
အခုတလော ကြောက်စရာကောင်းတဲ့”ကိုရိုနာဗိုင်းရပ်စ်”နှိပ်စက်လို့ စနေ၊တနင်္ဂနွေညတွေ ခြောက်ကပ်ခဲ့ရပြီ။ပရီးမီးယားလိဂ်ကို လာမယ့်ဧပြီလ(၄)ရက်နေ့အထိ ရပ်တန့်ထားမယ်လို့ တရားဝင်ဖော်ပြထားပေမယ့် အခြေအနေမဟန်ရင် ရာသီပိတ်သိမ်းလိုက်တာမျိုးလဲဖြစ်လာနိုင်ပါတယ်။ဒါပေမယ့် Sky Sportsရဲ့နာမည်ကျော်သတင်းထောက်တစ်ဦးဖြစ်တဲ့”ဆိုဟဲလ်ကို”က ပရီးမီးယားလိဂ်ဟာ ဒီရာသီမပိတ်သိမ်းပဲဆက်ကစားဖို့75%အထိ ဖြစ်နိုင်ချေရှိတယ်လို့ဆိုပါတယ်။လက်ရှိအခြေအနေအရ “လီဗာပူး”ဟာ ဖလားရဖို့ လာမယ့်(၂)ပွဲသာ အနိုင်ရဖို့လိုနေတာဖြစ်ပြီး နော်ဝစ်ချ်၊အက်စတွန်ဗီလာနဲ့ ဘုန်းမောက်ရဲ့အခြေအနေဟာ တန်းဆင်းဇုံထဲမှာရှိနေပါတယ်။ပရီးမီးယားလိဂ်အသင်း(၂၀)ရဲ့ တာဝန်ရှိသူတွေဟာ လာမယ့်ကြာသပတေးနေ့မှာ ကျွမ်းကျင်တဲဆေးကုသမှုအကြံဉာဏ်တွေ၊လက်ကျန်ရာသီကိုဘာဆက်လုပ်မလဲဆိုတဲ့ ရွေးချယ်ခွင့်တွေနဲ့ပတ်သက်ပြီး အသေးစိတ်ဆွေးနွေးကြမှာဖြစ်ပါတယ်။သတင်းထောက်”ဆိုဟဲလ်ကို”က ဒီရာသီလုံးဝပိတ်သိမ်းလိုက်ရင် တချို့ပရီးမီးယားလိဂ်အသင်းတွေက နှုတ်ထွက်မယ့်အလားအလာရှိတယ်လို့ဆိုထားပါတယ်။ဒီရာသီပိတ်သိမ်းလိုက်ပါက ပရီးမီးယားလိဂ်ဖလားကို “လီဗာပူး”ကိုပေးအပ်သွားမှာဖြစ်ပါတယ်။
TBS
ပရီးမီးယားလိဂ်နဲ့ပတ်သက်ပြီး Sky Sportsရဲ့နာမည်ကျော်သတင်းထောက်”ဆိုဟဲလ်ကို”ရဲ့အမြင်
အခုတလော ကြောက်စရာကောင်းတဲ့”ကိုရိုနာဗိုင်းရပ်စ်”နှိပ်စက်လို့ စနေ၊တနင်္ဂနွေညတွေ ခြောက်ကပ်ခဲ့ရပြီ။ပရီးမီးယားလိဂ်ကို လာမယ့်ဧပြီလ(၄)ရက်နေ့အထိ ရပ်တန့်ထားမယ်လို့ တရားဝင်ဖော်ပြထားပေမယ့် အခြေအနေမဟန်ရင် ရာသီပိတ်သိမ်းလိုက်တာမျိုးလဲဖြစ်လာနိုင်ပါတယ်။ဒါပေမယ့် Sky Sportsရဲ့နာမည်ကျော်သတင်းထောက်တစ်ဦးဖြစ်တဲ့”ဆိုဟဲလ်ကို”က ပရီးမီးယားလိဂ်ဟာ ဒီရာသီမပိတ်သိမ်းပဲဆက်ကစားဖို့75%အထိ ဖြစ်နိုင်ချေရှိတယ်လို့ဆိုပါတယ်။လက်ရှိအခြေအနေအရ “လီဗာပူး”ဟာ ဖလားရဖို့ လာမယ့်(၂)ပွဲသာ အနိုင်ရဖို့လိုနေတာဖြစ်ပြီး နော်ဝစ်ခ်ျ၊အက်စတွန်ဗီလာနဲ့ ဘုန်းမောက်ရဲ့အခြေအနေဟာ တန်းဆင်းဇုံထဲမှာရှိနေပါတယ်။ပရီးမီးယားလိဂ်အသင်း(၂၀)ရဲ့ တာဝန်ရှိသူတွေဟာ လာမယ့်ကြာသပတေးနေ့မှာ ကျွမ်းကျင်တဲဆေးကုသမှုအကြံဉာဏ်တွေ၊လက်ကျန်ရာသီကိုဘာဆက်လုပ်မလဲဆိုတဲ့ ရွေးချယ်ခွင့်တွေနဲ့ပတ်သက်ပြီး အသေးစိတ်ဆွေးနွေးကြမှာဖြစ်ပါတယ်။သတင်းထောက်”ဆိုဟဲလ်ကို”က ဒီရာသီလုံးဝပိတ်သိမ်းလိုက်ရင် တချို့ပရီးမီးယားလိဂ်အသင်းတွေက နှုတ်ထွက်မယ့်အလားအလာရှိတယ်လို့ဆိုထားပါတယ်။ဒီရာသီပိတ်သိမ်းလိုက်ပါက ပရီးမီးယားလိဂ်ဖလားကို “လီဗာပူး”ကိုပေးအပ်သွားမှာဖြစ်ပါတယ်။