ရီးရဲလ်-မန်စီးတီးပွဲစဉ်အတွက် ချာလီနီကိုးလပ်စ်ရဲ့ ခန့်မှန်းချက်ထွက်ပါပြီ…….

ရီးရဲလ်မက်ဒရစ်က ခန့်မှန်းလို့မရတဲ့အသင်းပါ။ပြီးခဲ့တဲ့ပွဲစဉ်က “လီဗန်တေး”ကိုရှုံးလိုက်တာဟာ သူတို့ရဲ့အမှတ်ပေးဇယားကို ထိခိုက်စေခဲ့ပါတယ်။ဒါပေမယ့် သူတို့က ဒီချန်ပီယံလိဂ်မှာတော့ဆရာတစ်ဆူပါပဲ။ကစားပုံမကောင်းရင်တောင်မှ ဘယ်လိုအနိုင်ယူရမလဲဆိုတာသူတို့သိမှာပါ။

ဒီအားပြိုင်မှုမှာ ရီးရဲလ်ကနာမည်ကြီးနေရင်တောင်မှ ကျွန်တော်ကတော့နိုင်မယ်မထင်ပါဘူး။မန်ချက်စတာစီးတီးက ဒီနေ့ပွဲမှာဂိုးသွင်းနိုင်မယ်ထင်ပါတယ်။”လာပေါ့တေး”ပြန်ပါလာတာက မန်စီးတီးကိုအပေါင်းလက္ခဏာဆောင်ခြင်းပါ။မန်စီးတီးတို့အတွက် ရီးရဲလ်ရဲ့ဘယ်နေရာကကြောက်စရာအကောင်းဆုံးဖြစ်မလဲ?

ဒီပွဲမှာ ရာမို့စ်ပါလာပါမယ်။ဟာဇက်ကတော့ ဒဏ်ရာကြောင့်မပါနိုင်ပါဘူး။မန်စီးတီးနည်းပြ ဂွါဒီယိုလာကတော့ ရီးရဲလ်တို့ရဲ”ဘာနေဗျုး”ကွင်းကိုပွေ့ဖက် နှုတ်ဆက်နေမှာအသေအချာပါပဲ။

ဘာလို့လဲဆိုတော့ အရင်က(ဘာစီလိုနာနည်းပြဘဝတုန်းက)ပြည်တွင်းပြိုင်ပွဲတွေမှာ သူဒီကွင်းကိုခဏခဏရောက်နေကြပဲ။ဒီကွင်းထဲမှာ အနိုင်လဲယူခဲ့ဖူးပါတယ်။အခုဆိုရင် မန်စီးတီးမှာ ဂွမ်ဒိုဂန်၊ဒီဘရိုင်း၊ဘာနာဒိုဆေးလ်ဗား အစရှိတဲ့အဓိကကစားသမားတွေရှိနေပြီပဲလေ။


ပွဲရလဒ်ခန့်မှန်းချက်ကတော့…. ရီးရဲလ်မက်ဒရစ် 2 – 2 မန်စီးတီး

TBS

Leave a comment

Design a site like this with WordPress.com
Get started