အူဘာမီယမ်က ဂိုးသွင်းသူတစ် ယောက်ထက်ပိုတယ်ဆိုတဲ့ လာကာဇက်

အာဆင်နယ်ရှေ့တန့်ကစားသမား လာကာဇက်က အသင်းဖော်အူဘာမီယမ်ကို “သူဟာဂိုးသွင်းတဲ့သူတစ်ယောက် ထက်ပိုပါတယ် ” လို့ချီးကျူးပြီး အသင်းသားအချင်းချင်း လေးစားမှုကို ထုတ်ဖော်ပြသခဲ့ပါတယ် ။

အူဘာမီယမ်ဟာ ဒီရာသီအတွင်း အာဆင်နယ် ပရိသတ်တွေကြား အရှိန်အဟုန်ပြင်းပြင်းနဲ့ ထိုးထွက်လာတဲ့သူတစ်ယောက်ပါ ။ အာတီတာကိုယ်တိုင်ကလည်း အူဘာမီယမ် အတော်လေးအားရခဲ့ပါတယ် ။

အိုလံပီယာကိုနဲ့ပွဲမတိုင်ခင် မီဒီယာအင်တာဗျူးမှာ အခုလိုပြောကြားခဲ့တာပါ ။
” လူတွေက အူဘာ ဘယ်လိုကစားနေတယ်ဆိုတာကို ဒီထက်ပိုဂရုစိုက်သင့်တယ်လို့ ကျွန်တော်ထင်တယ် ဘာလို့လဲဆိုတော့ပွဲထဲမှာ သူက ဂိုးသွင်းတဲ့သူတစ်ယောက်ထက်ကိုပိုပါတယ် ” လို့ဖြေကြားခဲ့ပါတယ် ။

“သူကအသင်းတွေအများကြီးကိုကာကွယ်ကစားနိုင်ခဲ့တယ် ။ ပြီးတော့ တခြားတိုက်စစ်တွေ(ဥပမာ အက်ဒီတို့ ငါတို့) အတွက် နေရာရအောင်လုပ်ပေးနိုင်တယ် ။ အကယ်ရျ် ငါတို့ဆုတွေ အောင်မြင်မှုတွေပိုရလာတဲ့အခါသူကအသင်းအတွက်ဘယ်လိုလုပ်ပေးခဲ့ကြောင်း လူတွေကပိုပြောဖြစ်မယ်ထင်ပါတယ် “

” ပြီးတော့ သူကအကောင်းဆုံးကစားသမားထဲကတစ်ယောက်ပါ ။ငါထင်တာတော့ ဒီရာသီအတွက်သူကအကောင်းဆုံးပါပဲ ။ သူ့ကိုအသင်းမှာ ဆက်ရှိနေစေချင်တယ် ” လို့ပြောခဲ့ပါသေးတယ် ။

TBS

Leave a comment

Design a site like this with WordPress.com
Get started