“ဘိုင်ယန်”ကိုရှုံးနိမ့်ပြီးနောက် ကစားသမားတစ်ယောက်ချင်းစီတိုင်းကို စစ်ဆေးမှုပြုလုပ်တော့မယ့် “လမ်းပတ်”

ချယ်ဆီးအသင်းဟာ ချန်ပီယံလိဂ်(16)သင်းရှုံးထွက်အဆင့်မှာ “ဘိုင်ယန်မြူးနစ်”ကို3-0နဲ့ အရေးနိမ့်ခဲ့တာပါ။ချယ်ဆီးဟာ ဒီရာသီမှာကစားတဲ့ချန်ပီယံလိဂ်အိမ်ကွင်းပွဲစဉ်များအနက် “လိုင်လီ”နဲ့ကန်တဲ့ တစ်ပွဲသာနိုင်ပွဲရထားပါ။”ဘိုင်ယန်”ကိုရှုံးနိမ့်ခဲ့တဲ့ပွဲအပြီး အင်တာဗျူးမှာ နည်းပြ”လမ်းပတ်”ဟာ အခုလိုပြောကြားခဲ့ပါတယ်။
“ဒါဟာ ချန်ပီယံလိဂ်အဆင့်ဖြစ်ပါတယ်။ဘိုင်ယန်အသင်းဟာ အံ့ဩစရာကောင်းပါတယ်။ကျွန်တော်တို့ဘက်ကလုပ်သမျှအရာတိုင်းမှန်နေရင်တောင်မှ သူတို့ကပိုပြီးအင်အားတောင့်တဲ့အသင်းပါ။ဒီညဟာ ကျွန်တော်တို့အတွက်ခက်ခဲတဲ့ညတစ်ညပါ။ကျွန်တော်တို့အသင်းသားတွေရဲ့ ပေါက်ကွဲပြင်းထန်တဲ့ကစားဟန်မတွေ့ခဲ့ရပါဘူး။သူတို့ဟာ ဘောလုံးယှဉ်ကစားဖို့ယုံကြည်ချက်ပျောက်ဆုံးနေပါတယ်။ဒါဟာ ပွဲအစကနေအဆုံးထိကျွန်တော့်ကို အကြီးအကျယ်စိတ်ပျက်စေခဲ့တဲ့အရာပါပဲ။ကျွန်တော်တို့ချန်ပီယံလိဂ်မှာကစားချင်တာပါ။ပြီးခဲ့တဲ့ရာသီတုန်းကလဲ ဒီလိုကစားခွင့်ရဖို့ကြိုးစားခဲ့ကြတာပါ။ဒါပေမယ့် ဒီနေ့မှာတော့ကျွန်တော်တို့အခြေအနေဟာ ခြားနားသွားသလိုပါပဲ။ဒါပေမယ့်ဒီလိုမျိုးက တခါတလေဖြစ်တတ်ပါတယ်။ပြင်းထန်တဲ့လေထုထဲမှာ လူတွေအားလုံးကခင်ဗျားကိုမျက်စိဒေါက်ထောက်ကြည့်ပြီး အာရုံစိုက်နေတဲ့အခါမျိုးပေါ့။ဒီနေ့ပွဲဟာ ကျွန်တော်တို့ကစားသမားတွေအတွက် ဘယ်လိုအဆင့်အတန်းမျိုးရှိနေ မလဲဆိုတဲ့သင်ခန်းစာတွေ လေးလေးနက်နက်ရလိုက်ပါတယ်။ကျွန်တော်တို့ သူတို့နဲ့ယှဉ်လိုက်ရင်ဘာမှမလုပ်နိုင်ခဲ့တဲ့အတွက် စိတ်ပျက်ရပါတယ်။ဒါနဲ့ပတ်သက်ပြီး ကျွန်တော့်ရဲ့ကစားသမားတစ်ယောက်ချင်းစီတိုင်းကို အဝတ်လဲခန်းထဲမှာ ပြန်လည်စစ်ဆေးမှုတွေလုပ်သွားမှာပါ။ဒီထက်ပိုပြီး ကြိုးစားသွားမှာပါ”

TBS

Leave a comment

Design a site like this with WordPress.com
Get started