“မန်ယူ”မှာနေရတဲ့ အတွေ့အကြုံကိုဝေမျှခဲ့တဲ့ “ဘရူနိုဖာနန်ဒက်စ်”

ပေါ်တူဂီကွင်းလယ်ကစားသမား”ဘရူနိုဖာနန်ဒက်စ်”ဟာ ပြီးခဲ့တဲ့ဇန်နဝါရီ(29)ရက်နေ့ကမှ ယူနိုက်တက်ကိုရောက်လာခဲ့တာပါ။”ဖာနန်ဒက်စ်”ဟာ ယူနိုက်တက်မှာနေရတဲ့အတွေ့အကြုံနဲ့ပတ်သက်ပြီး SkySportsကနေ အခုလိုဝေမျှခဲ့ပါတယ်။
“ကျွန်တော်ဒီကိုလာဖို့အခွင့်အရေးရှိတုန်း အမြန်ပဲ ဆုံးဖြတ်ချက်ချလိုက်တယ်။ဒါကို(၂)ခါစဉ်းစားစရာတောင် မလိုပါဘူး။ဒီအကြောင်း “စပို့တင်း”အသင်းကိုအသိပေးပြီးသားပါ။သူတို့ကလဲ ယူနိုက်တက်ကို ကျွန်တော်ပြောင်းရွှေ့နိုင်ဖို့ ဆွေးနွေးမှုတွေ လုပ်ပေးခဲ့ပါတယ်။”စပို့တင်း”အသင်းကို ကျွန်တော်အသွားချင်ဆုံးအသင်းက ယူနိုက်တက်ဆိုတာ ပြောပြထားပါတယ်။လွန်ခဲ့တဲ့တစ်လကျော်ထဲက ယူနိုက်တက်နဲ့ကျွန်တော် တစ်သားတည်းဖြစ်တယ်လို့ခံစားမိပါတယ်။ကျွန်တော်ဟာ နိုင်ပွဲတွေဆာလောင်တယ်၊ပေးဆပ်ချင်တယ်၊တစ်ပွဲထက်တစ်ပွဲ ပိုပြီးကောင်းအောင်ကြိုးစားချင်တယ်။ဒါတွေအားလုံး သူတို့နဲ့ထပ်တူကျပါတယ်။အသင်းအတွက် အာရုံစူးစိုက်မှုရှိရမယ်၊မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေချနိုင်ရပါမယ်။ကျွန်တော်မရောက်လာရင်လဲ ယူနိုက်တက်ကဒီလိုခံယူချက်တွေရှိပြီးသားလို့ ထင်ပါတယ်။ဘာလို့လဲဆိုတော့ ကစားသမားတစ်ယောက်ထဲက အသင်းကိုပြောင်းလဲမပစ်နိုင်ဘူး။ကစားသမားတွေအားလုံး တစ်ယောက်ကိုတစ်ယောက်ဖေးမကူညီမှသာ အသင်းတစ်သင်းက ပြောင်းလဲလာမှာပါ။ကျွန်တော်ရောက်လာကတည်းက ဒီအသင်းမှာဒီလိုမျိုးတွေ့ခဲ့ရတယ်။ကျွန်တော်က ယူနိုက်တက်ကို ကူညီမယ့်နောက်ထပ်ကစားသမားတစ်ယောက်ပေါ့။ဒီအသင်းကိုရောက်လာတာ ကျေနပ်စရာကောင်းပါတယ်။ပထမဆုံးနေ့ကတည်းက ပရိသတ်တွေဆီကအားပေးမှုတွေရခဲ့တယ်။ဒါတကယ့်ကိုထူးဆန်းတာပဲ။ပထမဆုံးပွဲဦးထွက်မှာကတည်းက သူ့တို့ဆိုတဲ့သီချင်းတွေကိုကြားနေရတယ်။ကျွန်တော်ဒီကိုရောက်ပြီး ဒုတိယရက်မှာပဲ သူတို့ကကျွန်တော့်အတွက် သီချင်းတစ်ပုဒ်တောင်စပ်ပြီးနေပြီ။သူတို့ကျွန်တော့်ကိုချစ်သလို ကျွန်တော်လဲသူတို့ကိုအရမ်းချစ်တယ်။အကယ်၍ ခင်ဗျားဟာ စွန့်စားမှုတစ်ခုလုပ်လိုက်လို့ ကျရှုံးသွားခဲ့မယ်ဆိုရင်တောင် ပရိသတ်ရဲ့ ထောက်ခံမှုနဲ့ တွန်းအားတွေကိုရရင် ပြန်ပြီးကြိုးစားလို့ရပါသေးတယ်။သူတို့ကျွန်တော့်ကို မေတ္တာထားသလို ကျွန်တော်လဲ သူတို့ကိုမေတ္တာထားပါတယ်”

ဘရူနိုဖာနန်ဒက်(မန်ယူ)

TBS

Leave a comment

Design a site like this with WordPress.com
Get started