
“လီဗာပူး”ဟာ ဒီနေ့မနက်ကစားခဲ့တဲ့”ချယ်ဆီး”နဲ့FAဖလားရှုံးထွက်အဆင့်မှာ 2-0ဆိုတဲ့ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ပြီးခဲ့တဲ့ပရီးမီးယားလိဂ်ပွဲမှာလဲ “ဝက်ဖို့ဒ်”ကို3-0နဲ့ရှုံးနိမ့်ခဲ့လို့ ပရိသတ်တွေအနေနဲ့ အသင်းရဲ့ကစားပုံကိုအားမလိုအားမရဖြစ်ခဲ့ကြပါတယ်။သို့ပေမယ့် FA Cupပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ နည်းပြ”ကလော့ပ်”က – “အသင်းရဲ့ကစားပုံကို ကျွန်တော်မစိုးရိမ်ခဲ့ဘူး။2-0နဲ့ရှုံးတာ သိပ်တော့မကောင်းလှပါဘူး။ဒါပေမယ့် ဒီအခြေအနေမှာ ဒါကိုရှင်းပြဖို့လွယ်လွယ်လေးပါ။ကျွန်တော်တို့ဘာ့ကြောင့်ရှုံးနိမ့်ခဲ့ရလဲ?အဖြေက ကျွန်တော်တို့ဂိုးဧရိယာနားမှာ အမှားနှစ်ခုပြုလုပ်ခဲ့ပါတယ်။ဒီပွဲကကျွန်တော်တို့ပုံစံက “ဝက်ဖို့ဒ်”နဲ့ပွဲတုန်းကလို သိပ်မခြားနားပါဘူး။ဒါပေမယ့် အဲ့ဒီပွဲကထက်စာရင် ဒီပွဲမှာကျွန်တော်တို့စွမ်းဆောင်ရည်ကောင်းခဲ့ပါတယ်။”ဝက်ဖို့ဒ်”နဲ့ပွဲကတော့ စွမ်းဆောင်ရည်အညံ့ဆုံးပွဲပါ။ဒီပွဲမှာအဲ့လိုမဟုတ်တော့ပါဘူး။ကျွန်တော်ဟာ တုံ့ပြန်မှုတွေကိုနှစ်သက်သူပါ။ကျွန်တော့်ဆီမှာ ကြိုးစားတဲ့ကစားသမားလေးတွေရှိကြပြီး သူတို့ရဲ့စွမ်းဆောင်ရည်တွေကိုလဲနှစ်သက်ပါတယ်။ဒီပွဲမှာ အပြောင်းအလဲ(၇)ခုလုပ်ခဲ့ပါတယ်။ဘာလို့လဲဆိုတော့ ပွဲကြီးတစ်ပွဲဖြစ်နေလို့ပါ။ဒါပေမယ့် ပွဲရဲ့အရှိန်ကို ကျွန်တော်သဘောမပေါက်ခဲ့ဘူး။ဒါဘောလုံးပွဲပါပဲ။ဒီရာသီဟာ ကျွန်တော်တို့တဲ့လွယ်ကူတဲ့ရာသီ၊လွယ်ကူတဲ့အခိုက်အတန့် ၊ဒီပွဲဟာလဲ လွယ်ကူတဲ့ပွဲတစ်ပွဲလို့ ဘယ်တုန်းကမှမတွေးခဲ့ပါဘူး။အရာတိုင်းကခက်ခဲပါတယ်။ဒါပေမယ့်ကျွန်တော်တို့ ကောင်းကောင်းလုပ်ပြနိုင်ခဲ့တယ်။တချို့သောဆုံးဖြတ်ရမယ့်အခိုက်အတန့်တွေမှာ အမှားအယွင်းတွေရှိသေးတယ်ဆိုတာလဲ လက်ခံရပါမယ်။ပြီးခဲ့တဲ့အချိန်တွေတုန်းက ကျွန်တော်တို့ခံစစ်ကအရမ်းထူးချွန်ခဲ့ပါတယ်။ခင်ဗျားတို့အတွက် လုပ်စရာဘာအခွင့်အရေးမှမရခဲ့ဘူးလေ။ဒါပေမယ့် နောက်ဆုံး(၃)ပွဲ (၄)ပွဲလောက်မှာတော့ ကျွန်တော်တို့ဂိုးတွေပေးနေရပြီ။ဒါကိုဝန်ခံရပါမယ်”လို့ပြောကြားခဲ့ပါတယ်။