မန်ယူ၊ချယ်ဆီး၊စပါးတို့အနိုင်မရဘူးဆိုတဲ့ပွဲစဉ်(၂၉)အတွက် “ချာလီနီကိုးလပ်စ်”ရဲ့ခန့်မှန်းချက်များ……………

လီဗာပူး vs ဘုန်းမောက်
လူတိုင်း”လီဗာပူး”အပေါ် သံသယရှိနေတာ ဘာ့ကြောင့်လဲတော့ ကျွန်တော်မသိပါဘူး။ပြီးခဲ့တဲ့”ဝက်ဖို့ဒ်”နဲ့ပွဲဟာ သူတို့အတွက်အန္တရာယ်အများဆုံးဖြစ်ခဲ့ပါတယ်။နှစ်(၃၀)လောက် သူတို့လိုချင်ခဲ့တဲ့ဖလားကိုရဖို့ ဘာတွေလုပ်ပြမလဲဆိုတာကျွန်တော်တို့ကြည့်နေပါတယ်။ကျွန်တော်မြင်သလောက် ဘုန်းမောက်က ဘတ်စ်ကားကွက်ကစားတဲ့အသင်းမဟုတ်ပါဘူး။သူတို့ကအတက်အဆင်း ဟန်ချက်ညီညီကစားတဲ့အသင်းပါ။ဒါပေမယ့် သူတို့ခံစစ်မှာအန္တရာယ်ရှိနေပါတယ်။ဒါလီဗာပူးအတွက် ရလဒ်ကောင်းရဖို့အချက်တစ်ချက်ပါပဲ။ဒီအချက်ကပဲ လီဗာပူးကို(၃)မှတ်အပြည့်ရသွားစေလိမ့်မယ်။
လီဗာပူး3-0ဘုန်းမောက်

အာဆင်နယ်vsဝက်စ်ဟမ်း
ပြီးခဲ့တဲ့အပတ်က ဝက်စ်ဟမ်းကအံ့ဩဖို့ကောင်းခဲ့ပါတယ်။ကျွန်တော် ဒေးဗစ်မိုယက်စ်အတွက်ကျေနပ်မိတယ်။အာဆင်နယ်က အာတီတာလက်ထပ်မှာ တိုးတက်မှုနှေးကွေးနေပါတယ်။ဒါပေမယ့် ဆာကာ၊နယ်လ်ဆန်၊ဂျိုးဝဲလ်ကော့၊မာတင်နယ်လီ၊နခက်တီယာတို့လိုလူငယ်လေးတွေ တိုးတက်လာတာမြင်ရတာ စိတ်ချမ်းသာစရာပါပဲ။ဝက်စ်ဟမ်းရဲ့ခံစစ်က ခုခံကာကွယ်မှုအားနည်းတယ်လို့မြင်ပါတယ်။ဒီအချက်ဟာ ဂိုးသမား”ဖေဘီယန်စကီး”အတွက် သူ့အသင်းဟောင်းကိုရင်ဆိုင်ရမယ့်ပွဲမှာ တော်တော်လေးအလုပ်ရှုပ်စေပါလိမ့်မယ်။
အာဆင်နယ်3-1ဝက်ဟမ်း

ဘန်လေvsစပါး
စပါးအသင်းက ရလဒ်ကောင်းတွေရဖို့နဲ့ ခံစစ်လုံစေဖို့ကို အဓိကဦးစားပေးသင့်ပါတယ်။မော်ရင်ဟိုဟာဘယ်လောက်ပဲကျော်ကြားတဲ့နည်းပြဖြစ်ပါစေ သူ့အသင်းက ခံစစ်ကိုဘယ်လိုကာကွယ်ရမလဲဆိုတာတောင်မသိပါဘူး။စပါးအသင်းရဲ့ကစားပုံဟာ အခုထိ စုစုစည်းစည်းမရှိပါဘူး။အသင်းတိုင်းမှာ ဒဏ်ရာရကစားသမားတွေအများကြီးပါ။ဒီထဲမှာမှ သူတို့အသင်းဟာ သူများအသင်းတွေထက် ရွေးချယ်စရာပိုများပါတယ်။အာဆင်နယ်နဲ့အဲဗာတန်တို့တောင် ထိပ်ဆုံးလေးသင်းဝင်ဖို့ အခွင့်အရေးရှိရင် သူတို့အထက်မှာရှိနေတဲ့ ဘန်လေကိုလျှော့တွက်လို့မရပါဘူး။
ဘန်လေ2-1စပါး

ချယ်ဆီးvsအဲဗာတန်
အဲဗာတန်က ခန့်မှန်းလို့မရတဲ့အသင်းပါ။အန်ဆယ်လော့တီဟာ သူ့အလုပ်သူကောင်းကောင်းလုပ်နေပါတယ်။သူ့အသင်းက တခါတလေကစားပုံကောင်းသလောက် တခါတလေတော်တော်ဆိုးပါတယ်။ဝက်စ်ဟမ်းနဲ့သရေကျတဲ့ပွဲ ဝက်ဖို့ဒ်ကိုနောက်ဆုံးမိနစ်မှာကပ်နိုင်သွားတဲ့ပွဲတွေပြန်ကြည့်ရင် အဲဗာတန်အသင်းကံကောင်းနေတယ်လို့မြင်ပါတယ်။ချယ်ဆီးအသင်းအတွက် အိုလီဗာဂျီရူးပါဝင်လာတာအရမ်းကောင်းပါတယ်။ဒါပေမယ့် ချယ်ဆီးဟာ အိမ်ကွင်းမှာပုံစံကောင်းပြလေ့မရှိပါဘူး။သူတို့အသင်းမှာ နောက်တန်းကအန္တရာယ်ရှိနေပါတယ်။ဒီပွဲမှာ အဲဗာတန်ဘက်ကတခုခုလုပ်ပြရင် ကျွန်တော်အံ့ဩမိမှာမဟုတ်ပါဘူး။
ချယ်ဆီး1-1အဲဗာတန်

မန်ချက်စတာယူနိုက်တက်vsမန်ချက်စတာစီးတီး
ဒီပွဲက တကယ့်စူပါဆန်းဒေးပါပဲ။မန်ယူဟာ အီသီဟတ်မှာကစားတဲ့နောက်ဆုံး(၂)ပွဲစလုံးအနိုင်ရထားပါတယ်။သို့ပေမယ့် ပြီးခဲ့တဲ့ကာရာဘောင်မှာ အိုးထရက်ဖို့ဒ်မှာ မန်ယူရှုံးခဲ့ပါတယ်။ယူနိုက်တက်ပရိသတ်တွေဟာ သူတို့အသင်းကိုဘတ်စ်ကားကွက်နဲ့မကစားပဲ ကိုယ်ပိုင်ကစားကွက်နဲ့တိုက်ဖို့တောင်းဆိုထားကြပါတယ်။ဒါမန်စီးတီး အကြိုက်ပါပဲ။ယူနိုက်တက်က ခံစစ်ပိုင်းပိုမိုကောင်းမွန်ပြီး တန်ပြန်တိုက်စစ်နဲ့ကစားနိုင်ပါတယ်။ဒါပေမယ့် မန်စီးတီးကလဲ တိုက်စစ်အင်အားတောင့်ဖို့ စတာလင်း၊ဒီဘရိုင်းတို့ကို လူစာရင်းထဲထည့်လာပါလိမ့်မယ်။
မန်ချက်စတာယူနိုက်တက်1-3မန်ချက်စတာစီးတီး

လက်စတာvsအက်စတွန်ဗီလာ
လက်စတာဟာ ရာသီအစပိုင်းမှာကောင်းသလောက် နောက်ပိုင်းမှာစွမ်းဆောင်ရည်တွေကျဆင်းသွားတယ်။ဒါပေမယ့်အခုထိသူတို့အဆင့်(၃)နေရာမှာရပ်တည်နေဆဲပါ။ဗီလာကတော့ ကာရာဘောင်ဖလားဖိုင်နယ်အထိတက်ထားတဲ့အသင်းပါ။သူတို့နောက်ပိုင်း ပိုပြီးမာမာထန်ထန်ကစားလာပါတယ်။ဒါပေမယ့်သူတို့ခံစစ်က အမှားတွေအများကြီးလုပ်နေပါတယ်။”ပီပီရီနာ”ကဒီပွဲမှာပြန်ပါလာပြီး သူ့ကျွမ်းကျင်မှုတွေကိုပြပါလိမ့်မယ်။ဒါပေမယ့် ဗီလာက ဒီပွဲမှာလက်စတာဆီက အမှတ်ခွဲယူမယ်မထင်ပါဘူး။
လက်စတာ2-1အက်စတွန်ဗီလာ

TBS

Leave a comment

Design a site like this with WordPress.com
Get started