
၁ – မီဆွတ် အိုဇေးလ်
ဒီရာသီမှာ ဂိုးပေါက်ပျောက်နေတဲ့ အိုဇေးလ်ရဲ့
အခြေနေကတော့ တကယ်ကိုရောင်းထုတ်သင့်နေတာပါ ။ သူ့အေးဂျင့်က ၂၀၂၁ နွေရာသီမှာ စာချုပ်သက်တမ်းမကုန်မီ
အာဆင်နယ်မှထွက်ခွာရန်နည်းလမ်းမရှိကြောင်းမကြာသေးမီကပြောကြားခဲ့ပါတယ် ။
၂ – ဟန်ရစ် မခီတာရမ်
အာတီတာကလည်း တော်တော်ကိုအားမရတော့တဲ့ကစားသမာပါ ။ သူ့ကိုပေးနေရတဲ့လစာတွေကလည်း အလကားဖြစ်နေသလိုပါပဲ
၃ – မိုဟာမက် အယ်လ်နီနီ
သူကတော့ ယခုရာသီမှာ တူရကီကုမ္ပဏီကြီး Besiktas တွင်လည်းချေးငှားခဲ့တာပါ ။
၄ - ဆိဒ် ကိုလက်စိနက်
ဆိဒ်က အာဆင်နယ်အသင်းမှာသူ့ရဲ့အချိန်ကာလအတွင်းဒဏ်ရာများစွာနှင့်ရုန်းကန်ခဲ့ရတာပါ ။ အထူးသဖြင့်အာဆင်နယ်သည် ၁၈ နှစ်အရွယ်တောင်ပံကစားသမား Bukayo Saka ကိုပြီးခဲ့သည့်လအနည်းငယ်အတွင်းကာကွယ်ရေးအတွက်အားကိုးခဲ့ရပါသေးတယ်
ဆိဒ်ကတော့ တကယ်ကိုထုတ်ရောင်းသင့်နေတာပါ ။
၅ – ရှက်ကိုဒရမ် မူစတာဖီ
ရှက်ကိုဒရမ်ကိုတော့ အာတီတာက စောင့်ကြည့်နေမယ်လို့ပြောပေမဲ့ အားထုတ်ကြိုးစားမှုလည်းမရှိတာမို့ အသင်းအတွက်လည်း လူပိုလိုဖြစ်နေပါတယ် ။ ဒီအခြေနေတွေကြောင့် အာတီတာ ရောင်းမယ်လို့လည်းထင်ပါတယ် ။