ချန်ပီယံလိဂ်ကန်ရဖို့ ယူရိုပါလိဂ် ဖလားကိုအားကိုးနေမှာမဟုတ် ကြောင်း သတိပေးလိုက်တဲ့”ဆိုးရှား”

မန်ချက်စတာယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ယူရိုပါလိဂ်ပွဲစဉ်မှာ ဘရုဂေးကို1-1နဲ့သရေကျခဲ့တာပါ။နောက်တကျော့ကို ယူနိုက်အိမ်ကွင်း”အိုးထရက်ဖို့ထ်”မှာယှဉ်ပြိုင်ရမှာဖြစ်ပြီး နောက်တဆင့်ကိုတက်လှမ်းသွားဖို့ အခြေအနေကောင်းနေတာပါ။ပရီးမီးယားလိဂ်မှာလဲ အဆင့်(၄)နေရာက ချယ်ဆီးနဲ့(၃)မှတ်အကွာမှာရှိနေပြီး အဆင့်(၅)နေရာကိုသိမ်းပိုက်ထားတာပါ။လာမယ့်ရာသီအတွက် မန်စီးတီးအသင်းဟာ ချန်ပီယံလိဂ်ပိတ်ခံထားရတဲ့ပြစ်ဒဏ်ကို ရင်ဆိုင်နေရတာဖြစ်လို့ အဆင့်(၅)နေရာကအသင်းက ချန်ပီယံလိဂ်ကစားခွင့်ရမှာဖြစ်ပါတယ်။ယူနိုက်တက်နည်းပြဆိုးရှားက – “ကျွန်တော်တို့ တစ်ချိန်ထဲမှာ ပြိုင်ပွဲတစ်ပွဲကိုသာ ယှဉ်ပြိုင်ဖို့လိုပါတယ်။အခုလို အမှတ်ပေးဖလားပြိုင်ပွဲတွေမှာ ဘာမဆိုဖြစ်သွားနိုင်တယ်ဆိုတာခင်ဗျားတို့မသိပါဘူး။ဒီယူရိုပါလိဂ်ပြိုင်ပွဲမှာ ရမှတ်တွေများများယူဖို့မျှော်လင့်ပါတယ်။ဒါပေမယ့် ငါတို့ဒီဖလားကိုရရမယ်ဆိုပြီး မျှော်လင့်ချက်နဲ့အားကိုးနေမှာမဟုတ်ပါဘူး။ဒီမှာကအသင်းကောင်းတွေအများကြီးပဲ။ဘယ်သူရမလဲဆိုတာခန့်မှန်းလို့မရပါဘူး”လို့ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး မန်စီးတီးရဲ့ပြစ်ဒဏ်နဲ့ပတ်သက်လို့ နည်းပြဆိုးရှားက “ကျွန်တော်တို့အသင်းကလဲ အသင်းကြီးတစ်သင်းပါ။လာမယ့်ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ကစားနိုင်ဖို့ ဒီကိစ္စက ကျွန်တော်တို့အတွက်အထောက်အကူဖြစ်စေမယ်ထင်ပါတယ်။လာမယ့်ပွဲစဉ်ကိုအာရုံစိုက်ထားပါတယ်။နောက်ပြီး တနင်္ဂနွေနေ့မှာကန်မယ့်ပရီးမီးယားလိဂ်ပွဲစဉ်ရယ် ကြာသပတေးနေ့မှာကန်မယ့်FA cupအတွက်ရောပဲ။ဒါတင်မက ဥရောပပွဲတွေလဲ အများကြီးကစားရဖို့မျှော်လင့်ပါတယ်”လို့ စကားဦးဆိုသွားခဲ့ပါတယ်……

TBS

Leave a comment

Design a site like this with WordPress.com
Get started