Category Archives: Uncategorized
တစ်ချိန်က ဘရာဇီးလ်ရဲ့ဂန္ထဝင်ကစားသမား ပီလီ ကျန်းမာရေးအခြေအနေဆိုးရွားနေ….. #TBS
ဘရားဇီးလ်ရဲ့ တစ်ခေတ်တစ်ခါက အကျော်အမော်ကစားသမား ပီလီဟာ ယခုအချိန်မှာတော့ လမ်းလျှောက်ဖို့တောင် အဆင်မပြေဖြစ်နေလို့ အိမ်ကထွက်ရဖို့တောင် တွန့်ဆုတ်နေတယ်လို့ သူ့သား အီဒင်ဟိုကပြောကြားခဲ့ပါတယ် ။ ပီလီက ယခုအချိန်မှာတော့ အိမ်ထဲက အိမ်ပြင်ထွက်ဖို့တောင် အတော်လေးရှက်ရွံ့နေတယ် ။ သူက အိမ်ကထွက်တာကလွဲပြီး ဘာမှမလုပ်တတ်ဘူးလို့လည်း အီဒင်ဟိုက ဘရားဇီးလ်နိုင်ငံရဲ့ ချန်နယ်လ်တစ်ခုဖြစ်တဲ့ TV Globo သို့ပြောကြားခဲ့ပါတယ် ။ ပီလီဟာ တစ်ယောက်တည်းအေးအေးနေတတ်ပြီး ရှက်အားကြောက်အားကြီးနေတာပါ ။ တစ်ချိန်က သွက်လက်ဖျက်လက်တဲ့ ကစားသမားတစ်ယောက်ကအခုလိုအချိန်မှာ လမ်းလျှောက်ဖို့တောင် အခက်အခဲဖြစ်နေတော့ စိတ်ဓာတ်တွေကျနေတာလည်းပါတယ်လို့ သိရပါတယ် ။ အခုလိုသတင်းကြီးကြားရတော့လည်း စိတ်မကောင်းပါဘူး… အမြန်ဆုံးသက်သာပါစေ Sir pele ! Ref: Sky Sports #TBS_Pedro
အသင်းဟောင်းတွေဖြစ်တဲ့”ချယ်ဆီး”၊”မန်ချက်စတာယူနိုက်တက်”တို့ ချန်ပီယံလိဂ်ဝင်ခွင့်ရနိုင်လားဆိုတဲ့အပေါ် အဖြေပေးလိုက်တဲ့”မော်ရင်ဟို”
ဒီမေးခွန်းအပေါ် “မော်ရင်ဟို”က _ “ဝုဗ်”နဲ့”ရှက်ဖီးယူနိုက်တက်”တို့က Top(4)နေရာအတွက်တိုက်ပွဲဝင်ရမှာပါ။သူတို့နည်းပြတွေ(ဝုဗ်၊ရှက်ဖီး)ကို ဒီမေးခွန်းမေးရင် မဝင်နိုင်ဘူးလို့ပဲဖြေကြပါလိမ့်မယ်။သူတို့ကအပြင်ပန်းကသာမဝင်နိုင်ဘူးပြောကြပေမယ့် စိတ်ထဲမှာ ဒီဝင်ခွင့်ရဖို့မှန်းထားတယ်ဆိုတာ ကျွန်တော်သိပါတယ်။လက်ရှိသူတို့ရောက်နေတဲ့အဆင့်ထက် သူတို့ရဲ့အရည်အချင်းတွေက ပိုသာပါတယ်။အခုဆို ဝုဗ်နဲ့ရှက်ဖီးအသင်းတို့ဟာ လူတိုင်းအားကျရလောက်တဲ့အနေအထားတစ်ခုကိုရောက်နေပါပြီ။သူတို့နည်းပြတွေလဲ ဒါကိုကျေနပ်ပြီး ပျော်သင့်တာပေါ့”လို့Sky Sportsရဲ့မေးမြန်းချက်ကိုဖြေကြားခဲ့ပါတယ်။”မော်ရင်ဟို”ဟာ သူ့ရဲ့အသင်းဟောင်းနှစ်သင်းဖြစ်တဲ့”ချယ်ဆီး”နဲ့”မန်ယူ”ကို Top(4)စာရင်းထဲထည့်သွင်းထားခြင်းမရှိပါဘူး။ အခုလက်ရှိမှာ “ချယ်ဆီး”ကအဆင့်(၄)နေရာကိုရယူထားပေမယ့် သူ့ရဲ့အနောက်က”ရှက်ဖီး”က(၂)မှတ်အကွာနဲ့ အဆင့်(၅)နေရာမှာဖိအားပေးနေတာပါ။”တော်တင်ဟမ်”က”ချယ်ဆီး”နဲ့(၄)မှတ်ကွာအနေအထားမှာရှိနေပြီး၊”အန်ဆယ်လော့တီ”ရဲ့”အဲဗာတန်”အသင်းဟာ “ချယ်ဆီး”နဲ့ (၅)မှတ်အကွာမှာရှိနေပါတယ်။”ဝုဗ်”နဲ့”မန်ချက်စတာယူနိုက်တက်”တို့ဟာ “ချယ်ဆီး”နဲ့(၆)မှတ်ကွာအနေအထားမှာရပ်တည်နေပါတယ်။ Source – Sky Sports #TBS_Harry
ဒီနှစ်”မန်စီးတီး”ရဲ့ပရီးမီးယားလိဂ်ဖလားစိန်ခေါ်မှုက အလွန်စိတ်ပျက်စရာကောင်းပါတယ်ဆိုတဲ့ “ဘာနာဒိုဆေးလ်ဗား”
“လက်ကျန်ရာသီဝက်ကို လီဗာပူးနဲ့ဆက်လက်ယှဉ်ပြိုင်ဖို့ကျွန်တော်တို့မှာအခက်ခဲဆုံးအနေအထားကိုရောက်နေပါပြီ။ပရီးမီးယားလိဂ်ဖလားကို ဆက်လက်ဗိုလ်စွဲဖို့ မန်စီးတီးဟာ အလွန်စိတ်ပျက်စရာကောင်းပါတယ်။ဒါပေမယ့် ကျွန်တော်တို့တစ်ပြားမှမလျှော့ပဲကြိုးစားနေဆဲပါ။ကျွန်တော်တို့အသင်းသားတွေလဲ တစ်စုံတစ်ခုကြောင့်စိတ်ဓာတ်ကျရတာမျိုးတွေရှိပါတယ်။ကျွန်တော်ကတော့ ဒီရာသီမှာ အသေးစိတ်ပြင်ဆင်မှုတွေက အမှတ်ပေးသွားတယ်လို့ယုံကြည်ထားပါတယ်။လီဗာပူးနဲ့အမှတ်တွေအများကြီးကွာဟနေတာကိုစိတ်ပျက်ပေမယ့် ဒုတိယနေရာအတွက်ဆက်လက်တိုက်ပွဲဝင်သွားမှာပါ။ဒီလိုပြောရတာအရမ်းနာကျင်ရပါတယ်။ဘာလို့လဲဆိုတော့ ဘောလုံးရာသီစပြီဆိုတာနဲ့ဘယ်သူမဆို ဒီဖလားကိုလိုချင်တာပဲလေ။ကျွန်တော်တို့ပရိသတ်တွေကလဲ ဒီဖလားကိုရစေချင်တာပဲ။အခုဆိုရင်စိတ်ပျက်စရာကောင်းလောက်အောင် ဘယ်သူကမှကျွန်တော်တို့ကိုမမျှော်လင့်တော့ဘူး။ကျွန်တော်တို့တွေ အများကြီးသင်ယူဖို့လိုပါသေးတယ်။ဘာ့ကြောင့်ကျရှုံးရတာလဲဆိုတာ နားလည်ဖို့လိုတယ်၊ပြီးရင်အဖြေရှာရမှာပေါ့။ဒါတွေက မင်းဘယ်လိုတိုက်စစ်ဆင်လဲ၊ခံစစ်ထိုင်လဲဆိုတာနဲ့မဆိုင်ပါဘူး။အသေးစိတ်ပြင်ဆင်မှုတွေကဆုံးဖြတ်ပေးသွားတာပါ။ကျွန်တော်တို့ပိုကောင်းခဲ့သင့်ပါတယ်။အဲ့ဒီအတွက်လဲ ကိုယ့်ကိုယ်ကိုစိတ်ပျက်မိပါတယ်။ ဒါပေမယ့် ကွင်းထဲမှာကျွန်တော်တို့ဒဏ်ရာရခဲ့တာတွေကိုပြန်ကြည့်မယ်ဆိုရင်VARရဲ့ဆုံးဖြတ်ချက်တွေကဘယ်တုန်းကမှ ကျွန်တော်တို့နဲ့တစ်ထပ်တည်းမကျတာကိုတွေ့ရမှာပါ။ကျွန်တော်ဒါကိုအတွန့်မတက်ပါဘူး။ဘာလို့လဲဆိုတော့ ဘောလုံးလောကမှာဖြစ်နေကျပဲလေ။နောက်ပြီးကွင်းထဲမှာကျွန်တော်တို့အကြိမ်(၃၀)လောက်အခွင့်အရေးတွေရတယ်၊(၁)ဂိုး(၂)ဂိုးပဲသွင်းနိုင်တယ်။ဒါတွေက”လီဗာပူး”ကိုပိုပြီးအားသာစေခဲ့သလို သူတို့အတွက်လဲအခွင့်အရေးတွေရခဲ့ပါတယ်”လို့်ပြောကြားခဲ့ပါတယ်။ Source Sky Sports #TBS_Harry
လီဗာပူးလ်အသင်း ဥက္ကဌနဲ့ ကလော့ပ်တို့ လူငယ်အသင်းတွက် တိတ်တဆိတ်အစည်းအဝေးပြုလုပ်ခဲ့
FA ဖလားမှာ လူငယ်အသင်းဟာ ပွဲများစွာကစားခဲ့ရပြီးနောက် နည်းပြကလော့ပ်ဆီကိုလည်း တိုင်တန်းမှုများစွာရရှိခဲ့ပါတယ် ။ ဒါကြောင့် နောက်ရာသီသစ်ပြိုင်ပွဲတွေရဲ့ အမြတ်အစွန်းတွေထိခိုက်မှုရှိလာမှာစိုးတဲ့အတွက် နည်းပြကလော့ပ် နဲ့ ဥက္ကဌတွမ်တို့ဟာ အစည်းအဝေးထိုင်ခဲ့ကြပါတယ် ။ ကလော့ပ်ဟာ လူငယ်အသင်းရဲ့အခြေအနေကို ကွင်းဆင်းလေ့လာခဲ့ပါသေးတယ် ။ ဒါ့အပြင် ကလော့ပ်ဟာ FA ဖလားရဲ့ နောက်ဆုံးအပတ်မှာ အစွမ်းကုန်ဝုန်းဒိုင်းကြဲဖို့လည်းစဉ်းစားထာပါတယ်တဲ့ ။ လူငယ်အသင်းအတွက် စိတ်အလိုမကျဖြစ်ပြီး စိတ်ပျက်နေရကြောင်းလည်းဖော်ပြသွားပါသေးတယ် ။ နောက်ရာသီမှာဘယ်လိုတွေ အပြောင်းအလဲလုပ်ထားမလဲဆိုတာတော့….. နောက်မှသိရတော့မှာပေါ့ ။ Source : Daily Mail UK #TBS_Pedro
အနီးကပ် အပြီးသတ်ချိန်မှာ အလျင်အမြန်ရောက်လာခဲ့တဲ့ နေသန်ဘိုင်ရှော့
ဘိုင်ရှော့အနေနဲ့ ” မန်ချက်စတာယူနိုက်တက်အသင်းနဲ့အခုလိုဆက်နွယ်ခွင့်ရတဲ့အခွင့်အရေးဟာ အိပ်မက်တွေအမှန်တကယ်ဖြစ်လာတဲ့အခြေနေပါပဲ” လို့ပြောကြားခဲ့ပါတယ်။ “မန်ချက်စတာယူနိုက်တက်ဟာဂိုးဖမ်းသမားတွေနဲ့ပတ်သတ်ရင် ခမ်းနားတဲ့စံချိန်တွေရှိခဲ့တာပါ။ ကျွန်တော်အနေနဲ့ ဒီနည်းပြတွေ ဒီကစားသမားတွေနဲ့အတူတူတွဲပြီး အကောင်းဆုံးဖြစ်အောင် သက်သေပြဖို့ကိုမစောင့်စားနိုင်တော့ပါဘူး” “ ကျွန်တော် Southend ယူနိုက်တက်အသင်းကိုကျွန်တော့်ရဲ့အချိန်တစ်လျှောက်လုံးကျွန်တော့်အတွက်သူတို့လုပ်ခဲ့တဲ့အရာအားလုံးအတွက်ကျေးဇူးတင်ပါတယ်။ သူတို့ရဲ့ထောက်ခံမှုမပါဘဲ, ဒီပြောင်းရွှေ့မဖြစ်နိုင်ပါဘူး။” ထို့အပြင် ယူနိုက်တက်ရဲ့ကွင်းလယ်လူအီတန်ဟမ်မီတန်သည်ယခုရာသီ၏ပထမတစ်ဝက်ကို Southend တွင်အငှားချခဲ့သေးသည်။ Source : MU Official The Burmese Sports
My First Blog Post
Be yourself; Everyone else is already taken. — Oscar Wilde. This is the first post on my new blog. I’m just getting this new blog going, so stay tuned for more. Subscribe below to get notified when I post new updates.
Introduce Yourself (Example Post)
This is an example post, originally published as part of Blogging University. Enroll in one of our ten programs, and start your blog right. You’re going to publish a post today. Don’t worry about how your blog looks. Don’t worry if you haven’t given it a name yet, or you’re feeling overwhelmed. Just click theContinue reading “Introduce Yourself (Example Post)”