို့ကြိုးစားရဦးမှာပါ”

TBS

Leave a comment

Design a site like this with WordPress.com
Get started