
“ဂျရတ်”နဲ့”လမ်းပတ်”ဆိုတာ တစ်ချိန်က ပရီးမီးယားလိဂ်မှာရော အင်္ဂလန်အသင်းမှာပါ ကြီးစိုးခဲ့ကြတဲ့ ကွင်းလယ်ကစားသမားဟောင်းနှစ်ဦးဖြစ်ပါတယ်။နှစ်ဦးစလုံးကထူးချွန်ကြသလို သူတို့အနက်ဘယ်သူပိုကောင်းလဲဆိုတာ ငြင်းခုန်ကြရတဲ့အချိန်မျိုးတွေရှိခဲ့ပါတယ်။”လမ်းပတ်”ရော “ဂျရတ်”ရောဟာ ပြီးခဲ့တဲ့ရာသီကမှ နည်းပြလောကထဲကို အခြေချလာခဲ့ကြတာပါ။”ဂျရတ်”က “ရိန်းဂျား”အသင်းကိုတာဝန်ယူခဲ့ပြီး “လမ်းပတ်”ကတော့ “ချယ်ဆီး”ထက်အရင် “ဒါဘီ”အသင်းကိုတာဝန်ယူခဲ့တာပါ။
“ဂျရတ်”က “လမ်းပတ်”နဲ့ပတ်သက်ပြီး – “ကျွန်တော် “လမ်းပတ်”ရဲ့ တိုက်ပွဲဝင်မှုကိုလေးစားပါတယ်။”ချယ်ဆီး”အသင်း အပြောင်းအရွှေ့ပိတ်ခံထားရတာတောင် အသင်းကိုအကောင်းဆုံးတွန်းတင်ပေးခဲ့တယ်။ကျွန်တော့်ရဲ့သူငယ်ချင်းအတွက် ကျွန်တော်ဂုဏ်ယူပါတယ်။ကစားသမားဘဝတုန်းကလဲ သူနဲ့ကျွနတော်မကြာခဏနှိုင်းယှဉ်ခြင်းခံခဲ့ရပါတယ်။ကျွန်တော်တို့နှစ်ယောက် တစ်သင်းထဲမှာအတူကစားနိုင်မလား?ဘယ်သူကပိုကောင်းလဲ?…စသဖြင့်ပေါ့။ဒါတွေကအစိတ်အပိုင်းတစ်ခုပဲဖြစ်ပါတယ်။လက်ရှိမှာ သူရောကျွန်တော်ရော ကွဲပြားတဲ့တာဝန်တွေထမ်းဆောင်နေရတာပါ”ဆိုပြီး သူ့ရဲ့အသင်းဖော်ဟောင်း”ဒန်နီမာဖီ”ကိုပြောပြခဲ့ဖူးပါတယ်။နောက်10နှစ်၊15နှစ်အတွင်း “ဂျရတ်”နဲ့ “လမ်းပတ်”ဟာ ပြိုင်ဘက်နည်းပြတွေဖြစ်လာမလားဆိုတဲ့မေးခွန်းအပေါ် “ဂျရတ်”က – “ဖြစ်လာပါလိမ့်မယ်။ကျွန်တော်ဒါကိုနှစ်သက်ပါတယ်။လမ်းပတ်လဲ အခုချိန်ကျွန်တော့်လိုပဲတွေးနေမှာပါ။သူနဲ့နည်ပြအဖြစ်ယှဉ်ပြိုင်ချင်ပါတယ်။ဒီလိုပဲ “မော်ရင်ဟို”ကိုလဲ နည်းပြအဖြစ်နဲ့ရင်ဆိုင်ချင်ပါသေးတယ်”လို့ဖြေကြားသွားခဲ့ပါတယ်။

လီဗာပူးလ်အသင်းခေါင်းဆောင်ဟောင်းကို “ကလော့ပ်”နေရာဆက်ခံသူအဖြစ် ထင်ကြေးပေးခဲ့ကြသော်လည်း သူ့အနေနဲ့ဒီတာဝန်ကိုယူဖို့ အဆင်သင့်မဖြစ်သေးကြောင်း၊ပရိတ်သတ်တွေကလဲ သူ့ကို”လီဗာပူး”နည်းပြအဖြစ်မြင်ချင်ကြောင်း၊ “လီဗာပူး”နည်းပြဖြစ်လာဖို့ အခွင့်အရေးရမယ်ဆိုရင် အကောင်းဆုံးလုပ်ဆောင်သွားမှာဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။
နောင်နှစ်တွေကြာလာတဲ့အချိန် ဒီသူငယ်ချင်းနှစ်ယောက် ပြိုင်ဘက်နည်းပြအဖြစ် အားပြိုင်မှုတွေပြင်းထန်လာမလား???????
“လမ္းပတ္”ကို ၿပိဳင္ဘက္နည္းျပအျဖစ္နဲ႔ အားၿပိဳင္ခ်င္ပါတယ္ဆိုတဲ့ “စတီဗင္ဂ်ရတ္”
“ဂ်ရတ္”နဲ႔”လမ္းပတ္”ဆိုတာ တစ္ခ်ိန္က ပရီးမီးယားလိဂ္မွာေရာ အဂၤလန္အသင္းမွာပါ ႀကီးစိုးခဲ့ၾကတဲ့ ကြင္းလယ္ကစားသမားေဟာင္းႏွစ္ဦးျဖစ္ပါတယ္။ႏွစ္ဦးစလုံးကထူးခၽြန္ၾကသလို သူတို႔အနက္ဘယ္သူပိုေကာင္းလဲဆိုတာ ျငင္းခုန္ၾကရတဲ့အခ်ိန္မ်ိဳးေတြရွိခဲ့ပါတယ္။”လမ္းပတ္”ေရာ “ဂ်ရတ္”ေရာဟာ ၿပီးခဲ့တဲ့ရာသီကမွ နည္းျပေလာကထဲကို အေျခခ်လာခဲ့ၾကတာပါ။”ဂ်ရတ္”က “ရိန္းဂ်ား”အသင္းကိုတာဝန္ယူခဲ့ၿပီး “လမ္းပတ္”ကေတာ့ “ခ်ယ္ဆီး”ထက္အရင္ “ဒါဘီ”အသင္းကိုတာဝန္ယူခဲ့တာပါ။
“ဂ်ရတ္”က “လမ္းပတ္”နဲ႔ပတ္သက္ၿပီး – “ကၽြန္ေတာ္ “လမ္းပတ္”ရဲ့ တိုက္ပြဲဝင္မွုကိုေလးစားပါတယ္။”ခ်ယ္ဆီး”အသင္း အေျပာင္းအေရႊ႕ပိတ္ခံထားရတာေတာင္ အသင္းကိုအေကာင္းဆုံးတြန္းတင္ေပးခဲ့တယ္။ကၽြန္ေတာ့္ရဲ့သူငယ္ခ်င္းအတြက္ ကၽြန္ေတာ္ဂုဏ္ယူပါတယ္။ကစားသမားဘဝတုန္းကလဲ သူနဲ႔ကၽြနေတာ္မၾကာခဏႏွိုင္းယွဥ္ျခင္းခံခဲ့ရပါတယ္။ကၽြန္ေတာ္တို႔ႏွစ္ေယာက္ တစ္သင္းထဲမွာအတူကစားနိုင္မလား?ဘယ္သူကပိုေကာင္းလဲ?…စသျဖင့္ေပါ့။ဒါေတြကအစိတ္အပိုင္းတစ္ခုပဲျဖစ္ပါတယ္။လက္ရွိမွာ သူေရာကၽြန္ေတာ္ေရာ ကြဲျပားတဲ့တာဝန္ေတြထမ္းေဆာင္ေနရတာပါ”ဆိုၿပီး သူ႔ရဲ့အသင္းေဖာ္ေဟာင္း”ဒန္နီမာဖီ”ကိုေျပာျပခဲ့ဖူးပါတယ္။ေနာက္10ႏွစ္၊15ႏွစ္အတြင္း “ဂ်ရတ္”နဲ႔ “လမ္းပတ္”ဟာ ၿပိဳင္ဘက္နည္းျပေတြျဖစ္လာမလားဆိုတဲ့ေမးခြန္းအေပၚ “ဂ်ရတ္”က – “ျဖစ္လာပါလိမ့္မယ္။ကၽြန္ေတာ္ဒါကိုႏွစ္သက္ပါတယ္။လမ္းပတ္လဲ အခုခ်ိန္ကၽြန္ေတာ့္လိုပဲေတြးေနမွာပါ။သူနဲ႔နည္ျပအျဖစ္ယွဥ္ၿပိဳင္ခ်င္ပါတယ္။ဒီလိုပဲ “ေမာ္ရင္ဟို”ကိုလဲ နည္းျပအျဖစ္နဲ႔ရင္ဆိုင္ခ်င္ပါေသးတယ္”လို႔ေျဖၾကားသြားခဲ့ပါတယ္။
လီဗာပူးလ္အသင္းေခါင္းေဆာင္ေဟာင္းကို “ကေလာ့ပ္”ေနရာဆက္ခံသူအျဖစ္ ထင္ေၾကးေပးခဲ့ၾကေသာ္လည္း သူ႔အေနနဲ႔ဒီတာဝန္ကိုယူဖို႔ အဆင္သင့္မျဖစ္ေသးေၾကာင္း၊ပရိတ္သတ္ေတြကလဲ သူ႔ကို”လီဗာပူး”နည္းျပအျဖစ္ျမင္ခ်င္ေၾကာင္း၊ “လီဗာပူး”နည္းျပျဖစ္လာဖို႔ အခြင့္အေရးရမယ္ဆိုရင္ အေကာင္းဆုံးလုပ္ေဆာင္သြားမွာျဖစ္ေၾကာင္းေျပာၾကားခဲ့ပါတယ္။
ေနာင္ႏွစ္ေတြၾကာလာတဲ့အခ်ိန္ ဒီသူငယ္ခ်င္းႏွစ္ေယာက္ ၿပိဳင္ဘက္နည္းျပအျဖစ္ အားၿပိဳင္မွုေတြျပင္းထန္လာမလား???????