ကျွန်တော့်ကောင်လေးတွေအပေါ် သံသယဝင်ရင် ကျွန်တော်ရူးနေလို့ပေါ့……”ကလော့ပ်”

“လီဗာပူး”ဟာ ပြီးခဲ့တဲ့”ဝက်ဖို့ဒ်”နဲ့ရှုံးပွဲအပြီးမှာ သူတို့ရဲ့(၄၄)ပွဲဆက် ရှုံးပွဲမရှိစံချိန်ရပ်တန့်သွားခဲ့ရပြီး၊ပရီးမီးယားလိဂ်နောက်ဆုံး(၁၉)ပွဲဆက်တိုက်နိုင်ပွဲလဲ ရပ်တန့်သွားခဲ့ပါတယ်။တစ်နှစ်ကျော်ကာလအတွင်းမှာ စွမ်းဆောင်ရည်အညံ့ဆုံးဖြစ်ခဲ့တဲ့ ထိုပွဲအတွက် နည်းပြ”ကလော့ပ်”ဟာ ကစားသမားများကိုအပြစ်တင်ရမယ့်အစား ပွဲစဉ်အစအဆုံးပြန်လည်ကြည့်ရှုပြီး မမှားသင့်တာမမှားရအောင် အကြံပေးမှုများလုပ်ဆောင်ခဲ့ပါတယ်။”ကလော့ပ်”က – ကျွန်တော့်ကောင်လေးတွေကိုသံသယထားရင် ကျွန်တော်ရူးနေလို့ပေါ့။သူတို့ကိုစိတ်ရှည်ရှည်နဲ့ယုံကြည်ပေးရမယ်။ကျွန်တော်ဒီရလဒ်အတွက် သူတို့ကိုစိတ်ဆိုးမိပါတယ်။ဒါပေမယ့် ဒီအစည်းအဝေးမှာ သူတို့အပေါ် အဲ့လိုခံစားချက်တွေမရှိတော့ဘူး။အားလုံးနဲ့အဆင်ပြေပါတယ်။ဒီပွဲတစ်ပွဲရှုံးနိမ့်ယုံနဲ့ သူတို့ကိုပေါက်ကွဲပြပီးအော်နေမယ်ဆိုရင် ဒါဟာအတော်ထူးဆန်းပါလိမ့်မယ်။အစည်းအဝေးအပြီးမှာ ကျွန်တော့်ခံစားချက်ကဘယ်လိုရှိမလဲဆိုတာ စိတ်မဝင်စားပါဘူး။ကျွန်တော့်ကောင်လေးတွေ ဘယ်လိုခံစားနေမလဲဆိုတာနဲ့ သူတို့ဆီကကောင်းမွန်တဲ့ပုံစံတွေမြင်ရဖို့ပဲစိတ်ဝင်စားပါတယ်။တခါလာလဲဒါပဲ၊နောက်တခါလာလဲဒါကိုပဲအထပ်ထပ်ဝေဖန်နေမယ်ဆိုရင် ဒါဟာစစ်မှန်တဲ့စိတ်ခံစားမှုမဟုတ်တော့ပါဘူး။တကယ်တော့ ကျွန်တော်တို့ရဲ့စွမ်းဆောင်ရည်လုံလုံလောက်လောက်မကောင်းခဲ့ပါဘူး။ဒါဟာ အဲ့ဒါအတွက် ကျွန်တော်ပေးနိုင်တဲ့အလွယ်ကူဆုံးအဖြေပါပဲ။

TBS

ကၽြန္ေတာ့္ေကာင္ေလးေတြအေပၚ သံသယဝင္ရင္ ကၽြန္ေတာ္႐ူးေနလို႔ေပါ့……”ကေလာ့ပ္”
“လီဗာပူး”ဟာ ၿပီးခဲ့တဲ့”ဝက္ဖို႔ဒ္”နဲ႔ရွုံးပြဲအၿပီးမွာ သူတို႔ရဲ့(၄၄)ပြဲဆက္ ရွုံးပြဲမရွိစံခ်ိန္ရပ္တန႔္သြားခဲ့ရၿပီး၊ပရီးမီးယားလိဂ္ေနာက္ဆုံး(၁၉)ပြဲဆက္တိုက္နိုင္ပြဲလဲ ရပ္တန႔္သြားခဲ့ပါတယ္။တစ္ႏွစ္ေက်ာ္ကာလအတြင္းမွာ စြမ္းေဆာင္ရည္အညံ့ဆုံးျဖစ္ခဲ့တဲ့ ထိုပြဲအတြက္ နည္းျပ”ကေလာ့ပ္”ဟာ ကစားသမားမ်ားကိုအျပစ္တင္ရမယ့္အစား ပြဲစဥ္အစအဆုံးျပန္လည္ၾကည့္ရွုၿပီး မမွားသင့္တာမမွားရေအာင္ အႀကံေပးမွုမ်ားလုပ္ေဆာင္ခဲ့ပါတယ္။”ကေလာ့ပ္”က – ကၽြန္ေတာ့္ေကာင္ေလးေတြကိုသံသယထားရင္ ကၽြန္ေတာ္႐ူးေနလို႔ေပါ့။သူတို႔ကိုစိတ္ရွည္ရွည္နဲ႔ယုံၾကည္ေပးရမယ္။ကၽြန္ေတာ္ဒီရလဒ္အတြက္ သူတို႔ကိုစိတ္ဆိုးမိပါတယ္။ဒါေပမယ့္ ဒီအစည္းအေဝးမွာ သူတို႔အေပၚ အဲ့လိုခံစားခ်က္ေတြမရွိေတာ့ဘူး။အားလုံးနဲ႔အဆင္ေျပပါတယ္။ဒီပြဲတစ္ပြဲရွုံးနိမ့္ယုံနဲ႔ သူတို႔ကိုေပါက္ကြဲျပပီးေအာ္ေနမယ္ဆိုရင္ ဒါဟာအေတာ္ထူးဆန္းပါလိမ့္မယ္။အစည္းအေဝးအၿပီးမွာ ကၽြန္ေတာ့္ခံစားခ်က္ကဘယ္လိုရွိမလဲဆိုတာ စိတ္မဝင္စားပါဘူး။ကၽြန္ေတာ့္ေကာင္ေလးေတြ ဘယ္လိုခံစားေနမလဲဆိုတာနဲ႔ သူတို႔ဆီကေကာင္းမြန္တဲ့ပုံစံေတြျမင္ရဖို႔ပဲစိတ္ဝင္စားပါတယ္။တခါလာလဲဒါပဲ၊ေနာက္တခါလာလဲဒါကိုပဲအထပ္ထပ္ေဝဖန္ေနမယ္ဆိုရင္ ဒါဟာစစ္မွန္တဲ့စိတ္ခံစားမွုမဟုတ္ေတာ့ပါဘူး။တကယ္ေတာ့ ကၽြန္ေတာ္တို႔ရဲ့စြမ္းေဆာင္ရည္လုံလုံေလာက္ေလာက္မေကာင္းခဲ့ပါဘူး။ဒါဟာ အဲ့ဒါအတြက္ ကၽြန္ေတာ္ေပးနိုင္တဲ့အလြယ္ကူဆုံးအေျဖပါပဲ။

TBS

Leave a comment

Design a site like this with WordPress.com
Get started