“လီဂါနက်စ်”တိုက်စစ်မှုးကိုခေါ်ဖို့ သဘောတူညီမှုရခဲ့တဲ့”ဘာစီလိုနာ”
“ဘာစီလိုနာ”အသင်းဟာ လာလီဂါပြိုင်ပွဲဝင်”လီဂနက်စ်”အသင်းရဲ့အဓိကတိုက်စစ်မှုး “ဘရိတ်ဝိတ်”ကို ယူရို(၁၈)သန်းနဲ့ခေါ်ယူဖို့ သဘောတူညီမှုရခဲ့ပြီဖြစ်ပါတယ်။”ဘရိတ်ဝိတ်”ဟာ “ဘာစီလိုနာ”နည်းပြ”ဆက်တီယန်”ရဲ့စိတ်ကြိုက်ကစားသမားဖြစ်ပြီး “အက်စ်တာနိုဗယ်ဗာဒီ”ရဲ့နေရာကိုအစားထိုးဖို့ရည်ရွယ်ချက်နဲ့ခေါ်ယူခြင်းဖြစ်ပါတယ်။”ဆက်တီယန်”ကိုယ်တိုင်ကလဲ “ဘရိတ်ဝိတ်”ကိုနှစ်သက်လွန်းတဲ့အတွက် ကိုယ်တိုင်ချဉ်းကပ်ခဲ့တာပါ။အသက်(၂၈)နှစ်အရွယ်ကစားသမားဟာ “ဘာစီလိုနာ”နဲ့2023ခုနှစ်အထိ သက်တမ်းရှိတဲ့စာချုပ်ကိုချုပ်ဆိုမှာဖြစ်ပြီး မကြာခင်နှစ်ဖက်အသင်းများက အပြောင်းအရွှေ့ကိုတရားဝင်ကြေညာတော့မှာဖြစ်ပါတယ်။ TBS_Harry
မယုံနိုင်စရာကောင်းလောက်တဲ့ စံချိန်တွေနဲ့ “ဟားလန်း”ရဲ့ကစားသမားဘဝ
လီဗာပူး”ကွင်းလယ်လူကို ခေါ်ယူဖို့ဆွေးနွေးမှုတွေပြုလုပ်တော့မယ့် “လက်စတာ”အသင်း
“လက်စတာ”ဟာ လီဗာပူးလ်ကွင်းလယ်လူ”လယ်လာနာ”ကို လာမယ့်နွေအပြောင်းအရွှေ့မှာခေါ်ယူဖို့ ကစားသမားရဲ့အေးဂျင့်ကို ချဉ်းကပ်ခဲ့ပါတယ်။အသက်(၃၁)နှစ်အရွယ် ကစားသမားဟာ ဒီရာသီကုန်ရင် “လီဗာပူး”နဲ့စာချုပ်သက်တမ်းကုန်ပြီဖြစ်ကာ ပရီးမီးယားလိဂ်ကလပ်အသင်းတချို့ကလဲ သူ့ကိုခေါ်ယူဖို့စိတ်ဝင်စားနေပါတယ်။”လက်စတာ”အသင်းမန်နေဂျာ”ရော်ဂျာ”က လာမယ့်နွေမှာ “လယ်လာနာ”ကိုခေါ်ယူဖို့ တခြားအသင်းတွေထက်ပိုပြီးရေပန်းစားနေတာပါ။”လီဗာပူး”ဘက်ကလဲ ကစားသမားကို သက်တမ်းတိုးတော့မှာမဟုတ်ကြောင်းနဲ့ အနာဂတ်အတွက်စိတ်ကြိုက်ရွေးချယ်ခွင့်ရှိကြောင်း ပြတ်ပြတ်သားသားသတိပေးထာပြီးဖြစ်ပါတယ်။ကစားသမားရဲ့စာချုပ်မှာ သူ့ရဲ့အသင်းဟောင်း(သို့)ပရီးမီးယားလိဂ်ပြိုင်ပွဲဝင်အခြားတစ်သင်းသင်းနဲ့ အကြိုသဘောတူစာချုပ်ချုပ်ဆိုနိုင်ကြောင်း ပါရှိပါတယ်။“ရော့ဂျာ”ဟာ လီဗာပူးနည်းပြလုပ်ခဲ့ဖူးတဲ့2014ခုနှစ်မှာ “လယ်လာနာ”ကို “ဆောက်သမ်တန်”အသင်းကနေ ကိုယ်တိုင်ရွေးချယ်ခေါ်ယူခဲ့သူပါ။”ကလော့ပ်”လက်အောက်မှာ ပုံမှန်ပွဲထွက်ခွင့်နေရာရဖို့ ခက်ခဲနေတဲ့”လယ်လာနာ”ဟာ ပရီးမီးယားလိဂ်(၃)ပွဲသာ ကစားခဲ့ရသူပါ။ဒါ့ကြောင့် လာမယ့်နွေမှာသေချာပေါက်အသင်းပြောင်းမှာဖြစ်ပြီး ဆရာဟောင်းနဲ့ပြန်ပေါင်းထုပ်မလားဆိုတာ ဖြစ်နိုင်ချေအများကြီးရှိပါတယ်။ TBS_Harry
အေတီကိုရဲ့ အိမ်ကွင်းမှာ ကြိုးကြာနီတို့အရေးနိမ့်ခဲ့ပေမဲ့ အန်ဖီးလ်ကွင်းနဲ့အတူ ခြိမ်းခြောက်စကားတွေဆိုခဲ့တဲ့ ကလော့ပ်
မနေ့ညက ဆောလ်ရဲ့ စောစီးသော ၄’မိနစ်အတွင်းဂိုးသွင်းမှုက ခံစစ်အားကိုးကစားတဲ့အေတီကိုနောက်ခံလူတွေအတွက် အများကြီးအကျိုးဖြစ်စေခဲ့ပါတယ် ။ အက်သလက်တီကိုနည်းပြ ဒီရေဂို ရဲ့ ကြိုးစားအားထုတ်မှုတွေကိုလည်း မနေ့ညကပွဲ ပရိသတ်တွေအနေနဲ့ အားရကျေနပ်မှုရှိခဲ့ပါတယ် ။ “လက်မှတ်ရနိုင်တဲ့ အက်သလက်တီကိုပရိသတ်အားလုံးကို အန်းဖီးလ်ကွင်းကနေကြိုဆိုပါတယ် ” လို့ လီဗာပူးနည်းပြကလော့ပ်က ပြောကြားခဲ့ပါတယ်။ ” စိတ်ခံစားမှုတွေက အရေးကြီးပါတယ် ။ ဒီကနေ့မှာတော့ သူတို့က လုံးလုံးလျားလျား အက်သလက်တီကိုဘက်ကရှိနေပေမဲ့ ဒုတိယအကျော့ကိုတော့ ငါမျှော်နေပါတယ် “ ” ဒီနေ့ည မင်းတို့တွေ့ခဲ့တဲ့ အားကစားကွင်းတစ်ခုရဲ့ ပြီးပြည့်စုံတဲ့အားသာမှု ၊ ရှိနေရှိသင့်တဲ့စွမ်းအားတွေကို အန်ဖီးလ်ကွင်းမှာလည်း မင်းတို့တွေ့ရမှာပါ၊ အချိန်တွေက စကားပြောသွားပါလိမ့်မယ် “ ” အခုအကျော့မှာ ၁-၀ နဲ့ ငါတို့ရှုံးနိမ့်ခဲ့ပေမဲ့ ၊ ဒုတိယအကျော့ ငါတို့ကွင်းမှာတော့ သူတို့ခံစားရမှာပါ “Continue reading “အေတီကိုရဲ့ အိမ်ကွင်းမှာ ကြိုးကြာနီတို့အရေးနိမ့်ခဲ့ပေမဲ့ အန်ဖီးလ်ကွင်းနဲ့အတူ ခြိမ်းခြောက်စကားတွေဆိုခဲ့တဲ့ ကလော့ပ်”
ဘတ်ရှုဝါရီအပေါ်လုပ်ခဲ့တဲ့ လုပ်ရပ်နဲ့ပတ်သတ်ပြီး ဝန်ခံခဲ့တဲ့ မာဂွယ်ယား
မနေ့ကပွဲမှာ ဘတ်ရှုဝါရီအပေါ်ဖြစ်ပွားခဲ့တဲ့ မာဂွယ်ယားရဲ့ အပြုအမူနဲ့ပတ်သတ်ပြီး အခုလိုဖြေရှင်းချက်ထွက်ခဲ့ပါတယ် ။ ” သူ့ကိုကျွန်တော်လိုက်ဖမ်းနိုင်ခဲ့ပေမဲ့ ကျွန်တော်ကန်ထုတ်လိုက်တာက ရည်ရွယ်ချက်ရှိရှိလုပ်ခဲ့တာမဟုတ်ပါဘူး ။ သူကျွန်တော့် အပေါ် လဲကျလာတော့မှာမို့ တားဖို့လုပ်ခဲ့တာပါ ။ ပြီးတော့ ကျွန်တော့်ခြေထောက်တွေက သူ့ကိုတားဖို့ ပင်ကိုယ်တုံ့ပြန်မှုကနေ ဆန့်ထွက်လာခဲ့တာပါ “ ” ဒါက ပင်ကိုယ်တုံ့ပြန်မှုတစ်ခုဖြစ်သလို သူ့ကိုလည်းတကယ်တောင်းပန်ပါတယ် ။ ပြီးတော့ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်ဟာလည်း မှန်ကန်ခဲ့တာပါပဲ “ ညက ချယ်လ်ဆီး နဲ့ မန်ချက်စတာယူနိုက်တက်ရဲ့ပရီးမီးယားလိဂ်ပွဲစဉ် (၂၆) မှာတော့ ယူနိုက်တက်က ၂ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပါတယ် ။ ပွဲထဲမှာ Var နဲ့ပတ်သတ်ပြီး အငြင်းပွားစရာတွေဖြစ်ခဲ့ကြသလို တစ်ကွင်းလုံး ချယ်လ်ဆီးပရိသတ်တွေရဲ့ ဆဲသံတွေနဲ့ ပြင်းထန်နေခဲ့ပါတယ် ။ နှစ်သင်းလုံး အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြပေမဲ့ချယ်လ်ဆီးအတွက်လည်း နစ်နာမှုတွေ အများကြီးရှိခဲ့တယ်လို့Continue reading “ဘတ်ရှုဝါရီအပေါ်လုပ်ခဲ့တဲ့ လုပ်ရပ်နဲ့ပတ်သတ်ပြီး ဝန်ခံခဲ့တဲ့ မာဂွယ်ယား”
ပရီးမီးယားလိဂ်ကရော မန်စီးတီးကိုအပြစ်ပေးမလားဆိုတာ တကယ်စိတ် ဝင်တစားဖြစ်တယ်ဆိုတဲ့ လီဗာပူးကစားသမားဟောင်း စတီဗင်ဂျာရက်
လီဗာပူးကစားသမားဟောင်း ကပ္ပတိန်ဖြစ်တဲ့ ဂျာရက်ဟာ ပြီးခဲ့တဲ့အပတ်က UEFA ရဲ့ အပြစ်ပေးခြင်းခံရတဲ့ မန်ချက်စတာစီးတီးအကြောင်းကို ယခုလိုပြောကြားခဲ့ပါတယ် ။ ” တကယ့်၊ တကယ်ကိုစိတ်ဝင်စားစရာပါပဲ ။ မန်စီးတီးအတွက်အဆိုးတွေပဲဆက်တိုက်ဖြစ်လာနေတယ် ။ အကယ်ရျ် ပရီးမီးယားလိဂ်ကပါ အပြစ်ပေးခံရရင်တော့ ကြားထဲမှာရခဲ့တဲ့ ၂၀၁၃-၂၀၁၄ ရာသီက ဆုပါ ပြန်သိမ်းသွားနိုင်တယ် ။ ဒီအခါ အကုန်နီးပါးဆုံးရှုံးသွားနိုင်တယ်လို့ ပြောကြားခဲ့ပါတယ် ။ လွန်ခဲ့တဲ့သောကြာနေ့က မန်စီးတီးအသင်းဟာ ယူအီအက်ဖ်အေမှ နှစ်ရာသီစာ အနားပေးခြင်းခံရတဲ့အပြင် ပေါင်သန်း (၃၀) ပါ ဒဏ်ဆောင်ခဲ့ရပါတယ် ။ ဒီရက်ပိုင်းတွေမှာလည်း အသင်းပိုင်ရှင် ရှိခ်မန်ဆွာက ကစားသမားတွေနဲ့ တောက်လျှောက်တွေ့ဆုံမှုတွေ ပြုလုပ်နေပါတယ် ။ အခုအမှုက ပက်ဂွါဒီယိုလာအတွက်လည်း တော်တော်လေးအကြပ်ရိုက်နေတာပါ။ ပက် အနေနဲ့ အသင်းကထွက်ခွာမလား ဆက်ရှိနေမလားဆိုတာလည်း စောင့်ကြည့်ရဦးမှာမို့ မန်စီးတီးဖန်တွေကတော့အယူခံဝင်တာContinue reading “ပရီးမီးယားလိဂ်ကရော မန်စီးတီးကိုအပြစ်ပေးမလားဆိုတာ တကယ်စိတ် ဝင်တစားဖြစ်တယ်ဆိုတဲ့ လီဗာပူးကစားသမားဟောင်း စတီဗင်ဂျာရက်”
ပရီးမီးယားလိဂ်မှာ ပထမဆုံးအနေနဲ့ဂိုး(၅၀)သွင်းတဲ့ အာရှသားတစ်ဦးဖြစ်ခဲ့တဲ့ ဆွန်ဟောင်မင်
ဆွန်ဟောင်မင်ဟာ အသက်(၂၇)နှစ်ရှိပြီးဖြစ်တဲ့ တောင်ကိုရီးယားလက်ရွေးစင်ကစားသမားတစ်ဦးဖြစ်ပါတယ် ။ ပရီးမီးယားလိဂ်ရဲ့ လန်ဒန်ကလပ်တစ်ခုဖြစ်တဲ့ စပါးရှေ့တန်းတိုက်စစ်ကစားသမား ဆွန်ဟောင်မင်ဟာ ဒီညပွဲအပြီးမှာ ဂိုး(၅၀)သွင်းနိုင်တဲ့ ပထမဆုံးသော အာရှသားအဖြစ်သတ်မှတ်ခံလိုက်ရပါပြီ ။ ယခုည ဗီလာပက်ခ်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ အက်စတွန်ဗီလာနဲ့ တော့တင်ဟမ်တို့ပွဲမှာ ဆွန်ဟောင်မင်က ၄၅’+၂ မိနစ်မှာ တစ်ဂိုးသွင်းယူပြီး ပွဲပိတ် ၉၀’+၄ မိနစ်မှာ အပိတ်ဂိုးသွင်းယူခဲ့ပါတယ် ။ ပွဲပြီးတဲ့အခါမှာတော့ ၂-၃ ဂိုးနဲ့ စပါးတို့ အိမ်အပြန်လှခဲ့ပါတယ် ။ ဆွန်ယောင်မင်ဟာ ယခင်က အိုးထရက်ဖ်ဖို့က နာမည်ကြီးအာရှကစားသမား ပက်ဂျီဆန်မရှိတော့သည့်နောက်ပိုင်း ပရီးမီယားလိဂ်ရဲ့ နာမည်ကြီးအာရှ ကစားသမားတစ်ဦးဖြစ်လာခဲ့ပါတယ် ။ ဆွန်က မော်ရင်ဟို့ရဲ့ပွဲမြူး ဂိုးမြူးလေးပေါ့ ။ Ref : goal.com TBS_Pedro
ပေါ့ဘာနဲ့ အလဲအထပ်လုပ်ဖို့ စောင့်ကြည့်ထားတဲ့ ဂျူဗင်တပ်ရဲ့ ကွင်းလယ်လူနှစ်ဦး
ပေါ့ဘာရဲ့အသင်းအပေါ်ကိုစိတ်မဝင်စားမှုတွေ စိတ်မပါမှုတွေနဲ့ အသင်းကထွက်ဖို့ တာဆူနေတဲ့ သတင်းတွေ ပလူပျံနေတဲ့ကြားက ယူနိုက်တက်ဘက်ကလည်း အခုလိုတုံ့ပြန်သတင်းထွက်ပေါ်ခဲ့ပါတယ် ။ မသေချာတော့တဲ့ ပေါ့ဘာရဲ့ အနာဂတ်ကြောင့် ဂျူဗင်တပ်က ကွင်းလယ်လူနှစ်ယောက်ကို ရွေးချယ်ထားတယ်ဆိုပြီး ယူနိုက်တက်ဘက်ကပြောဆိုခဲ့ပါတယ် ။ အကယ်ရျ် ပေါ့ဘာက ဂျူဗင်တပ်ကို ပြန်လာမယ်ဆိုရင် ရမ်ဆေး နဲ့ ရားဘီရော့ ကို လက်မှတ်ထိုးခေါ်ယူဖြစ်မှာပါ ။ ဆာရီအောက်မှာ ကစားကွက်ပျောက်နေတာဖြစ်လို့ အခုလိုပြောင်းရွှေ့ဖို့သတင်းတွေ ထွက်ပေါ်ခဲ့တာပါ ။ လွန်ခဲ့တဲ့နှစ်တွေကလည်း ရမ်ဆေးနဲ့ရားဘီးရော့ကို ချိတ်ဆက်ခဲ့ဖူးပါတယ် ။ ရမ်ဆေးကိုယ်တိုင်က ကာဒစ်ဖ်မှာရှိတုန်းက မန်ယူကိုစိတ်ဝင်စားခဲ့ပေမဲ့ ၂၀၀၈ ခုနှစ်မှာတော့ဝှေးလ်အင်တာနေရှင်နယ်ကနေ ထွက်ပြီး အာဆင်နယ်ကိုပဲချိတ်ဆက်မိခဲ့ပါတယ် ။ ရားဘီးရော့ကတော့ ပီအက်စ်ဂျီကထွက်တုန်းက ယူနိုက်တက်ကိုလာဖို့ ရည်ရွယ်ခဲ့ပေမဲ့ အခွင့်မသာခဲ့ပါဘူး နှစ်ဦးစလုံးကတော့ အီတလီကနေထွက်ခွာပြီး အိုးထရက်ဖို့ကို ဦးစားပေးရွေးချယ်မှုထားနေပါတယ်။ အကယ်ရျ် ပေါ့ဘာနဲ့သာContinue reading “ပေါ့ဘာနဲ့ အလဲအထပ်လုပ်ဖို့ စောင့်ကြည့်ထားတဲ့ ဂျူဗင်တပ်ရဲ့ ကွင်းလယ်လူနှစ်ဦး”
မန်ချက်စတာယူနိုက်တက်ရဲ့ နည်းပြ ဆိုးလ်ရှား သူ့အလုပ်အတွက် စိုးရိမ် ပူပန်စရာရှိနေ
ဇန်နဝါရီအတွင်းအပြောင်းအရွှေ့တောင်းဆိုမှုတွေပြီးရင် အသင်းအတွက် လက်မှတ်ထိုးထားစရာကိစ္စတွေ တောင်းဆိုမှုတွေဟာ အဆင်ပြေပါ့မလားဆိုတဲ့စိတ်နဲ့ နည်းပြအလုပ်ကိုစိုးရိမ်နေရပါတယ်လို့သိရပါတယ် ။ The Mirror ရဲ့ဖော်ပြချက်အရသူက ကလပ်မှာပါဝင်စေချင်တဲ့သူတွေကို အက်ဝုဒ်ဝက်ဒ်ကို ပြော​ပြထားပါတယ် ။ပြီးတော့ဆောင်းရာသီအပြောင်းအရွှေ့မှာလည်းဘရူနို နဲ့ အီဂ်ဟာလိုကိုပဲ ခေါ်ထားရသေးတယ်ဆိုတာပါပဲ ။ သူချိတ်ဆက်ခဲ့တဲ့ထဲမှာ မက်ဒီဆင် ၊ ဂရေးလစ်ရှ် ၊ဟားလန်းလည်းပါဝင်ပါသေးတယ် ။ဒါပေမဲ့လက်မှတ်ထိုးဖို့အဆင်မပြေဖြစ်ခဲ့ပါတယ် ။ ဆိုးရှားလ်အတွက်တော့ မေးခွန်းပေါင်းများစွာနဲ့ဘယ်လိုရှေ့ဆက်မလဲဆိုတာရယ် သူ့အလုပ်အတွက်ဆိုးကျိုးတွေအရမ်းများနေပြီဖြစ်ပြီးဘယ်လိုဗျူဟာနဲ့ ပြန်ထလာမလဲဆိုတာရယ်ပါပဲ TBS_Pedro
မန်စီးတီးကို (၂)ရာသီချန်ပီယံလိဂ်ကစားခွင့်ပိတ်ပင်ခဲ့တဲ့အပေါ် စိတ်မကောင်းဖြစ်မိကြောင်း “ကလော့ပ်”ပြောကြား
လက်ရှိပရီးမီးယားလိဂ်ချန်ပီယံအသင်းကို UEFAက ငွေကြေးဆိုင်ရာစည်းမျဉ်းများ အကြီးအကျယ်ချိုးဖောက်မှုအတွက် ဘောလုံးရာသီ(2)ရာသီတိုင် ချန်ပီယံလိဂ်ကစားခွင့်ပိတ်ပင်ကြောင်း သောကြာနေ့ကထုတ်ပြန်လိုက်ပါတယ်။ဒီသတင်းနဲ့ပတ်သက်ပြီး နော်ဝစ်ခ်ျ-လီဗာပူးပွဲစဉ်အပြီး “ကလော့ပ်”ကို မီဒီယာများကမေးမြန်းရာ –“ဒီသတင်းကိုကြားကြားချင်းပဲ တုန်လှုပ်သွားတယ်။သူတို့ဘာလို့ဒီလိုဖြစ်လဲဆိုတာ ကျွန်တော်မသိပါဘူး။ဘောလုံးနည်းပြတစ်ယောက်အနေနဲ့ ကျွန်တော်ပြောနိုင်တာက မန်စီးတီးဟာ Pepလက်အောက်မှာ ပုံစံကောင်းတွေပြနေတဲ့အသင်းပါ။Pepကြိုးစားနေတာတွေ၊မန်စီးတီးအသင်းလုပ်ဆောင်နေတာတွေအကုန်လုံးကို ကျွန်တော်လေးစားပါတယ်။ဒီပြစ်ချက်တစ်ခုအတွက်နဲ့ မန်စီးတီးအသင်းရပ်တန့်သွားမှာမဟုတ်ပါဘူး”လို့ ဖြေကြားခဲ့ပါတယ်။ Ref : Sky Sports TBS_Harry
Design a site like this with WordPress.com
Get started