
မနေ့ညက ချန်ပီယံလိဂ်ပွဲစဉ်တစ်ခုဖြစ်တဲ့
လိုင်ယွန်နဲ့ပွဲအပြီးမှာ ၁-၀ နဲ့ ရှုံးနိမ့်ခဲ့တာကြောင့် နည်းပြဆာရီအနေနဲ့ တော်တော်လေးစိတ်အနှောင့်အယှက်ဖြစ်ခဲ့ရတာပါ ။
” ဘာကြောင့်လဲဆိုတာတော့ ရှင်းပြဖို့ခက်တယ်
ပထမပိုင်းမှာ ကျွန်တော်တို့ကစားသမားတွေက
အရမ်းနှေးတယ် ။ လှုပ်ရှားမှုလည်းမရှိဘူး ။ ဒါကြောင့်လည်းတစ်ဖက်အသင်းက ဖိအားပေး၊ ဘောလုံးကိုအရယူနိုင်ခဲ့ပြီး ဂိုးသွင်းနိုင်ခဲ့ကြတာပေါ့ ” လို့ အီတလီ sky sport မီဒီယာကိုပြောကြားခဲ့တာပါ ။
” တစ်ဖက်အသင်းကတိုက်စစ်ကစားချိန်မှာတိုကျွန်တော်အသင်းဖက်က စိတ်အားထက်သန်မှုတွေ ပျောက်ဆုံးနေပြီး ၁၅ မိနစ်ခန့်လောက်လည်းအကာအကွယ်မဲ့နေခဲ့တာပါ။
De Ligt ဒဏ်ရာရသွားတဲ့အချိန်မှာကျွန်တော်တို့ ပိုပြီး ကံမကောင်းဖြစ်ခဲ့ရပါတယ်။ “
” ဒုတိယပိုင်းမှာတော့ ကစားကွက်တွေပိုကောင်းလာပေမဲ့ ချန်ပီယံလိဂ်ပွဲအတွက်တော့ လုံလောက်တဲ့ကစားမှုမျိုးမဟုတ်ပါဘူး ။
” ကစားသမားတွေက ဘောလုံးကို အားစိုက်ပြီး လျင်လျင်မြန်မြန်ကစားဖို့အရေးကြီးတယ်ဆိုတာကို နားမလည်ဘူး ” ဒါကအခြေခံကျတယ် ။ ပြီးတော့အဲ့ဒါအရေးကြီးတယ်ဆိုတာကို သူတို့အနှေးနဲ့အမြန် သူတို့ခေါင်းထဲရောက်လိမ့်မယ်လို့လည်းထင်ပါတယ် ။ “
” ရှေ့ဆက်ပြီးအသင်းကိုအများကြီး ပြောစရာတွေရှိတယ် ။ လေ့ကျင့်ရေးဆင်းခဲ့တဲ့အချိန်တုန်းကတောင် ဒီနေ့ညကစားပုံထက် နှစ်ဆမြန်တယ် ပိုသာတယ် ။ ဘာတွေဖြစ်လာခဲ့မှန်းတော့မသိပါဘူး ” လို့ ပြောကြားခဲ့ပါတယ် ။