“လီဗာပူး”နဲ့ပွဲက ကစားသမားတစ်ယောက်ရဲ့ အရည်အချင်းကို ကြွားလုံးထုတ်လိုက်တဲ့ နည်းပြ”လမ်းပတ်”

ချယ်ဆီးတို့ လီဗာပူးလ်ကို FA Cupမှာ2-0နဲ့ အနိုင်ရတဲ့ပွဲအပြီးမှာ ကွင်းလယ်လူငယ်လေး”ဘီလီဂေးလ်မား”ကိုMediaထက်မှာ ချီးကျုးစကားတွေပျံ့လွင့်ခဲ့ပါတယ်။”ဂေးလ်းမား”ဟာ ဒီပွဲရဲ့ဇာတ်လိုက်တစ်ဦးဖြစ်ခဲ့ပြီး ပွဲစဉ်အလိုက်အကောင်းဆုံးကစားသမားဆု(Man of the Match)ကိုရခဲ့တာပါ။

ချယ်ဆီးနည်းပြ”လမ်းပတ်”က “ဂေးလ်မား”နဲ့ပတ်သက်ပြီး – “သူဒီလိုပြိုင်ပွဲတွေမှာ အေးအေးဆေးဆေးကစားနေနိုင်ပါပြီ။သူဟာ အသက်ငယ်သလောက် အရည်အချင်းပြည့်မှီတဲ့လူငယ်တစ်ယောက်ပါ။ဒီညပွဲမှာ ပြသွားသလိုခြေစွမ်းမျိုး ပြသနိုင်ဦးမယ်ဆိုရင် နောက်ပွဲတွေမှာ ဝင်ကစားခွင့်ရမှာပါ။အကယ်ဒမီအသင်းကနေ အခုလို ပထမအသင်းကြီးကိုရောက်လာပြီး ကျွန်တော်တို့နဲ့အတူလေ့ကျင့်ခွင့်ရတာကလဲ သူ့ရဲ့ပင်ကိုယ်အရည်အသွေးကြောင့်ပါ။ဒီညပွဲမှာသူဝင်ကစားတာ ဘာအနှောင့်အယှက်မှမဖြစ်စေခဲ့သလို သူ့ရဲ့ခြောက်ပြစ်ကင်းသဲလဲစင်တဲ့ စွမ်းဆောင်ရည်တွေ၊ထူးခြားလွန်းတဲ့စွမ်းဆောင်ရည်တွေကိုပြနိုင်ခဲ့ပါတယ်”လို့ ကစားသမားရဲ့စွမ်းဆောင်ရည်အပေါ်ချီးကျူးခဲ့ပါတယ်။

“ဂေးလ်းမား”ဟာ ပြီးခဲ့တဲ့2017တုန်းက “ရိန်းဂျား”အသင်းကနေ “ချယ်ဆီး”အသင်းဆီပြောင်းရွှေ့လာခဲ့ပြီး လက်ရှိမှာအသက်(18)နှစ်ပဲရှိပါသေးတယ်။သူဟာ ချယ်ဆီးU-18အသင်းနဲ့အတူ လူငယ်ပရီးမီးယားလိဂ်ဖလား၊လူငယ်FA cupတို့ကိုရရှိထားသူပါ။

ပြီးခဲ့တဲ့နှစ်အနည်းငယ်လောက်က “ဘာစီလိုနာ”က”ဂေးလ်မား”အရည်အချင်းကို စောင့်ကြည့်ဖို့ ကင်းထောက်များကိုစေလွှတ်ခဲ့ပါသေးတယ်။လူငယ်ခြေတက်လေး”ဂေးလ်မား”ဟာ မကြာခင်မှာ ချယ်ဆီးအသင်းအတွက် ပုံမှန်ပွဲထွက်ခွင့်ရတဲ့သူဖြစ်လာမှာသေချာပါတယ်။

TBS

Leave a comment

Design a site like this with WordPress.com
Get started