“မန်စီးတီး”ကို ပြန်လည်တည်ဆောက်ဖို့လိုကြောင်း ဒေါသတကြီးထောက်ပြသွားတဲ့ နောက်ခံလူဟောင်း

မနေ့ညကယှဉ်ပြိုင်ခဲ့တဲ့ မန်ချက်စတာဒါဘီပွဲမှာ ဂွါဒီယိုလာရဲ့အသင်းဟာ မန်ယူကို(၂)ဂိုးပြတ်အရေးနိမ့်ခဲ့ပါတယ်။ဒါ့ကြောင့် မန်စီးတီးဟာ ဒီရာသီပရီးမီးယားလိဂ်မှာ ရှုံးပွဲ(၇)ပွဲရှိခဲ့ပြီး နည်းပြ”ဂွါဒီယိုလာ”ကိုင်တွယ်ခဲ့တဲ့သက်တမ်းတစ်လျှောက် အဆိုးရွားဆုံးရာသီဖြစ်လာပါတယ်။မန်စီးတီးနောက်ခံလူဟောင်း “မိုက်ကယ်ရစ်ချက်”က သူ့အသင်းဟာ ရှေ့ကိုဆက်သွားချင်တယ်ဆိုရင် ခံစစ်ပိုင်းနဲ့ပတ်သက်ပြီး ပြင်ဆင်မှုတွေလုပ်ရမယ်လို့ Sky Sportsကနေ ပြောဆိုခဲ့ပါတယ်။”ရစ်ချက်”က –

“မန်စီးတီးက မတုပ်လှုပ်တော့ပါဘူး။ဆုဖလားဆာလောင်မွတ်သိပ်ခြင်းနဲ့ပတ်သက်ပြီး မေးခွန်းမထုတ်ချင်ပါဘူး။ဒါပေမယ့် ဒီပွဲကအရမ်းအရေးကြီးတဲ့ဒါဘီပွဲပါ။ပွဲကြီးပွဲကောင်းပါ။ဒီပွဲမှာ မန်စီးတီးက အားကြိုးမာန်တက်မရှိခဲ့ဘူး။နောက်ရာသီမှာ ဆုဖလားတွေလိုချင်တယ်ဆိုရင် သူတို့အပြောင်းအလဲအနည်းငယ်လုပ်သင့်ပါတယ်။ငါ့အမြင်တော့ “ဖာနန်ဒင်ဟို”က ဗဟိုခံစစ်မှုးတစ်ယောက်မဟုတ်ပါဘူး။သူ့ကို ကွင်းလယ်ထားကစားတာပိုကောင်းပါတယ်။”အော်တာမန်ဒီ”ရဲ့စွမ်းဆောင်ရည်ကောင်းတွေမမြင်ရတာ နှစ်ရာသီမကတော့ဘူး။”ဂျွန်စတုန်း”ကလဲ သူကစားနေကျပုံစံနဲ့မတူတော့ဘူး။သူ့အပေါ် နည်းပြရဲ့ယုံကြည်မှုပျောက်ဆုံးနေလို့လား?ဖြစ်နိုင်ပါတယ်။မန်ယူကိုရှုံးတဲ့ပွဲအတွက် ဂိုးသမား”အီဒါဆန်”မှာအပြစ်ရှိပါတယ်။

“မာရှယ်”ရဲ့တီကောင်လိုတွန့်လိမ်နေတဲ့သွင်းဂိုးကို သူကလက်မောင်းအောက်ကနေ အလွယ်တကူဝင်ခွင့်ပေးခဲ့တယ်။”တော်မီနေး”ကိုလဲ နမော်နမဲ့နိုင်ပြီးဂိုးသွင်းဖို့နေရာလွတ်ပေးခဲ့တယ်။

သူက တစ်ပွဲထဲမှာ အမှားနှစ်ကြိမ်လုပ်ပြီးနှစ်ဂိုးပေးလိုက်ရတဲ့ ပထမဆုံးဂိုးသမားပါ။ဒါကိုလဲ ခင်ဗျားတို့ခေါင်းထဲထည့်ထားရမယ်။အခုနောက်ပိုင်း စီးတီးကဂိုးတွေ အမြဲလိုလိုပေးနေရပြီ။ဒါကိုခုခံကာကွယ်ဖို့လိုပါသေးတယ်။ဒီဧရိယာက ဂွါဒီယိုလာ့အတွက် အဓိကပြင်ဆင်ရမယ့်အပိုင်းလို့ထင်ပါတယ်။

ဘောလုံးပိုင်ဆိုင်မှုမှာအသာစီးရပေမယ့် ကစားသမားတွေကို မကြာခဏအပြစ်ပေးရပါမယ်။
“မိုက်ကယ်ရစ်ချက်”- မန်စီးတီးနောက်ခံလူဟောင်း

TBS

Leave a comment

Design a site like this with WordPress.com
Get started