
လက်ရှိ”ပရီးမီးယားလိဂ်”ပြိုင်ပွဲမှာ ပထမနေရာက”လီဗာပူး”ဟာ ဒုတိယနေရာက”မန်စီးတီး”ကို(22)မှတ်ဖြတ်ထားပြီး ဖလားယူဖို့ရေပန်းစားနေတဲ့အသင်းပါ။Sky Sportsကပြုလုပ်တဲ့The Debateအစီအစဉ်မှာ “ပေါလ်မာဆွန်”က “မန်စီးတီး”ဟာ အသင်းကောင်းတစ်သင်းဖြစ်ပေမယ့် သူတို့ရဲ့ဒီရာသီစွမ်းဆောင်မှုက “လီဗာပူး”ထက် မသာလွန်ကြောင်းပြောခဲ့ပြီး (၃၈)ပွဲကစားရတဲ့”ပရီးမီးယားလိဂ်”လောက် “ချန်ပီယံလိဂ်”အောင်မြင်မှုကအရေးမကြီးကြောင်း၊”ပရီးမီးယားလိဂ်”ကသာ ကံဇာတာ၊ကစားသမားများရဲ့စွမ်းရည်ကိုအကဲဖြတ်ကြောင်း၊တစ်ပတ်ထက်တစ်ပတ် အရည်အချင်းကိုဆန်းစစ်ရကြောင်း အားသာချက်တွေကိုပြောပြခဲ့ပါတယ်။”လီဗာပူး”နဲ့ပတ်သက်ပြီး”ပေါလ်မာဆွန်”က- “လီဗာပူးဟာ ပရီးမီးယားလိဂ်ဖလားကိုဗိုလ်မစွဲတာနှစ်(၃၀)ရှိပါပြီ။ဒီအချိန်ဟာ သူတို့အတွက်ဒါကိုအနိုင်ရဖို့စွန်းစားမယ့်အချိန်ပါပဲ။လီဗာပူးဟာ ပြီးခဲ့တဲ့ပရီးမီးယားလိဂ်ပွဲ ရှုံးတဲ့အရေအတွက်ထက် ချန်ပီယံလိဂ်မှာပိုရှုံးခဲ့ပါတယ်။ဒါပေမယ့်သူတို့ချန်ပီယံလိဂ်ဖလားရသွားတယ်။ဒါဘယ်လိုများဖြစ်တာပါလဲ?တကယ်တော့ ချန်ပီယံလိဂ်ထက် ပရီးမီးယားလိဂ်ကအများကြီးပိုသာပါတယ်။ကျွန်တော့်တုန်းကလဲ အပတ်တိုင်းပရီးမီးယားလိဂ်ဖလားရယူဖို့ စိတ်အားထက်သန်ခဲ့ရပါတယ်။ချန်ပီယံလိဂ်မှာဆိုရင် သုံးပွဲလောက်ရှုံးလဲ ဖလားရဖို့အခွင့်အရေးရှိပါသေးတယ်”လို့ပြောကြားခဲ့ပါတယ်။
TBS
“ပရီးမီးယားလိဂ်”ဖလားရတာဟာ “ချန်ပီယံလိဂ်”ဖလားရတာထက်ပိုကောင်းတယ်လို့ ပြောလိုက်တဲ့”ပေါလ်မာဆွန်”
လက်ရှိ”ပရီးမီးယားလိဂ်”ပြိုင်ပွဲမှာ ပထမနေရာက”လီဗာပူး”ဟာ ဒုတိယနေရာက”မန်စီးတီး”ကို(22)မှတ်ဖြတ်ထားပြီး ဖလားယူဖို့ရေပန်းစားနေတဲ့အသင်းပါ။Sky Sportsကပြုလုပ်တဲ့The Debateအစီအစဉ်မှာ “ပေါလ်မာဆွန်”က “မန်စီးတီး”ဟာ အသင်းကောင်းတစ်သင်းဖြစ်ပေမယ့် သူတို့ရဲ့ဒီရာသီစွမ်းဆောင်မှုက “လီဗာပူး”ထက် မသာလွန်ကြောင်းပြောခဲ့ပြီး (၃၈)ပွဲကစားရတဲ့”ပရီးမီးယားလိဂ်”လောက် “ချန်ပီယံလိဂ်”အောင်မြင်မှုကအရေးမကြီးကြောင်း၊”ပရီးမီးယားလိဂ်”ကသာ ကံဇာတာ၊ကစားသမားများရဲ့စွမ်းရည်ကိုအကဲဖြတ်ကြောင်း၊”တစ်ပတ်ထက်တစ်ပတ် အရည်အချင်းကိုဆန်းစစ်ရကြောင်း အားသာချက်တွေကိုပြောပြခဲ့ပါတယ်။”လီဗာပူး”နဲ့ပတ်သက်ပြီး”ပေါလ်မာဆွန်”က- “လီဗာပူးဟာ ပရီးမီးယားလိဂ်ဖလားကိုဗိုလ်မစွဲတာနှစ်(၃၀)ရှိပါပြီ။ဒီအချိန်ဟာ သူတို့အတွက်ဒါကိုအနိုင်ရဖို့စွန်းစားမယ့်အချိန်ပါပဲ။လီဗာပူးဟာ ပြီးခဲ့တဲ့ပရီးမီးယားလိဂ်ပွဲ ရှုံးတဲ့အရေအတွက်ထက် ချန်ပီယံလိဂ်မှာပိုရှုံးခဲ့ပါတယ်။ဒါပေမယ့်သူတို့ချန်ပီယံလိဂ်ဖလားရသွားတယ်။ဒါဘယ်လိုများဖြစ်တာပါလဲ?တကယ်တော့ ချန်ပီယံလိဂ်ထက် ပရီးမီးယားလိဂ်ကအများကြီးပိုသာပါတယ်။ကျွန်တော့်တုန်းကလဲ အပတ်တိုင်းပရီးမီးယားလိဂ်ဖလားရယူဖို့ စိတ်အားထက်သန်ခဲ့ရပါတယ်။ချန်ပီယံလိဂ်မှာဆိုရင် သုံးပွဲလောက်ရှုံးလဲ ဖလားရဖို့အခွင့်အရေးရှိပါသေးတယ်”လို့ပြောကြားခဲ့ပါတယ်။