အားကစားခုံရုံး(CAS)သို့အယူခံတင် သွင်းလိုက်တဲ့ “မန်စီးတီး”

မန်စီးတီးသည် ငွေကြေးဆိုင်ရာစည်းမျဉ်းများချိုးဖောက်မှုကြောင့် ဥရောပပြိုင်ပွဲများဝင်ရောက်ယှဉ်ပြိုင်ခြင်းကို (2)နှစ်ပိတ်ပင်ခံထားရတာဖြစ်ပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီး မန်စီးတီးဟာ အားကစားခုံရုံးသို့အယူခံတင်သွင်းလိုက်ပြီဖြစ်ပါတယ်။မန်စီးတီးဟာ UEFAရဲ့ငွေကြေးစည်းမျဉ်းများအပါအဝင် ကလပ်လိုင်စင်နဲ့ပတ်သက်တဲ့စည်းမျဉ်းများကို ကြီးကြီးမားမားချိုးဖောက်ခဲ့သည်ဟု ငွေကြေးထိန်းချုပ်ရေးအဖွဲ့(CFCB)ကစွဲချက်တင်ခဲ့ပြီး ဖေဖော်ဝါရီလ ၁၄ရက်နေ့က ပေါင်24.9သန်းပေးဆောင်ရန် ဒဏ်ကြေးချမှတ်ခဲ့ပါတယ်။ယူအီးအက်ဖ်အေကတော့ မန်စီးတီးဟာ၂၀၁၂ မှ ၂၀၁၆ ခုနှစ်အတွင်း သူတို့ရဲ့စပွန်ဆာ”အီတီဟတ်”ကရရှိတဲ့ ငွေကြေးအမြတ်အစွန်းများကို လက်ရှိပေါက်စျေးထက်တိုးမြှင့်ကာ ယူဖီးအဖ်အေသို့ စာရင်းလိမ်တင်သွင်းခဲ့တာကြောင့်ဖြစ်ပါတယ်လို့ဆိုထားပါတယ်။ဒါ့အပြင် ငွေကြေးထိန်းချုပ်ရေးအဖွဲ့(CFCB)ရဲ့စုံစမ်းစစ်ဆေးမှုမှာ မန်စီးတီးဟာ ပူးပေါင်းဆောင်ရွက်ဖို့ပျက်ကွက်ခဲ့တာကြောင့် 2020-21, 2021-22ရာသီများတွင် ဥရောပပြိုင်ပွဲများဝင်ရောက်ယှဉ်ပြိုင်ဖို့ ပိတ်ခံလိုက်ရတာဖြစ်ပါတယ်။
အားကစားခုံရုံး(CAS)ရဲ့ပြောကြားချက်မှာ – “ယေဘုယျအားဖြင့် မန်စီးတီးဟာ(CFCB)ရဲ့ ဖေဖော် ဝါရီလ(14)ရက်နေ့ကချမှတ်ခဲ့တဲ့ ပြစ်ဒဏ်ကြောင့် အယူခံဝင်တာဖြစ်ပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီး ခုံသမာဓိအဖွဲ့နဲ့ လုပ်ထုံးလုပ်နည်းများအတိုင်းလုပ်ဆောင်သွားမှာဖြစ်ပြီး ဘယ်လိုရလဒ်ထွက်ပေါ်မလဲဆိုတာမသိသေးပါဘူး”လို့ပြောကြားခဲ့ပါတယ်။စီးတီးရဲ့ အမှုဆောင်အရာရှိချုပ်”ဆိုရီယာနို”က စွပ်စွဲချက်တွေက မှားယွင်းကြောင်းပြောဆိုထားပါတယ်။နောက်ပြီး ဒီကိစ္စကိုသက်သေပြဖို့ မန်စီးတီးဘက်က လုပ်နိုင်သမျှအကုန်လုပ်သွားမယ်လို့လဲ ပြောခဲ့ပါတယ်။

TBS

အားကစားခုံ႐ုံး(CAS)သို႔အယူခံတင္သြင္းလိုက္တဲ့ “မန္စီးတီး”

မန္စီးတီးသည္ ေငြေၾကးဆိုင္ရာစည္းမ်ဥ္းမ်ားခ်ိဳးေဖာက္မွုေၾကာင့္ ဥေရာပၿပိဳင္ပြဲမ်ားဝင္ေရာက္ယွဥ္ၿပိဳင္ျခင္းကို (2)ႏွစ္ပိတ္ပင္ခံထားရတာျဖစ္ပါတယ္။ဒီကိစၥနဲ႔ပတ္သက္ၿပီး မန္စီးတီးဟာ အားကစားခုံ႐ုံးသို႔အယူခံတင္သြင္းလိုက္ၿပီျဖစ္ပါတယ္။မန္စီးတီးဟာ UEFAရဲ့ေငြေၾကးစည္းမ်ဥ္းမ်ားအပါအဝင္ ကလပ္လိုင္စင္နဲ႔ပတ္သက္တဲ့စည္းမ်ဥ္းမ်ားကို ႀကီးႀကီးမားမားခ်ိဳးေဖာက္ခဲ့သည္ဟု ေငြေၾကးထိန္းခ်ဳပ္ေရးအဖြဲ႕(CFCB)ကစြဲခ်က္တင္ခဲ့ၿပီး ေဖေဖာ္ဝါရီလ ၁၄ရက္ေန႔က ေပါင္24.9သန္းေပးေဆာင္ရန္ ဒဏ္ေၾကးခ်မွတ္ခဲ့ပါတယ္။ယူအီးအက္ဖ္ေအကေတာ့ မန္စီးတီးဟာ၂၀၁၂ မွ ၂၀၁၆ ခုႏွစ္အတြင္း သူတို႔ရဲ့စပြန္ဆာ”အီတီဟတ္”ကရရွိတဲ့ ေငြေၾကးအျမတ္အစြန္းမ်ားကို လက္ရွိေပါက္ေစ်းထက္တိုးျမႇင့္ကာ ယူဖီးအဖ္ေအသို႔ စာရင္းလိမ္တင္သြင္းခဲ့တာေၾကာင့္ျဖစ္ပါတယ္လို႔ဆိုထားပါတယ္။ဒါ့အျပင္ ေငြေၾကးထိန္းခ်ဳပ္ေရးအဖြဲ႕(CFCB)ရဲ့စုံစမ္းစစ္ေဆးမွုမွာ မန္စီးတီးဟာ ပူးေပါင္းေဆာင္ရြက္ဖို႔ပ်က္ကြက္ခဲ့တာေၾကာင့္ 2020-21, 2021-22ရာသီမ်ားတြင္ ဥေရာပၿပိဳင္ပြဲမ်ားဝင္ေရာက္ယွဥ္ၿပိဳင္ဖို႔ ပိတ္ခံလိုက္ရတာျဖစ္ပါတယ္။
အားကစားခုံ႐ုံး(CAS)ရဲ့ေျပာၾကားခ်က္မွာ – “ေယဘုယ်အားျဖင့္ မန္စီးတီးဟာ(CFCB)ရဲ့ ေဖေဖာ္ ဝါရီလ(14)ရက္ေန႔ကခ်မွတ္ခဲ့တဲ့ ျပစ္ဒဏ္ေၾကာင့္ အယူခံဝင္တာျဖစ္ပါတယ္။ဒီကိစၥနဲ႔ပတ္သက္ၿပီး ခုံသမာဓိအဖြဲ႕နဲ႔ လုပ္ထုံးလုပ္နည္းမ်ားအတိုင္းလုပ္ေဆာင္သြားမွာျဖစ္ၿပီး ဘယ္လိုရလဒ္ထြက္ေပၚမလဲဆိုတာမသိေသးပါဘူး”လို႔ေျပာၾကားခဲ့ပါတယ္။စီးတီးရဲ့ အမွုေဆာင္အရာရွိခ်ဳပ္”ဆိုရီယာနို”က စြပ္စြဲခ်က္ေတြက မွားယြင္းေၾကာင္းေျပာဆိုထားပါတယ္။ေနာက္ၿပီး ဒီကိစၥကိုသက္ေသျပဖို႔ မန္စီးတီးဘက္က လုပ္နိုင္သမၽွအကုန္လုပ္သြားမယ္လို႔လဲ ေျပာခဲ့ပါတယ္။

TBS

Leave a comment

Design a site like this with WordPress.com
Get started