
“မစ်ဒယ်ဘရော့”အသင်းဟာ “လီဂါနက်စ်”ရဲ့တိုက်စစ်မှုး”ဘရိတ်ဝိတ်”ကိုကမ်းလှမ်းခဲ့ပေမယ့် ကစားသမားကို “ဘာစီလိုနာ”ကလက်ဦးမှုရယူပြီး တရားဝင်ခေါ်ယူလိုက်ပါတယ်။
“မန်ယူ”နဲ့ပွဲမှာ နှာခေါင်းရိုးကျိုးဒဏ်ရာရခဲ့တဲ့ “ချယ်ဆီး”နောက်ခံလူ “ခရစ်တန်ဆန်”ဟာ အထူးပြုလုပ်ထားတဲ့Maskကိုယူဖို့ “မီလန်”မြို့ကိုထွက်သွားပါတယ်။ကစားသမားဟာ “စပါး”နဲ့ပွဲမှာ Maskတပ်ပြီးယှဉ်ပြိုင်ကစားမှာဖြစ်ပါတယ်။
“စပါး”ကွင်းလယ်လူ “ဘာ့ဂျ်ဝင့်”ဟာ ဆောက်လက်စဧရိယာအတွင်းမှာ ကားကို91mphနှုန်းနဲ့မောင်းနှင်ခဲ့တာကြောင့် ယာဉ်မောင်းခွင့်ပိတ်ပင်ခံရမယ့်အရေးနဲ့ ရင်ဆိုင်နေရပါတယ်။
16နှစ်သား ချယ်ဆီးလူငယ်လေး”ဆီမြူရယ်လင်း”ဟာ အသင်းနဲ့သက်တမ်းတိုးဖို့ရပ်တန့်ခဲ့တာကြောင့် “ဘိုင်ယန်မြူးနစ်” “PSG” “အေဂျက်”အသင်းများကခေါ်ယူဖို့စောင့်ကြည့်နေပါတယ်။
“လီဗာပူး”တိုက်စစ်မှုး “ဖာမီနို”ဟာ “ဘိုင်ယန်မြူးနစ်”ရဲ့ချိတ်ဆက်ခြင်းကိုခံနေရပြီး လာမယ့်နွေမှာ အန်ဖီးမှာဆက်ရှိဖို့ မရေရာသေးပါဘူး။”ဘိုင်ယန်”ဟာ လာမယ့်နွေမှာကစားသမားကိုအရခေါ်ယူဖို့ ဆုံးဖြတ်ထားပါတယ်။
“အက်စတွန်ဗီလာ”ကွင်းလယ်လူ “ဂရီးလစ်ရှ်”ဟာ “မန်ချက်စတာယူနိုက်တက်”အစား “လီဗာပူး”ကိုပြောင်းသင့်ကြောင်း သတိပေးခြင်းခံနေရပါတယ်။
“လီဗာပူး”ဟာ “ရီးရဲလ်မက်ဒရစ်”ကင်းထောက် Juni Calafatကိုချိတ်ဆက်ဖို့သတ်မှတ်ထားသော်လည်း ကင်းထောက်ပြောင်းဖို့ရည်ရွယ်ချက်မရှိသေးကြောင်းသိရပါတယ်။Calafatကို “ချယ်ဆီး”ကလဲချိတ်ဆက်ထားပါတယ်။
“ပေါ့ဂ်ဘာ”ရဲ့ “မန်ယူ”ကနေထွက်ခွာဖို့ကိစ္စဟာ မလွယ်ကူသေးပါဘူး။ကစားသမားရဲ့အေးဂျင့်”ရွိုင်အိုလာ”က “မန်ယူ”ကိုစွန့်ခွာပြီး သူ့ကစားသမားနဲ့သင့်တော်မယ့်အသင်းကို ရှာဖွေရာမှာ အခက်အခဲရှိနေတာပါ။
လိုက်ပ်ဇစ်ကစားသမား”အူပါကာမီနို”က သူ့ကိုစိတ်ဝင်စားနေတဲ့အသင်းတွေအများကြီးရှိကြောင်းနဲ့ ဘယ်အသင်းကိုပြောင်းမယ်ဆိုတာ ရာသီကုန်ရင်ဆုံးဖြတ်ချက်ချတော့မှာဖြစ်ကြောင်းပြောကြားလိုက်ပါတယ်။
စာချုပ်ကုန်တော့မယ့်”ချယ်ဆီး”တောင်ပံကစားသမား”ဝီလီယံ”ဟာ သူ့အနေနဲ့လန်ဒန်ကနေပြောင်းရွှေ့ဖို့အစီအစဉ်မရှိကြောင်း၊သူ့မိသားစုကလဲ လန်ဒန်မှာပဲနေချင်ကြောင်းပြောကြားခဲ့ပါတယ်။
ယူရို2020ကိုလွဲချော်မယ့်ကိန်းဆိုက်နေတဲ့ “ရက်ရှ်ဖို့”အတွက် FAအကြီးအကဲတွေက ဆေးကုသမှတ်တမ်းများကိုပြသဖို့ တောင်းဆိုထားပါတယ်။
အာဆင်နယ်နည်းပြ”အာတီတာ”က ပြိုင်ဘက်အတွက် နေရာလွတ်တွေမကျန်အောင် “ဆာကာ”ကိုဝန်းရံပြီးတည်ဆောက်ထားကြောင်းပြောကြားခဲ့ပါတယ်။