ဘရူနိုဖာနန်ဒက်စ်နဲ့အီဂါလိုဟာ ယူနိုက်တက်အတွက် ချန်ပီယံလိဂ်ဆီသို့ လမ်းပြကြယ်တွေပါပဲ

ယူနိုက်တက်ကို ဇန်နဝါရီလကရောက်ရှိလာတဲ့ ကစားသမားအသစ်နှစ်ဦးကတော့ စပို့တင်းကဖာနန်ဒက်စ် နဲ့ ရှန့်ဟိုင်းကလပ်က အီဂါလိုပါ ။

ပွဲစဉ်အနည်းငယ်ကစားပြီးချိန်မှာတော့
တိုးတက်မှုအရှိဆုံးကစားသမားတွေအဖြစ်နာမည်ရနေပါတယ် ။

ကိုယ်တိုင်လည်းကြိုးစားကြသလို အသင်းကိုလည်းအများကြီးထောက်ပံ့ပေးနိုင်ကြတာပါ။
ဆိုးရှားလ်အနေနဲ့ကတော့ အခက်အခဲတွေအများကြီးဖြတ်ခဲ့ရပြီးနောက် ရှုံးပွဲမရှိ (၁၁)ပွဲစံချိန်ကိုပြန်ရရှိလာပါတယ် ။ အားလုံးရဲ့ဝေဖန်မှုတွေကတော့ လူသစ်နှစ်ယောက်ကိုရွေးချယ်တာဟာ ဆိုးရှားလ်ရဲ့ အသင်းအတွက် မှန်ကန်တဲ့ရွေးချယ်မှုဖြစ်ကြောင်း ပြောခဲ့ကြတာပါ ။

မန်ယူအသင်းအနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ကြိုးစားနေချိန်မှာ အီဂါလိုနဲ့ဖာနန်ဒက်စ်ဟာ အကောင်းဆုံးဦးဆောင်နိုင်တဲ့ လမ်းပြကြယ်တွေပဲလို့ဆိုခဲ့တာပါ ။

TBS

Leave a comment

Design a site like this with WordPress.com
Get started