
“ချယ်ဆီး”ဟာ “စပါး”ကို စတန်းဖို့ဘရစ်မှာဧည့်ခံကစားရာ 2-1ဆိုတဲ့ရလဒ်နဲ့ အောင်ပွဲယူခဲ့ပါတယ်။ချယ်ဆီးနည်းပြ”လမ်းပတ်”ဟာ သူ့ဆရာဟောင်းဖြစ်တဲ့ နည်းပြ”မော်ရင်ဟို”ကို တစ်ရာသီအတွင်းနှစ်ကျော့စလုံးနိုင်ပွဲရအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ပွဲထွက်ခွင့်ပျောက်ဆုံးနေတာကြာပြီဖြစ်တဲ့ “ဂျီရူး”၊”အလွန်ဆို”တို့ကို ပြန်လည်ပွဲထုတ်လာခဲ့ခြင်းက နည်းပြ”လမ်းပတ်”အတွက် အောင်ပွဲနမိတ်ကိုဆောင်ခဲ့ခြင်းပါ။”ဘာကလေ”နဲ့ “မေဆန်မောင့်”ရဲ့လုပ်အားနှုန်းကလဲ နိုင်ပွဲအပေါ်သက်ရောက်မှုရှိခဲ့ပါတယ်။
“ဟယ်ရီကိန်း”၊”ဆွန်ဟောင်မင်”တို့မပါတာက “စပါး”တိုက်စစ်ကိုသိသိသာသာ ဟာကွက်ဖြစ်စေခဲ့ပါတယ်။ဒီလိုတိုက်စစ်အားနည်းနေတဲ့ကြားထဲ “ဒယ်လီအလီ”ကို ပွဲထွက်စာရင်းထဲမထည့်တာ “မော်ရင်ဟို”မှားတယ်လို့ပဲမြင်မိတယ်။

ပွဲကြိုပြောကြားချက်မှာကတည်းက “မော်ရင်ဟို”ဟာ “ချယ်ဆီး”ကအဆင့်(၄)ကနေမဆင်းရဖို့ လုပ်ပါလိမ့်မယ်လို့ပြောခဲ့ပါတယ်။ဒီစကားအတိုင်းပါပဲ။”ဂျီရူး”ရဲ့ပထမဆုံးဂိုးကနေစလို့ “စပါး”နောက်တန်းအလုပ်ရှုပ်ပါတော့တယ်။နောက်ပြီး ဒုတိယပိုင်း48’မှာ “အလွန်ဆို”သက်တောင့်သက်သာဂိုးသွင်းယူနိုင်ခြင်းက တိုက်စစ်မှုးတွေမပါတဲ့”စပါး”လိုအသင်းအတွက် ပြန်လာဖို့မလွယ်လှပါဘူး။63’မိနစ်မှာ “စပါး”ဘက်က “အဲရစ်လာမယ်လာ” လူစားဝင်လာပါတယ်။”လာမယ်လာ”ရဲ့လုပ်အားကြောင့် “စပါး”အသင်းအရှိန်တွေရလာတာပါ။89’မှာပဲ “လာမယ်လာ”ရဲ့ကန်ချက်ကို “ချယ်ဆီး”နောက်ခံလူ”ရူဒီဂါ”တားဆီးဖို့ကြိုးစားရင်း သူ့ခြေထောက်နဲ့ထိမိပြီးဂိုးဝင်သွားပါတယ်။ပွဲချိန်အတွင်းမှာ “စပါး”ကွင်းလယ်လူ”လိုဆယ်ဆို”ရဲ့သိသိသာသာပြစ်ဒဏ်ကျုးလွန်မှုတွေရှိခဲ့ပါတယ်။”လိုဆယ်ဆို”ဟာ “ချယ်ဆီး”နောက်ခံလူ”အက်ဇ်ပီလီကွဲတာ”ရဲ့ ခြေထောက်ကို မျက်ဝါးထင်ထင် တက်နင်းခဲ့သော်လည်း ကွင်းလယ်ဒိုင်ဘက်က အဝါကတ်တောင်မပြခဲ့သလို၊VARဘက်ကလဲ အပြစ်ပေးမှုမရှိတာကြောင့် ပွဲထဲမှာပရိတ်သတ်တွေဆူဆူညံညံဖြစ်ခဲ့ကြပါသေးတယ်။ဒါပေမယ့်ပွဲအပြီးမှာတော့ VARဘက်က သူတို့ရဲ့ဆုံးဖြတ်ချက်မှားယွင်းကြောင်း ဝန်ခံခဲ့ပါတယ်။”စပါး”အသင်းဟာ ပွဲချိန်အတွင်းမှာဂိုးသွင်းဖို့အခွင့်အရေးတွေရခဲ့ပါသေးတယ်။”လူးကပ်စ်မော်ရာ”ရဲ့ကန်ချက်”ကွဲတာ”နဲ့ထိပြီး လမ်းကြောင်းလွဲခဲ့ခြင်း၊ထောင့်ကန်ဘောကနေရတဲ့ခေါင်းတိုက်ချက်တွေကို ဂိုးသမားမိခဲ့ခြင်းတို့ကလဲ “စပါး”အသင်းကို ဂိုးရဖို့မျက်နှာသာမပေးခဲ့ပါဘူး။ဒီပွဲမှာ “မားကိုစ်အလွန်ဆို”က On fireပါပဲ။3 Backမှာသူ့ရဲ့လုပ်အားနှုန်းတွေအင်မတန်ကောင်းမွန်ပါတယ်။တိုက်စစ်ကိုပံ့ပိုးမှုကလဲ လုံးဝရှယ်ပဲ။ဒီပွဲစဉ်ကိုအနိုင်ရလိုက်တဲ့အတွက် “ချယ်ဆီး”ဟာ အဆင့်(၄)နေရာမှာပဲဆက်လက်ရပ်တည်နိုင်ခဲ့သလို “စပါး”ကိုလဲ 5မှတ်ဖြတ်ထားခဲ့ပြီဖြစ်ပါတယ်။

ကစားသမားများရဲ့Ratingsများ
Chelsea
Caballero (7), James (7), Azpilicueta (7), Rudiger (6), Christensen (7), Alonso (8), Jorginho (7), Kovacic (7), Barkley (8), Mount (7), Giroud (9)
လူစားဝင်- Abraham (6), Willian (n/a)
Tottenham
Lloris (7), Tanganga (6), Alderweireld (6), Vertonghen (6), Sanchez (5), Davies (5), Ndombele (6), Winks (6), Lo Celso (5), Bergwijn (6), Moura (6)
လူစားဝင် – Lamela (7), Aurier (n/a), Alli (n/a)
💥Man of the match: Olivier Giroud (Chelsea)
