“ဝက်ဖို့ဒ်”ကိုရှုံးတဲ့ပွဲအပြီး “ဗန်ဒိုက်”ဘာပြောခဲ့လဲ?

“လီဗာပူး”အသင်းဟာ မနေ့ညက”ဝက်ဖို့ဒ်”နဲ့ကစားခဲ့တဲ့ပွဲမှာ (3)ဂိုးပြတ်ရှုံးခဲ့တာပါ။ဒုတိယပိုင်းမှာ “ဝက်ဖို့ဒ်”တောင်ပံကစားသမား “ဆားရ်”ရဲ့သွင်းဂိုးတွေကို မဟန့်တားနိုင်ခြင်းနဲ့အတူ (၆)မိနစ်အတွင်းသွင်းဂိုး(၂) ဦးဆောင်ခြင်းကိုခံထားခဲ့ရတယ်။တတိယဂိုးဟာလဲ “လီဗာပူး”ရဲ့ခံစစ်အမှားကြောင့် ပေးခဲ့ရတာပါ။ဒီပွဲကြောင့် “လီဗာပူး”ရဲ့(44)ပွဲဆက်ရှုံးပွဲမရှိတဲ့စံချိန် ရပ်တန့်သွားခဲ့ပါတယ်။ဒါနဲ့ပတ်သက်ပြီး “ဗန်ဒိုက်”က –
“ပထမဦးဆုံး”ဝက်ဖို့ဒ်”ကိုဂုဏ်ပြုချင်ပါတယ်။သူတို့က သူတို့အစီအစဉ်အတိုင်းလှုပ်ရှားခဲ့ကြပြီး အခွင့်အရေးတွေရခဲ့တယ်။သူတို့(3)ဂိုးတောင်ရခဲ့ပါတယ်။ကျွန်တော်တို့အသင်းက အခွင့်အရေးတွေများများစားစား မဖန်တီးနိုင်ခဲ့ဘူးထင်ပါတယ်။ဘာတွေမှားနေလဲ ပြန်ကြည့်ရမယ်။ဒါတွေကို နောက်တစ်ကြိမ်ထပ်မဖြစ်စေဖို့သင်ယူရမယ်။ပြီးခဲ့တဲ့”တီကို”နဲ့ပွဲတုန်းကလဲ တည်ကန်ဘောကနေတစ်ဂိုးပေးခဲ့ရတယ်။ဒီနေ့ဆိုကျွန်တော်တို့ပိုပြီးကောင်းသင့်တာပေါ့။တစ်ရာသီလုံးစာခြုံကြည့်ရင်တော့ ကျွန်တော်တို့ခံစစ်ကောင်းပါတယ်။ပြီးတော့ဒီလိဂ်မှာလဲ ကျွန်တော်တို့က ပေးဂိုးမရှိပွဲ အများဆုံးရထားတဲ့အသင်းပါ။ကျွန်တော်တို့စိတ်ဓာတ်ပိုင်းအတွက် ဒီထက်ပိုပြီးတိုးတက်အောင်ကြိုးစားရမယ်။(3)ဂိုးပြတ်ရှုံးတာ ကျွန်တော်လက်မခံနိုင်ပါဘူး။ဒါကအရမ်းနာကျင်ရတယ်။ဒါမီဒီယာတွေအတွက် သတင်းတစ်ခုပေးလိလိုက်သလိုပါပဲ။ဒါမျိုးဘယ်တော့မှ မဖော်ပြချင်ခဲ့ပါဘူး။နောက်လာမယ့်ပွဲဖြစ်တဲ့FA cupအနိုင်ရအောင်ကစားရမယ်။ဒါပြီးရင်”ဘုန်းမောက်”နဲ့ပွဲပေါ့။ကျွန်တော်တို့ဘာတွေလုပ်ပြနိုင်လဲဆိုတာ ပြချင်ပါသေးတယ်။ဒါရှေ့ကိုဆက်သွားဖို့ နည်းလမ်းတစ်လမ်းပါပဲ”

TBS

Leave a comment

Design a site like this with WordPress.com
Get started