ဆန်ချိုရဲ့ အနာဂတ်က ယူနိုက်တက်လား ဒါမှမဟုတ် ဘယ်လဲ ???

မန်ချက်စတာယူနိုက်တက်သို့ ဂျေဒန်ဆန်ချို ကိုယ်တိုင်ကပြောင်းလဲချင်စိတ်ရှိနေတယ်ဆိုတဲ့ သတင်းများထွက်ပေါ်လာတာနဲ့ အလျောက်
နွေရာသီအပြောင်းအရွှေ့ကာလဟာ စိတ်ဝင်စားစရာတွေနဲ့အတူ အရှိန်မြင့်တက်လာပါတယ် ။

ဆန်ချိုဟာ ပရီးမီးယားလိဂ်က မန်ချက်စတာစီးတီးမှာ ၂၀၁၇ ထိကစားခဲ့ပြီးနောက် ဒေါ့မွန်ကိုပြောင်းရွှေ့သွားတဲ့ တက်လမ်းရှိ လူငယ်ကစားသမားတစ်ဦးပါ.. ။

ဆန်ချိုဟာ ဘွန်ဒက်စ်လီဂါမှာ ဒီနှစ်အတွက်
၁၉ပွဲကစားထားပြီး သွင်းဂိုး၁၂ ဂိုးနဲ့ 13 assists လုပ်ပေးထားသူလည်းဖြစ်ပါတယ် ။

ယူနိုက်တက်အတွက် ဇီယက်ချ်က မသေချာတော့တဲ့အခါ ဆန်ချိုဘက်ကိုလှည့်လာပြီလား ? ဗျူဟာတွေ အပြောင်းအလဲလုပ်မယ်လို့လည်း ဆိုးရှားလ်ရဲ့ဟစ်ကြွေးမှုက လာမယ့်ရာသီအတွက် အလုပ်ဖြစ်မလားဆိုတာ စောင့်ကြည့်ရဦးမှာပါ.။

Ref: Express

TBS_Pedro

Leave a comment

Design a site like this with WordPress.com
Get started