“လာလီဂါ”ရာသီ ရပ်နားလိုက်မယ်ဆိုရင်ဘာတွေဖြစ်လာနိုင်လဲ?

“ကိုရိုနာဗိုင်းရပ်စ်”ကြောင့် အဓိကအားကစားပွဲတွေအကုန်ရပ်နားထားရပါတယ်။ပြိုင်ပွဲတွေကို ဧပြီလဆန်းပိုင်းထဲ ပြန်ကစားစေမယ်ဆိုပေမယ့် ဗိုင်းရပ်စ်အခြေအနေက တစ်ရက်ထက်တစ်ရက်ပိုဆိုးလာလို့ ဘောလုံးပွဲတွေကိုအပြီးသတ်ရပ်ဆိုင်းနိုင်ပါတယ်။လာလီဂါမှာဆိုရင် “ဘာစီလိုနာ”ကဇယားထိပ်ကိုဦးဆောင်ထားပေမယ့် ဒုတိယနေရာက”ရီးရဲလ်မက်ဒရစ်”နဲ့ နှစ်မှတ်ပဲကွာတာပါ။

တန်းဆင်းဇုံမိနေတဲ့(၃)သင်းက “မာလော့ကာ” “လီဂါးနက်စ်” “အက်စပန်ညို”တို့ဖြစ်ပါတယ်။ဒီထဲမှာ”မာလော့ကာ”ဟာ တန်းဆင်းဇုံကလွတ်ဖို့ (၁)မှတ်သာလိုတဲ့အနေအထားပါ။ဒီလိုအနေအထားမျိုးမှာ လာလီဂါကို ရပ်နားမလား၊ဆက်ကန်မလား နှစ်ခုထဲကတစ်ခုရွေးရတော့မှာဖြစ်ပါတယ်။အပြီးသတ်ရပ်နားလိုက်မယ်ဆိုရင် လက်ရှိအမှတ်ပေးဇယားကိုဦးဆောင်ထားတဲ့”ဘာစီလိုနာ”ကဖလားရမှာဖြစ်ပါတယ်။

တစ်နှစ်တာအကောင်းဆုံးလူငယ်ကစားသမားဆုကို “ရီးရဲလ်ဆိုစီဒက်”အသင်းက အသက်၂၁နှစ်အရွယ်”မာတင်အိုဒီဂတ်”က ရရှိမှာဖြစ်ပါတယ်။”အိုဒီဂတ်”ကို ရီးရဲလ်မက်ဒရစ်အသင်းကအငှားချထားတာဖြစ်ပြီး “ဆိုစီဒက်”မှာ (၄)ဂိုးသွင်းပြီး ဂိုးထောက်ပံ့မှု(၅)ကြိမ်လုပ်ထားသူပါ။
အကောင်းဆုံးဂိုးသမားဆုကို”ရီးရဲလ်မက်ဒရစ်”ဂိုးသမား”ကော်တိုရစ်”ကရရှိမှာဖြစ်ပါတယ်။”ကော်တိုရစ်”ဟာ ဒီရာသီလာလီဂါပွဲထွက်ခွင့်ရတဲ့(24)ပွဲမှာ(12)ကြိမ်Clean Sheetယူထားပြီး ပေးဂိုး(16)ဂိုးပဲ ပေးခဲ့ရတာပါ။

အကောင်းဆုံးနောက်ခံလူအဖြစ်”ရားမို့စ်”ကိုရွေးချယ်မယ်ဆိုရင် ဘယ်သူမှသံသယဖြစ်မယ်မထင်ပါဘူး။သူဟာ ဂိုးရနိုင်တဲ့(၅)ဂိုးကို ဖြတ်ထုတ်ခဲ့ပြီး ဂိုးသမား”ကော်တိုရစ်”ကိုကူညီပြီး ဂိုးမပေးရအောင် ခုခံနိုင်ခဲ့ပါတယ်။
လာလီဂါရဲ့ တစ်နှစ်လုံးစာ ဘက်စုံထူးချွန်ကစားသမားအဖြစ် အာဂျင်တီးနားသား”မက်ဆီ”ပဲ ရဖို့ရှိပါတယ်။”မက်ဆီ”ဟာ ဒီရာသီလာလီဂါမှာ(19)ဂိုးသွင်းပြီး (12)ကြိမ်ဂိုးထောက်ပံ့ထားနိုင်သူဖြစ်ပါတယ်……..

TBS

Leave a comment

Design a site like this with WordPress.com
Get started