အငှားချဂိုးသမားလေး“ဒီးန်ဟန်ဒါဆန်”ကို သူများလက်ထဲမရောက်စေဖို့ မန်ယူပြန်ခေါ်မယ်

မန်ယူအသင်းဟာ ရှက်ဖီးလ်ယူနိုက်တက်ကို အငှားချထားတဲ့ ဂိုးသမားလေး”ဒင်းဟန်ဒါဆန်”ကို တစ်ပတ်လုပ်ခပေါင်(၁၀၀၀၀၀)ပေးပြီး အသင်းဆီပြန်လာဖို့ ကမ်းလှမ်းသွားမှာဖြစ်ပါတယ်။”ဒင်း”ဟာ ချယ်ဆီးအသင်းရဲ့စောင့်ကြည့်ခြင်းခံနေရတဲ့ ဂိုးသမားတစ်ဦးပါ။”ဒင်း”ဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ Clean Sheets(10)ကြိမ်အထိ ယူပေးထားသူဖြစ်ပါတယ်။မန်ယူအသင်းဟာ ရုန်းကန်နေရတဲ့ဂိုးသမား”ဒီဂီယာ”နေရာကို “ဒင်း”ကို အစားထိုးဖို့ ဖုန်းခေါ်ပြီးဆက်သွယ်ခဲ့ပါတယ်။”ဒင်း”ဟာ ရှက်ဖီးလ်ယူနိုက်တက်က သူ့အသင်းဖော်တွေကို ယူနိုက်တက်ကNo.1နေရာမပေးရင် မသွားဘူးလို့ပြောထားပါတယ်။အင်္ဂလန်နည်းပြ”ဆောက်ဂိတ်”ကလဲ “ဒင်း”ရဲ့လက်စွမ်းကိုသဘောကျနေပြီ “ပစ်ဖို့ဒ်”နေရာအတွက် ချိန်ရွယ်ထားတယ်လို့ ဆိုပါတယ်။

TBS

Leave a comment

Design a site like this with WordPress.com
Get started