
စနေနေ့က ဘုန်းမောက်နဲ့ပွဲမှာအနိုင်ရခဲ့မှုနဲ့အတူ ဒုတိယဂိုးသမား အန်ဒရီယမ်က
အက်သလက်တီကိုနဲ့ပွဲအတွက် ခြိမ်းခြောက်သတိပေးလိုက်ပါတယ် ။
” ဒီပွဲကကြမ်းတဲ့ပွဲတစ်ပွဲဖြစ်ခဲ့ပါတယ် ။ ကြားထဲက ဆိုးရွားလွန်းတဲ့ပွဲရလဒ်တွေကြောင့် လူတိုင်းရဲ့ယုံကြည်မှုတွေနည်းသွားပေမဲ့
ဒီတစ်ပွဲအပြီးမှာတော့ အောင်နိုင်ခြင်းနဲ့အတူ ကျွန်တော်အကုန်ပြန်လာပါပြီ ” လို့ဆိုခဲ့ပါတယ်
” ရာသီအပြီးမှာ အသင်းကြီးတွေနဲ့ရင်ဆိုင်ဖို့
တစ်သင်းလုံးစိတ်ဓာတ်အခိုင်အမာနဲ့ပြန်လာပါပြီ…. အနိုင်၃မှတ်ရဖို့နဲ့ ယုံကြည်မှုပြန်ရဖို့က
၁၀၀%အရေးကြီးခဲ့တာပါ ။ ကျွန်တော်ထင်တာက အတွေ့အကြုံရှိတဲ့ ကစားသမားတွေလည်း သူတို့စွမ်းရည်တွေကို အပြည့်အဝထုတ်ပြဖို့လိုနေပြီဗျ “
” မာနေးနဲ့ဆာလာတို့ ဂိုးပြန်သွင်းနိုင်တာက တကယ်ကိုသူတို့သရုပ်မှန်ပြန်ထွက်လာတာပဲ
ကျွန်တော်တို့ရဲ့ တိုက်စစ်တွေ အခုလိုယုံကြည်မှုပြန်ရဖို့က အရမ်းကိုအရေးကြီးနေတာပါ “
လို့ဖြေကြားသွားခဲ့ပါတယ် ။
လီဗာပူးပြန်လာပြီဆိုတာနဲ့အတူ အသင်းကြီး(အက်သလက်တီ) ကိုပါရင်ဆိုင်ဖို့အသင့်လို့သဘောနဲ့ဆိုခဲ့တာပါ ။