
စပါးကစားသမား “အဲရစ်ဒိုင်ယာ”ဟာ FA Cupရှုံးပွဲပြီးပြီးချင်းမှာ ပွဲကြည့်စင်ပေါ်အထိတက်သွားပြီး စပါးပရိသတ်တစ်ဦးနဲ့အချေအတင်ဖြစ်ခဲ့ပါတယ်။နော်ဝစ်ခ်ျကိုရှုံးလို့ ပေါက်ကွဲနေတဲ့ပရိသတ်ဟာ “ဒိုင်ယာ”ကိုအော်ဟစ်ဆဲဆိုခဲ့ပါတယ်။ဒီရန်ပွဲဟာ လုံခြုံရေးတွေဝင်ဆွဲတဲ့အချိန်မှသာ ရပ်သွားခဲ့ပါတယ်။ပွဲကြည့်စင်ပေါ်မှာ”ဒိုင်ယာ”ရဲ့ညီဖြစ်သူလဲ ထိုင်နေပြီး ဒီဖြစ်ရပ်ကြောင့်မပျော်မရွှင်ဖြစ်ခဲ့ရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး နည်းပြ”မော်ရင်ဟို”က – “ဒိုင်ယာ”ရဲ့လုပ်ရပ်ကြောင့် ကျွန်တော်တို့ ပရော်ဖက်ရှင်နယ်မဆန်ရာ ကျသွားပါတယ်။ဒါပေမယ့်သူ့နေရာမှာ တခြားလူဆိုလဲ ဒီလိုလုပ်လိမ့်မယ်လို့ထင်ပါတယ်။ကျွန်တော်ဟာ ကစားသမားနဲ့အတူရှိနေပြီး သူ့ကိုလဲနားလည်ပေးပါတယ်။အဲ့ဒီပရိသတ်က”ဒိုင်ယာ”ကိုဆဲခဲ့တယ်။ပွဲထဲမှာ”ဒိုင်ယ့ာ”မိသားစုဝင်တွေလဲရှိတယ်။သူ့ညီငယ်လေးဆို ဒီဖြစ်ရပ်ကြောင့်စိတ်မကောင်းခဲ့ဘူး။အသင်းဘက်က “ဒိုင်ယာ့”ကိုအရေးယူမယ်ဆိုရင် ကျွန်တော်သဘောတူမှာမဟုတ်ပါဘူး။ဒါပေမယ့် “ဒိုင်ယာ”ဟာအမှားလုပ်မိခဲ့ပါတယ်။သူ့ကိုရန်ရှာတဲ့လူကလဲ စပါးပရိသတ်အစစ်မဖြစ်နိုင်ပါဘူး။တချို့က ဒီနေရာကိုအခွင့်အရေးရလို့လာကြည့်ကြတယ်။တချို့က ဖိတ်ကြားထားလို့လာကြည့်တယ်။တချို့က အဆောင်ယောင်ပြပီးကြွားဝါချင်လို့လာကြည့်တယ်။အမျိုးမျိုးရှိပါတယ်။

ဒါဘောလုံးကွင်းပါ။တခါတလေ သူတို့ပရိသတ်အစစ်တွေမှဟုတ်ရဲ့လားလို့ ကျွန်တော်သံသယဝင်မိပါတယ်။ပရိသတ်အစစ်ဆိုရင် ကျွန်တော်တို့ကိုနောက်ဆုံးအချိန်ထိ အားပေးရမှာပဲ”လို့ ကစားသမားဘက်ကပြောဆိုခဲ့ပါတယ်။