
အားသာချက်၊အားနည်းချက်များကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။
ချယ်ဆီးနဲ့ ဘိုင်ယန်တို့နောက်ဆုံးအကြိမ်တွေ့ဆုံခဲ့တာက 2012ချန်ပီယံလိဂ်ဖိုင်နယ်မှာဖြစ်ပါတယ်။အဲ့ဒီတုန်းက ဘိုင်ယန်ရဲ့”အလိုင်းရန့်ဇ်အေရီနာ”ကွင်းမှာ ချယ်ဆီးတို့ ချန်ပီယံလိဂ်ဆုဖလားကိုင်မြှောက်ခဲ့တဲ့ပုံရိပ်တွေကို မေ့နိုင်ဦးမယ်မထင်ပါဘူး။ဒီတစ်ကြိမ်မှာတော့ ဘိုင်ယန်က လက်စားပြန်ချေမလား၊ချယ်ဆီးကပဲ ထပ်မံအနိုင်ယူမလားဆိုတာ ဒီညမှာပဲအဖြေပေါ်တော့မှာပါ………
ချယ်ဆီးဟာ 2002-03ရာသီနောက်ပိုင်း ရှုံးထွက်အဆင့်ကို ဒီတစ်ကြိမ်အပါအဝင်(14)ကြိမ်တက်ခဲ့ဖူးပါတယ်။သို့ပေမယ့် 2013-14ရာသီကစလို့ ချယ်ဆီးဟာ 16သင်းရှုံးထွက်အဆင့်ကိုမဖြတ်ကျော်နိုင်ခဲ့ပါဘူး။ဘစတန်းဖို့ဘရစ်မှာကစားခဲ့တဲ့ နောက်ဆုံးချန်ပီယံလိဂ်(6)ပွဲမှာ ချယ်ဆီးဟာ (၁)ပွဲသာနိုင်ပွဲရထားပါတယ်။ဒီနိုင်ပွဲက ပြီးခဲ့တဲ့အုပ်စုအဆင့်မှာ လိုင်လီကို2-1နဲ့နိုင်ခဲ့တဲ့ပွဲပါ။ဘိုင်ယန်ကတော့ ဒီတစ်ကြိမ်အပါအဝင် (12)ကြိမ်ဆက်တိုက်ရှုံးထွက်အဆင့်ကိုတက်ရောက်ခဲ့ရပြီး ဒါဟာ ရီးရဲလ်နဲ့ဘာစီပြီးရင် တတိယအများဆုံးစံချိန်ကိုရခဲ့တာပါ။ဘိုင်ယန်ဟာ (16)သင်းရှုံးထွက်အဆင့်ရဲ့ နောက်ဆုံး(8)ကြိမ်မှာ (7)ကြိမ်ဖြတ်ကျော်နိုင်ခဲ့ပြီး ရှုံးခဲ့တဲ့တစ်ကြိမ်က ပြီးခဲ့တဲ့ရာသီက”လီဗာပူး”အသင်းနဲ့ပွဲစဉ်ပဲဖြစ်ပါတယ်။
ဒဏ်ရာရကစားသမားများ
ချယ်ဆီးဘက်က အိုဒွိုင်း၊ပူလီဆစ်၊ကန်တီတို့လွဲချော်သွားမှာဖြစ်ပြီး၊ဘိုင်ယန်ဘက်မှာတော့ ပါရီဆစ်၊ဆူးလ်တို့လွဲချော်သွားမှာဖြစ်ပါတယ်။
ချယ်ဆီးဟာ ဒဏ်ရာကနေသက်သာလာပြီဖြစ်တဲ့ လော့ဖ်တပ်ချိ၊ပက်ဒရိုတို့ပါဝင်ကစားနိုင်ဖွယ်ရှိပြီး အဓိကတိုက်စစ်မှုးအဖြစ် “ဂျီရူး”ပွဲထွက်လာနိုင်ပါတယ်။ဂိုးသမားနေရာက ဘယ်သူပွဲထွက်လာမယ်ဆိုတာခန့်မှန်းလို့မရပါဘူး။3-4-3,3-5-2စတဲ့ အခင်းအကျင်းကိုသုံးဖို့များပါတယ်။
ဘိုင်ယန်ဟာ 4-2-3-1နဲ့ပွဲထွက်လာနိုင်ပြီး “လီဝန်ဒေါ့စကီး” ၊”မူလာ”၊”နာဘရီ”၊”ကိုးမန်း”စတဲ့တိုက်စစ်ကစားသမားအစုံအလင်နဲ့ပွဲထွက်လာမှာဖြစ်ပါတယ်။တစ်ချိန်ကအာဆင်နယ်ကစားသမားတစ်ဦးဖြစ်ခဲ့တဲ့”နာဘရီ”ဟာ စပါးနဲ့ပွဲတုန်းကလိုပဲ ချယ်ဆီးကိုဒုက္ခပေးနိုင်ဦးမှာလား?
ချယ်ဆီးနည်းပြ”လမ်းပတ်”ရဲ့ပွဲကြိုမှာ အောက်အသင်းလို့”ချယ်ဆီး”ကိုသတ်မှတ်နေတာတွေကို တွန်းလှန်ပစ်ဖို့ သူ့အသင်းသားတွေကိုတိုက်တွန်းထားသလို၊ဘိုင်ယန်ဘက်က”မူလာ”ကလဲ ချယ်ဆီးအသင်းဟာ ကြောက်စရာကောင်းတဲ့အသင်းထဲမပါဝင်ပါဘူးလို့ စကားစစ်ထိုးထားပါတယ်။
ခန့်မှန်းချက်များ
ချာလီနီကိုးလပ်စ် – ချယ်ဆီး 1 – 3 ဘိုင်ယန်
မိုက်ကယ်အိုဝင် – ချယ်ဆီး 1 – 2 ဘိုင်ယန်
ကဲ……ဒီနှစ်သင်းရဲ့အားပြိုင်မှုမှာ ဘယ်သူကအသာစီးရသွားမလဲ?
TBS
ခ်ယ္ဆီး vs ဘိုင္ယန္ျမဴးနစ္တို႔ရဲ့ (16)သင္းရွုံးထြက္အဆင့္အားၿပိဳင္မွုမွာ ဘယ္သူအသာစီးရသြားမလဲဆိုတာ…………
အားသာခ်က္၊အားနည္းခ်က္မ်ားကို ေဖာ္ျပေပးသြားမွာျဖစ္ပါတယ္။
ခ်ယ္ဆီးနဲ႔ ဘိုင္ယန္တို႔ေနာက္ဆုံးအႀကိမ္ေတြ႕ဆုံခဲ့တာက 2012ခ်န္ပီယံလိဂ္ဖိုင္နယ္မွာျဖစ္ပါတယ္။အဲ့ဒီတုန္းက ဘိုင္ယန္ရဲ့”အလိုင္းရန႔္ဇ္ေအရီနာ”ကြင္းမွာ ခ်ယ္ဆီးတို႔ ခ်န္ပီယံလိဂ္ဆုဖလားကိုင္ေျမႇာက္ခဲ့တဲ့ပုံရိပ္ေတြကို ေမ့နိုင္ဦးမယ္မထင္ပါဘူး။ဒီတစ္ႀကိမ္မွာေတာ့ ဘိုင္ယန္က လက္စားျပန္ေခ်မလား၊ခ်ယ္ဆီးကပဲ ထပ္မံအနိုင္ယူမလားဆိုတာ ဒီညမွာပဲအေျဖေပၚေတာ့မွာပါ………
ခ်ယ္ဆီးဟာ 2002-03ရာသီေနာက္ပိုင္း ရွုံးထြက္အဆင့္ကို ဒီတစ္ႀကိမ္အပါအဝင္(14)ႀကိမ္တက္ခဲ့ဖူးပါတယ္။သို႔ေပမယ့္ 2013-14ရာသီကစလို႔ ခ်ယ္ဆီးဟာ 16သင္းရွုံးထြက္အဆင့္ကိုမျဖတ္ေက်ာ္နိုင္ခဲ့ပါဘူး။ဘစတန္းဖို႔ဘရစ္မွာကစားခဲ့တဲ့ ေနာက္ဆုံးခ်န္ပီယံလိဂ္(6)ပြဲမွာ ခ်ယ္ဆီးဟာ (၁)ပြဲသာနိုင္ပြဲရထားပါတယ္။ဒီနိုင္ပြဲက ၿပီးခဲ့တဲ့အုပ္စုအဆင့္မွာ လိုင္လီကို2-1နဲ႔နိုင္ခဲ့တဲ့ပြဲပါ။ဘိုင္ယန္ကေတာ့ ဒီတစ္ႀကိမ္အပါအဝင္ (12)ႀကိမ္ဆက္တိုက္ရွုံးထြက္အဆင့္ကိုတက္ေရာက္ခဲ့ရၿပီး ဒါဟာ ရီးရဲလ္နဲ႔ဘာစီၿပီးရင္ တတိယအမ်ားဆုံးစံခ်ိန္ကိုရခဲ့တာပါ။ဘိုင္ယန္ဟာ (16)သင္းရွုံးထြက္အဆင့္ရဲ့ ေနာက္ဆုံး(8)ႀကိမ္မွာ (7)ႀကိမ္ျဖတ္ေက်ာ္နိုင္ခဲ့ၿပီး ရွုံးခဲ့တဲ့တစ္ႀကိမ္က ၿပီးခဲ့တဲ့ရာသီက”လီဗာပူး”အသင္းနဲ႔ပြဲစဥ္ပဲျဖစ္ပါတယ္။
ဒဏ္ရာရကစားသမားမ်ား
ခ်ယ္ဆီးဘက္က အိုဒြိဳင္း၊ပူလီဆစ္၊ကန္တီတို႔လြဲေခ်ာ္သြားမွာျဖစ္ၿပီး၊ဘိုင္ယန္ဘက္မွာေတာ့ ပါရီဆစ္၊ဆူးလ္တို႔လြဲေခ်ာ္သြားမွာျဖစ္ပါတယ္။
ခ်ယ္ဆီးဟာ ဒဏ္ရာကေနသက္သာလာၿပီျဖစ္တဲ့ ေလာ့ဖ္တပ္ခ်ိ၊ပက္ဒရိုတို႔ပါဝင္ကစားနိုင္ဖြယ္ရွိၿပီး အဓိကတိုက္စစ္မွုးအျဖစ္ “ဂ်ီ႐ူး”ပြဲထြက္လာနိုင္ပါတယ္။ဂိုးသမားေနရာက ဘယ္သူပြဲထြက္လာမယ္ဆိုတာခန႔္မွန္းလို႔မရပါဘူး။3-4-3,3-5-2စတဲ့ အခင္းအက်င္းကိုသုံးဖို႔မ်ားပါတယ္။
ဘိုင္ယန္ဟာ 4-2-3-1နဲ႔ပြဲထြက္လာနိုင္ၿပီး “လီဝန္ေဒါ့စကီး” ၊”မူလာ”၊”နာဘရီ”၊”ကိုးမန္း”စတဲ့တိုက္စစ္ကစားသမားအစုံအလင္နဲ႔ပြဲထြက္လာမွာျဖစ္ပါတယ္။တစ္ခ်ိန္ကအာဆင္နယ္ကစားသမားတစ္ဦးျဖစ္ခဲ့တဲ့”နာဘရီ”ဟာ စပါးနဲ႔ပြဲတုန္းကလိုပဲ ခ်ယ္ဆီးကိုဒုကၡေပးနိုင္ဦးမွာလား?
ခ်ယ္ဆီးနည္းျပ”လမ္းပတ္”ရဲ့ပြဲႀကိဳမွာ ေအာက္အသင္းလို႔”ခ်ယ္ဆီး”ကိုသတ္မွတ္ေနတာေတြကို တြန္းလွန္ပစ္ဖို႔ သူ႔အသင္းသားေတြကိုတိုက္တြန္းထားသလို၊ဘိုင္ယန္ဘက္က”မူလာ”ကလဲ ခ်ယ္ဆီးအသင္းဟာ ေၾကာက္စရာေကာင္းတဲ့အသင္းထဲမပါဝင္ပါဘူးလို႔ စကားစစ္ထိုးထားပါတယ္။
ခန႔္မွန္းခ်က္မ်ား
ခ်ာလီနီကိုးလပ္စ္ – ခ်ယ္ဆီး 1 – 3 ဘိုင္ယန္
မိုက္ကယ္အိုဝင္ – ခ်ယ္ဆီး 1 – 2 ဘိုင္ယန္
ကဲ……ဒီႏွစ္သင္းရဲ့အားၿပိဳင္မွုမွာ ဘယ္သူကအသာစီးရသြားမလဲ?