
“မန်စီးတီး”အသင်းဟာ “ရီးရဲလ်”ကို ချန်ပီယံလိဂ်(16)သင်းရှုံးထွက်အဆင့်မှာ 1-2ရလဒ်နဲ့အနိုင်ယူခဲ့တာပါ။”ဒီဘရိုင်း” “ဂျေးစု”တို့ဟာလဲ ဒီပွဲမှာပုံစံကောင်းတွေပြသနိုင်ခဲ့ပါတယ်။
အိမ်ရှင်”ရီးရဲလ်”ဟာ မိနစ်60မှာရတဲ့ “အစ္စကို”ရဲ့သွင်းဂိုးနဲ့ ပွဲကိုဦးဆောင်ထားခဲ့တာပါ။”ရီးရဲလ်”ဂိုးသမား “ကော်တိုရစ်”ကလဲ “မန်စီးတီး”ရဲ့ဂိုးပေါက်ကန်ချက်တွေကို အမှားအယွင်းမရှိကာကွယ်ပေးခဲ့ပါတယ်။78မိနစ်အရောက်မှာ “ဒီဘရိုင်း”ရဲ့ထောင့်ဖြတ် ဖြတ်တင်ဘောကနေ “ဂျေးစု”အပိုင် ခေါင်းတိုက်သွင်းယူနိုင်ခဲ့ပြီး ပွဲကတစ်ဖက်တစ်ဂိုးစီနဲ့ ပိုပြီးမြိုင်ဆိုင်ခဲ့ပါတယ်။82မိနစ်မှာ “စတာလင်း”ဘောလုံးဆွဲယူလာချိန် “ရီးရဲလ်”နောက်ခံလူ “ကာဗာဂျယ်”ပင်နယ်တီဧရိယာမှာ ပြစ်ဒဏ်ကျုးလွန်ခဲ့တာကြောင့် မန်စီးတီးတို့ ပင်နယ်တီရခဲ့ပါတယ်။

ဒီဂိုးကို ဘယ်လ်ဂျီယံလက်ရွေးစင် “ဒီဘရိုင်း”က အမှားအယွင်းမရှိကန်သွင်းယူခဲ့ပြီး ဦးဆောင်ဂိုးအရင်ရထားတဲ့”ရီးရဲလ်”ဟာ နောက်ဆုံးမိနစ်တွေမှာ အရှုံးပေးခဲ့ရပါတယ်။ပွဲချိန်86မိနစ်မှာတော့ “ဂျေးစု”အပေါ် “ရာမို့စ်”ဖြတ်ထုတ်ပုံကြမ်းခဲ့တာကြောင့် တိုက်ရိုက်အနီကတ်နဲ့ထုတ်ပယ်ခံလိုက်ရပါတယ်။
ဒီပွဲစဉ်မှာ နည်းပြ”ဂွါဒီယိုလာ”ရဲ့ မန်စီးတီးအသင်းဟာ ဘောလုံးပိုင်ဆိုင်မှု51%ရှိခဲ့ပြီး ဂိုးပေါက်တည့်မှု(8)ကြိမ်အထိရှိခဲ့ပါတယ်။”ရီးရဲလ်”ဂိုးသမား”ကော်တိုရစ်”လက်စွမ်းပြနေလို့သာ ဂိုးမပြတ်ခဲ့တာပါ။

“ရီးရဲလ်”ကတော့ ဂိုးပေါက်တည့်မှု(3)ကြိမ်သာရှိခဲ့တာပါ။လူစာရင်းမှာလဲ”ဂွါဒီယိုလာ”ဟာ “စတာလင်း”၊”အဂွဲရို”တို့ကိုအရံခုံသာထိုင်စေပြီး “ဂျေးစု”ကိုပွဲထွက်စေခဲ့တာပါ။”ဂွါဒီယိုလာ”ရဲ့နည်းစနစ်မှန်ကန်ခဲ့ပြီး “ဒီဘရိုင်း”၊”ဂျေးစု”တို့ရဲ့စွမ်းရည်တွေကြောင့် မန်စီးတီးအနိုင်ရခဲ့ပါတယ်။
💥👏Man of the Match-ဒီဘရိုင်း(မန်စီးတီး)