“ဘာစီလိုနာ”ရဲ့ဆုဖလားအောင်မြင်မှုကို နမူနာယူပြီး ကြိုးစားရမယ်လို့ “လီဗာပူး”အသင်းကိုတိုက်တွန်းခဲ့တဲ့”လော်ဗရန်”

လော်ဗရန်က_ “လေးနှစ်အတွင်းမှာဆုဖလားပေါင်း(၂၀)ကျော်ရခဲ့တဲ့ ဘာစီလိုနာအသင်းကို ကျွန်တော်တို့နမူနာယူပြီးမှတ်သားရမယ်။ကျွန်တော်တို့ဟာ အခုချိန်မှာ အကောင်းဆုံးအနေအထားတစ်ခုကိုရောက်နေပါပြီ။နည်းပြနဲ့အသင်းသားတွေလဲ တစ်ယောက်ကိုတစ်ယောက်နားလည်လာတယ်၊သဘောပေါက်လာတယ်၊သူဘာဖြစ်စေချင်လဲဆိုတာကအစ သိလာပါပြီ။ကျွန်တော်တို့”လီဗာပူး”ကို “ဘာစီလိုနာ”ရဲ့ဆုဖလားအောင်မြင်မှုမျိုး ရစေချင်ပါတယ်။အဲ့လိုဖြစ်လာမယ်လို့လဲယုံကြည်တယ်။ကျွန်တော်တို့”လီဗာပူး”ကို ဒီတစ်နှစ်ထဲတင်မဟုတ်ပဲ၊နှစ်ပေါင်းများစွာရပ်တည်လာတဲ့ အသင်းကောင်းတွေထဲကတစ်သင်းအဖြစ် အသိအမှတ်ပြုပေးတာမျိုး လိုချင်ပါတယ်”လို့ပြောကြားခဲ့ပါတယ်။

“လော်ဗရန်”ဟာ ဒီနှစ်ပရီးမီးယားလိဂ်ဖလားကို “လီဗာပူး”ရမယ်လို့ယုံကြည်ထားသူပါ။ပြီးခဲ့တဲ့ရာသီက “မန်စီးတီး”ရဲ့အောက်မှာ (၁)မှတ်အကွာနဲ့ ပရီးမီးယားလိဂ်ဖလားလက်လွှတ်ခဲ့ရတဲ့”လီဗာပူး”ဟာ ဒီရာသီ(၂၅)ပွဲကစားထားရာ (၂၄)ပွဲအနိုင်ယူထားပြီး (၁)ပွဲသရေနဲ့ ရှုံးပွဲမရှိစံချိန်တင်ဖို့ရေပန်းစားနေတဲ့အသင်းပါ။”လီဗာပူး”ဟာ လာမယ့်ပရီးမီးယားလိဂ်(၆)ပွဲသာ အနိုင်ရရင် မတ်လထဲမှာပဲ ပရီးမီးယားလိဂ်ဖလားကို စောစောစီးစီးကိုင်မြှောက်ရတော့မှာပါ။



TBS_Harry

Ref : Sky Sports

Leave a comment

Design a site like this with WordPress.com
Get started