
လွန်ခဲ့တဲ့ရက်သတ္တပတ်က အားကစားလောကမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူတွေထဲမှ အာဆင်နယ်နည်းပြ အာတီတာလည်း ပါဝင်ခဲ့ပါတယ် ။
နောက်ပြီး အိုလံပီယာကိုစ်ပိုင်ရှင်မှာလည်းရောဂါဖြစ်ပွားခဲ့တာတွေကြောင့် အာဆင်နယ် အသင်းသားတွေက ၁၄ ရက်စောင့်ကြည့်ခံထားရတာပါ။
ဒါပေမဲ့ လာမယ့် အင်္ဂါနေ့မှာတော့ အသင်းသားအားလုံးလေ့ကျင့်ရေးပြန်ဆင်းတော့မှာဖြစ်ပြီး
ဧပြီလ (၄)ရက်နေ့မှာ ကစားမယ့် နော်ဝှစ်ချ်နဲ့ ပွဲအတွက်ကြိုးပမ်းကြတော့မှာပါ ။
( ပွဲတွေပြန်လာတော့မယ်ဆိုပေမဲ့ ကြားရက်တွေက ပရိသတ်တွေအတွက် ပျင်းစရာအရမ်းကောင်းနေပါပြီ….. 😒😒😒 )