ပရီးမီးယားလိဂ်ပွဲစဉ်တွေကို လတ်တလောဖြစ်ပွားနေတဲ့”ကိုရိုနာဗိုင်းရပ်စ်”ကြောင့် ဧပြီလ(30)အထိရပ်နားထားတာဖြစ်ပါတယ်။အဲ့ဒီနောက်ပိုင်း လက်ကျန်ပွဲစဉ်တွေကိုဆက်ကစားမှာဖြစ်ပြီး ဇွန်လ(30)မတိုင်ခင် အပြီးသတ်မယ်လို့ ထုတ်ပြန်ထားပါတယ်။ဇွန်လ(30)ရက်နေ့မှာ အသင်းနဲ့သက်တမ်းကုန်မယ့် ပရီးမီးယားလိဂ်ကစားသမားတွေကို ဖော်ပြလိုက်ပါတယ်။ Foster(Watford)Clyne(Liverpool)Vertonghen(Tottenham)Tanganga(Tottenham)Cedric(Arsenal)Loan*Fraser(Bournemouth)Willian(Chelsea)David Silva(Man City)Lallana(Liverpool)Pedro(Chelsea)Giroud(Chelsea)Ighalo(Man Utd)Loan*Sidibe(Everton)Loan*Pepe Reina(Aston Villa)Loan* အငှားခေါ်ယူထားတဲ့ကစားသမားတွေကို အပြီးသတ်ဝယ်ယူခွင့်ရှိသော်လည်း ပါဝင်ကစားခွင့်ရမယ့်နေ့ကို အတိအကျမထုတ်ပြန်သေးပါဘူး။ TBS
Author Archives: zwelyanzy26
လာမယ့်အင်္ဂါနေ့မှာ လေ့ကျင့်ရေးပြန်ဆင်းတော့မယ့် အာဆင်နယ်
လွန်ခဲ့တဲ့ရက်သတ္တပတ်က အားကစားလောကမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူတွေထဲမှ အာဆင်နယ်နည်းပြ အာတီတာလည်း ပါဝင်ခဲ့ပါတယ် ။ နောက်ပြီး အိုလံပီယာကိုစ်ပိုင်ရှင်မှာလည်းရောဂါဖြစ်ပွားခဲ့တာတွေကြောင့် အာဆင်နယ် အသင်းသားတွေက ၁၄ ရက်စောင့်ကြည့်ခံထားရတာပါ။ ဒါပေမဲ့ လာမယ့် အင်္ဂါနေ့မှာတော့ အသင်းသားအားလုံးလေ့ကျင့်ရေးပြန်ဆင်းတော့မှာဖြစ်ပြီးဧပြီလ (၄)ရက်နေ့မှာ ကစားမယ့် နော်ဝှစ်ချ်နဲ့ ပွဲအတွက်ကြိုးပမ်းကြတော့မှာပါ ။ ( ပွဲတွေပြန်လာတော့မယ်ဆိုပေမဲ့ ကြားရက်တွေက ပရိသတ်တွေအတွက် ပျင်းစရာအရမ်းကောင်းနေပါပြီ….. 😒😒😒 ) TBS
“လာလီဂါ”ရာသီ ရပ်နားလိုက်မယ်ဆိုရင်ဘာတွေဖြစ်လာနိုင်လဲ?
“ကိုရိုနာဗိုင်းရပ်စ်”ကြောင့် အဓိကအားကစားပွဲတွေအကုန်ရပ်နားထားရပါတယ်။ပြိုင်ပွဲတွေကို ဧပြီလဆန်းပိုင်းထဲ ပြန်ကစားစေမယ်ဆိုပေမယ့် ဗိုင်းရပ်စ်အခြေအနေက တစ်ရက်ထက်တစ်ရက်ပိုဆိုးလာလို့ ဘောလုံးပွဲတွေကိုအပြီးသတ်ရပ်ဆိုင်းနိုင်ပါတယ်။လာလီဂါမှာဆိုရင် “ဘာစီလိုနာ”ကဇယားထိပ်ကိုဦးဆောင်ထားပေမယ့် ဒုတိယနေရာက”ရီးရဲလ်မက်ဒရစ်”နဲ့ နှစ်မှတ်ပဲကွာတာပါ။ တန်းဆင်းဇုံမိနေတဲ့(၃)သင်းက “မာလော့ကာ” “လီဂါးနက်စ်” “အက်စပန်ညို”တို့ဖြစ်ပါတယ်။ဒီထဲမှာ”မာလော့ကာ”ဟာ တန်းဆင်းဇုံကလွတ်ဖို့ (၁)မှတ်သာလိုတဲ့အနေအထားပါ။ဒီလိုအနေအထားမျိုးမှာ လာလီဂါကို ရပ်နားမလား၊ဆက်ကန်မလား နှစ်ခုထဲကတစ်ခုရွေးရတော့မှာဖြစ်ပါတယ်။အပြီးသတ်ရပ်နားလိုက်မယ်ဆိုရင် လက်ရှိအမှတ်ပေးဇယားကိုဦးဆောင်ထားတဲ့”ဘာစီလိုနာ”ကဖလားရမှာဖြစ်ပါတယ်။ တစ်နှစ်တာအကောင်းဆုံးလူငယ်ကစားသမားဆုကို “ရီးရဲလ်ဆိုစီဒက်”အသင်းက အသက်၂၁နှစ်အရွယ်”မာတင်အိုဒီဂတ်”က ရရှိမှာဖြစ်ပါတယ်။”အိုဒီဂတ်”ကို ရီးရဲလ်မက်ဒရစ်အသင်းကအငှားချထားတာဖြစ်ပြီး “ဆိုစီဒက်”မှာ (၄)ဂိုးသွင်းပြီး ဂိုးထောက်ပံ့မှု(၅)ကြိမ်လုပ်ထားသူပါ။အကောင်းဆုံးဂိုးသမားဆုကို”ရီးရဲလ်မက်ဒရစ်”ဂိုးသမား”ကော်တိုရစ်”ကရရှိမှာဖြစ်ပါတယ်။”ကော်တိုရစ်”ဟာ ဒီရာသီလာလီဂါပွဲထွက်ခွင့်ရတဲ့(24)ပွဲမှာ(12)ကြိမ်Clean Sheetယူထားပြီး ပေးဂိုး(16)ဂိုးပဲ ပေးခဲ့ရတာပါ။ အကောင်းဆုံးနောက်ခံလူအဖြစ်”ရားမို့စ်”ကိုရွေးချယ်မယ်ဆိုရင် ဘယ်သူမှသံသယဖြစ်မယ်မထင်ပါဘူး။သူဟာ ဂိုးရနိုင်တဲ့(၅)ဂိုးကို ဖြတ်ထုတ်ခဲ့ပြီး ဂိုးသမား”ကော်တိုရစ်”ကိုကူညီပြီး ဂိုးမပေးရအောင် ခုခံနိုင်ခဲ့ပါတယ်။လာလီဂါရဲ့ တစ်နှစ်လုံးစာ ဘက်စုံထူးချွန်ကစားသမားအဖြစ် အာဂျင်တီးနားသား”မက်ဆီ”ပဲ ရဖို့ရှိပါတယ်။”မက်ဆီ”ဟာ ဒီရာသီလာလီဂါမှာ(19)ဂိုးသွင်းပြီး (12)ကြိမ်ဂိုးထောက်ပံ့ထားနိုင်သူဖြစ်ပါတယ်…….. TBS
ဘရူနိုဖာနန်ဒက်စ်နဲ့အီဂါလိုဟာ ယူနိုက်တက်အတွက် ချန်ပီယံလိဂ်ဆီသို့ လမ်းပြကြယ်တွေပါပဲ
ယူနိုက်တက်ကို ဇန်နဝါရီလကရောက်ရှိလာတဲ့ ကစားသမားအသစ်နှစ်ဦးကတော့ စပို့တင်းကဖာနန်ဒက်စ် နဲ့ ရှန့်ဟိုင်းကလပ်က အီဂါလိုပါ ။ ပွဲစဉ်အနည်းငယ်ကစားပြီးချိန်မှာတော့တိုးတက်မှုအရှိဆုံးကစားသမားတွေအဖြစ်နာမည်ရနေပါတယ် ။ ကိုယ်တိုင်လည်းကြိုးစားကြသလို အသင်းကိုလည်းအများကြီးထောက်ပံ့ပေးနိုင်ကြတာပါ။ဆိုးရှားလ်အနေနဲ့ကတော့ အခက်အခဲတွေအများကြီးဖြတ်ခဲ့ရပြီးနောက် ရှုံးပွဲမရှိ (၁၁)ပွဲစံချိန်ကိုပြန်ရရှိလာပါတယ် ။ အားလုံးရဲ့ဝေဖန်မှုတွေကတော့ လူသစ်နှစ်ယောက်ကိုရွေးချယ်တာဟာ ဆိုးရှားလ်ရဲ့ အသင်းအတွက် မှန်ကန်တဲ့ရွေးချယ်မှုဖြစ်ကြောင်း ပြောခဲ့ကြတာပါ ။ မန်ယူအသင်းအနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ကြိုးစားနေချိန်မှာ အီဂါလိုနဲ့ဖာနန်ဒက်စ်ဟာ အကောင်းဆုံးဦးဆောင်နိုင်တဲ့ လမ်းပြကြယ်တွေပဲလို့ဆိုခဲ့တာပါ ။ TBS
အငှားချဂိုးသမားလေး“ဒီးန်ဟန်ဒါဆန်”ကို သူများလက်ထဲမရောက်စေဖို့ မန်ယူပြန်ခေါ်မယ်
မန်ယူအသင်းဟာ ရှက်ဖီးလ်ယူနိုက်တက်ကို အငှားချထားတဲ့ ဂိုးသမားလေး”ဒင်းဟန်ဒါဆန်”ကို တစ်ပတ်လုပ်ခပေါင်(၁၀၀၀၀၀)ပေးပြီး အသင်းဆီပြန်လာဖို့ ကမ်းလှမ်းသွားမှာဖြစ်ပါတယ်။”ဒင်း”ဟာ ချယ်ဆီးအသင်းရဲ့စောင့်ကြည့်ခြင်းခံနေရတဲ့ ဂိုးသမားတစ်ဦးပါ။”ဒင်း”ဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ Clean Sheets(10)ကြိမ်အထိ ယူပေးထားသူဖြစ်ပါတယ်။မန်ယူအသင်းဟာ ရုန်းကန်နေရတဲ့ဂိုးသမား”ဒီဂီယာ”နေရာကို “ဒင်း”ကို အစားထိုးဖို့ ဖုန်းခေါ်ပြီးဆက်သွယ်ခဲ့ပါတယ်။”ဒင်း”ဟာ ရှက်ဖီးလ်ယူနိုက်တက်က သူ့အသင်းဖော်တွေကို ယူနိုက်တက်ကNo.1နေရာမပေးရင် မသွားဘူးလို့ပြောထားပါတယ်။အင်္ဂလန်နည်းပြ”ဆောက်ဂိတ်”ကလဲ “ဒင်း”ရဲ့လက်စွမ်းကိုသဘောကျနေပြီ “ပစ်ဖို့ဒ်”နေရာအတွက် ချိန်ရွယ်ထားတယ်လို့ ဆိုပါတယ်။ TBS
ရောဂါဖြစ်ပွားမှုကြောင့် ဒုက္ခရောက် သူတွေအတွက်ငွေလှူဒါန်းခဲ့ကြတဲ့ လီဗာပူးပရိသတ်များ 🔥⚽️
ကိုရိုနာဗိုင်းရပ်စ် 🦠 ဖြစ်ပွားခဲ့မှုတွေကြောင့်လီဗာပူးအသင်း,ပရိသတ်တွေအားလုံးစုပေါင်းပြီး@Sfoodbanks ကို ပေါင် ၄၀၀၀၀ လှူဒါန်းခဲ့ပါတယ် ” ကျွန်တော်တို့အားလုံးက ဒီလိုပဲ လူ့အဖွဲ့အစည်းကိုကူညီပေးကြရမှာပေါ့ ။ ဒီထက်လည်း ကျွန်တော်တို့ ပရိသတ်တွေရော ကစားသမားတွေရောအားလုံးစုပေါင်းပြီး အများကြီးဆက်လုပ်သွားဖို့ရှိပါသေးတယ် ” လို့ လီဗာပူးဖောင်ဒေးရှင်း ဒါရိုက်တာကပြောကြားခဲ့ပါတယ် ။ TBS
ပရီးမီးယားလိဂ်နဲ့ပတ်သက်ပြီး Sky Sportsရဲ့နာည်ကျော်သတင်းထောက်”ဆိုဟဲလ်ကို”ရဲ့အမြင်
အခုတလော ကြောက်စရာကောင်းတဲ့”ကိုရိုနာဗိုင်းရပ်စ်”နှိပ်စက်လို့ စနေ၊တနင်္ဂနွေညတွေ ခြောက်ကပ်ခဲ့ရပြီ။ပရီးမီးယားလိဂ်ကို လာမယ့်ဧပြီလ(၄)ရက်နေ့အထိ ရပ်တန့်ထားမယ်လို့ တရားဝင်ဖော်ပြထားပေမယ့် အခြေအနေမဟန်ရင် ရာသီပိတ်သိမ်းလိုက်တာမျိုးလဲဖြစ်လာနိုင်ပါတယ်။ဒါပေမယ့် Sky Sportsရဲ့နာမည်ကျော်သတင်းထောက်တစ်ဦးဖြစ်တဲ့”ဆိုဟဲလ်ကို”က ပရီးမီးယားလိဂ်ဟာ ဒီရာသီမပိတ်သိမ်းပဲဆက်ကစားဖို့75%အထိ ဖြစ်နိုင်ချေရှိတယ်လို့ဆိုပါတယ်။လက်ရှိအခြေအနေအရ “လီဗာပူး”ဟာ ဖလားရဖို့ လာမယ့်(၂)ပွဲသာ အနိုင်ရဖို့လိုနေတာဖြစ်ပြီး နော်ဝစ်ချ်၊အက်စတွန်ဗီလာနဲ့ ဘုန်းမောက်ရဲ့အခြေအနေဟာ တန်းဆင်းဇုံထဲမှာရှိနေပါတယ်။ပရီးမီးယားလိဂ်အသင်း(၂၀)ရဲ့ တာဝန်ရှိသူတွေဟာ လာမယ့်ကြာသပတေးနေ့မှာ ကျွမ်းကျင်တဲဆေးကုသမှုအကြံဉာဏ်တွေ၊လက်ကျန်ရာသီကိုဘာဆက်လုပ်မလဲဆိုတဲ့ ရွေးချယ်ခွင့်တွေနဲ့ပတ်သက်ပြီး အသေးစိတ်ဆွေးနွေးကြမှာဖြစ်ပါတယ်။သတင်းထောက်”ဆိုဟဲလ်ကို”က ဒီရာသီလုံးဝပိတ်သိမ်းလိုက်ရင် တချို့ပရီးမီးယားလိဂ်အသင်းတွေက နှုတ်ထွက်မယ့်အလားအလာရှိတယ်လို့ဆိုထားပါတယ်။ဒီရာသီပိတ်သိမ်းလိုက်ပါက ပရီးမီးယားလိဂ်ဖလားကို “လီဗာပူး”ကိုပေးအပ်သွားမှာဖြစ်ပါတယ်။ TBS ပရီးမီးယားလိဂ်နဲ့ပတ်သက်ပြီး Sky Sportsရဲ့နာမည်ကျော်သတင်းထောက်”ဆိုဟဲလ်ကို”ရဲ့အမြင် အခုတလော ကြောက်စရာကောင်းတဲ့”ကိုရိုနာဗိုင်းရပ်စ်”နှိပ်စက်လို့ စနေ၊တနင်္ဂနွေညတွေ ခြောက်ကပ်ခဲ့ရပြီ။ပရီးမီးယားလိဂ်ကို လာမယ့်ဧပြီလ(၄)ရက်နေ့အထိ ရပ်တန့်ထားမယ်လို့ တရားဝင်ဖော်ပြထားပေမယ့် အခြေအနေမဟန်ရင် ရာသီပိတ်သိမ်းလိုက်တာမျိုးလဲဖြစ်လာနိုင်ပါတယ်။ဒါပေမယ့် Sky Sportsရဲ့နာမည်ကျော်သတင်းထောက်တစ်ဦးဖြစ်တဲ့”ဆိုဟဲလ်ကို”က ပရီးမီးယားလိဂ်ဟာ ဒီရာသီမပိတ်သိမ်းပဲဆက်ကစားဖို့75%အထိ ဖြစ်နိုင်ချေရှိတယ်လို့ဆိုပါတယ်။လက်ရှိအခြေအနေအရ “လီဗာပူး”ဟာ ဖလားရဖို့ လာမယ့်(၂)ပွဲသာ အနိုင်ရဖို့လိုနေတာဖြစ်ပြီး နော်ဝစ်ခ်ျ၊အက်စတွန်ဗီလာနဲ့ ဘုန်းမောက်ရဲ့အခြေအနေဟာContinue reading “ပရီးမီးယားလိဂ်နဲ့ပတ်သက်ပြီး Sky Sportsရဲ့နာည်ကျော်သတင်းထောက်”ဆိုဟဲလ်ကို”ရဲ့အမြင်”
“မန်ယူ”မှာနေရတဲ့ အတွေ့အကြုံကိုဝေမျှခဲ့တဲ့ “ဘရူနိုဖာနန်ဒက်စ်”
ပေါ်တူဂီကွင်းလယ်ကစားသမား”ဘရူနိုဖာနန်ဒက်စ်”ဟာ ပြီးခဲ့တဲ့ဇန်နဝါရီ(29)ရက်နေ့ကမှ ယူနိုက်တက်ကိုရောက်လာခဲ့တာပါ။”ဖာနန်ဒက်စ်”ဟာ ယူနိုက်တက်မှာနေရတဲ့အတွေ့အကြုံနဲ့ပတ်သက်ပြီး SkySportsကနေ အခုလိုဝေမျှခဲ့ပါတယ်။“ကျွန်တော်ဒီကိုလာဖို့အခွင့်အရေးရှိတုန်း အမြန်ပဲ ဆုံးဖြတ်ချက်ချလိုက်တယ်။ဒါကို(၂)ခါစဉ်းစားစရာတောင် မလိုပါဘူး။ဒီအကြောင်း “စပို့တင်း”အသင်းကိုအသိပေးပြီးသားပါ။သူတို့ကလဲ ယူနိုက်တက်ကို ကျွန်တော်ပြောင်းရွှေ့နိုင်ဖို့ ဆွေးနွေးမှုတွေ လုပ်ပေးခဲ့ပါတယ်။”စပို့တင်း”အသင်းကို ကျွန်တော်အသွားချင်ဆုံးအသင်းက ယူနိုက်တက်ဆိုတာ ပြောပြထားပါတယ်။လွန်ခဲ့တဲ့တစ်လကျော်ထဲက ယူနိုက်တက်နဲ့ကျွန်တော် တစ်သားတည်းဖြစ်တယ်လို့ခံစားမိပါတယ်။ကျွန်တော်ဟာ နိုင်ပွဲတွေဆာလောင်တယ်၊ပေးဆပ်ချင်တယ်၊တစ်ပွဲထက်တစ်ပွဲ ပိုပြီးကောင်းအောင်ကြိုးစားချင်တယ်။ဒါတွေအားလုံး သူတို့နဲ့ထပ်တူကျပါတယ်။အသင်းအတွက် အာရုံစူးစိုက်မှုရှိရမယ်၊မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေချနိုင်ရပါမယ်။ကျွန်တော်မရောက်လာရင်လဲ ယူနိုက်တက်ကဒီလိုခံယူချက်တွေရှိပြီးသားလို့ ထင်ပါတယ်။ဘာလို့လဲဆိုတော့ ကစားသမားတစ်ယောက်ထဲက အသင်းကိုပြောင်းလဲမပစ်နိုင်ဘူး။ကစားသမားတွေအားလုံး တစ်ယောက်ကိုတစ်ယောက်ဖေးမကူညီမှသာ အသင်းတစ်သင်းက ပြောင်းလဲလာမှာပါ။ကျွန်တော်ရောက်လာကတည်းက ဒီအသင်းမှာဒီလိုမျိုးတွေ့ခဲ့ရတယ်။ကျွန်တော်က ယူနိုက်တက်ကို ကူညီမယ့်နောက်ထပ်ကစားသမားတစ်ယောက်ပေါ့။ဒီအသင်းကိုရောက်လာတာ ကျေနပ်စရာကောင်းပါတယ်။ပထမဆုံးနေ့ကတည်းက ပရိသတ်တွေဆီကအားပေးမှုတွေရခဲ့တယ်။ဒါတကယ့်ကိုထူးဆန်းတာပဲ။ပထမဆုံးပွဲဦးထွက်မှာကတည်းက သူ့တို့ဆိုတဲ့သီချင်းတွေကိုကြားနေရတယ်။ကျွန်တော်ဒီကိုရောက်ပြီး ဒုတိယရက်မှာပဲ သူတို့ကကျွန်တော့်အတွက် သီချင်းတစ်ပုဒ်တောင်စပ်ပြီးနေပြီ။သူတို့ကျွန်တော့်ကိုချစ်သလို ကျွန်တော်လဲသူတို့ကိုအရမ်းချစ်တယ်။အကယ်၍ ခင်ဗျားဟာ စွန့်စားမှုတစ်ခုလုပ်လိုက်လို့ ကျရှုံးသွားခဲ့မယ်ဆိုရင်တောင် ပရိသတ်ရဲ့ ထောက်ခံမှုနဲ့ တွန်းအားတွေကိုရရင် ပြန်ပြီးကြိုးစားလို့ရပါသေးတယ်။သူတို့ကျွန်တော့်ကို မေတ္တာထားသလို ကျွန်တော်လဲ သူတို့ကိုမေတ္တာထားပါတယ်” ဘရူနိုဖာနန်ဒက်(မန်ယူ) TBS
“မန်စီးတီး”ကို ပြန်လည်တည်ဆောက်ဖို့လိုကြောင်း ဒေါသတကြီးထောက်ပြသွားတဲ့ နောက်ခံလူဟောင်း
မနေ့ညကယှဉ်ပြိုင်ခဲ့တဲ့ မန်ချက်စတာဒါဘီပွဲမှာ ဂွါဒီယိုလာရဲ့အသင်းဟာ မန်ယူကို(၂)ဂိုးပြတ်အရေးနိမ့်ခဲ့ပါတယ်။ဒါ့ကြောင့် မန်စီးတီးဟာ ဒီရာသီပရီးမီးယားလိဂ်မှာ ရှုံးပွဲ(၇)ပွဲရှိခဲ့ပြီး နည်းပြ”ဂွါဒီယိုလာ”ကိုင်တွယ်ခဲ့တဲ့သက်တမ်းတစ်လျှောက် အဆိုးရွားဆုံးရာသီဖြစ်လာပါတယ်။မန်စီးတီးနောက်ခံလူဟောင်း “မိုက်ကယ်ရစ်ချက်”က သူ့အသင်းဟာ ရှေ့ကိုဆက်သွားချင်တယ်ဆိုရင် ခံစစ်ပိုင်းနဲ့ပတ်သက်ပြီး ပြင်ဆင်မှုတွေလုပ်ရမယ်လို့ Sky Sportsကနေ ပြောဆိုခဲ့ပါတယ်။”ရစ်ချက်”က – “မန်စီးတီးက မတုပ်လှုပ်တော့ပါဘူး။ဆုဖလားဆာလောင်မွတ်သိပ်ခြင်းနဲ့ပတ်သက်ပြီး မေးခွန်းမထုတ်ချင်ပါဘူး။ဒါပေမယ့် ဒီပွဲကအရမ်းအရေးကြီးတဲ့ဒါဘီပွဲပါ။ပွဲကြီးပွဲကောင်းပါ။ဒီပွဲမှာ မန်စီးတီးက အားကြိုးမာန်တက်မရှိခဲ့ဘူး။နောက်ရာသီမှာ ဆုဖလားတွေလိုချင်တယ်ဆိုရင် သူတို့အပြောင်းအလဲအနည်းငယ်လုပ်သင့်ပါတယ်။ငါ့အမြင်တော့ “ဖာနန်ဒင်ဟို”က ဗဟိုခံစစ်မှုးတစ်ယောက်မဟုတ်ပါဘူး။သူ့ကို ကွင်းလယ်ထားကစားတာပိုကောင်းပါတယ်။”အော်တာမန်ဒီ”ရဲ့စွမ်းဆောင်ရည်ကောင်းတွေမမြင်ရတာ နှစ်ရာသီမကတော့ဘူး။”ဂျွန်စတုန်း”ကလဲ သူကစားနေကျပုံစံနဲ့မတူတော့ဘူး။သူ့အပေါ် နည်းပြရဲ့ယုံကြည်မှုပျောက်ဆုံးနေလို့လား?ဖြစ်နိုင်ပါတယ်။မန်ယူကိုရှုံးတဲ့ပွဲအတွက် ဂိုးသမား”အီဒါဆန်”မှာအပြစ်ရှိပါတယ်။ “မာရှယ်”ရဲ့တီကောင်လိုတွန့်လိမ်နေတဲ့သွင်းဂိုးကို သူကလက်မောင်းအောက်ကနေ အလွယ်တကူဝင်ခွင့်ပေးခဲ့တယ်။”တော်မီနေး”ကိုလဲ နမော်နမဲ့နိုင်ပြီးဂိုးသွင်းဖို့နေရာလွတ်ပေးခဲ့တယ်။ သူက တစ်ပွဲထဲမှာ အမှားနှစ်ကြိမ်လုပ်ပြီးနှစ်ဂိုးပေးလိုက်ရတဲ့ ပထမဆုံးဂိုးသမားပါ။ဒါကိုလဲ ခင်ဗျားတို့ခေါင်းထဲထည့်ထားရမယ်။အခုနောက်ပိုင်း စီးတီးကဂိုးတွေ အမြဲလိုလိုပေးနေရပြီ။ဒါကိုခုခံကာကွယ်ဖို့လိုပါသေးတယ်။ဒီဧရိယာက ဂွါဒီယိုလာ့အတွက် အဓိကပြင်ဆင်ရမယ့်အပိုင်းလို့ထင်ပါတယ်။ ဘောလုံးပိုင်ဆိုင်မှုမှာအသာစီးရပေမယ့် ကစားသမားတွေကို မကြာခဏအပြစ်ပေးရပါမယ်။“မိုက်ကယ်ရစ်ချက်”- မန်စီးတီးနောက်ခံလူဟောင်း TBS
တပည့်ဖြစ်သူ”လမ်းပတ်”ရဲ့အသင်းကို (4)ဂိုးပြတ်ရှုံးပြီးတဲ့နောက် “အန်ဆယ်လော့တီ”ဘာပြောခဲ့သလဲ?