
“အူဘာမီယန်”ဟာ လက်ရှိမှာ”အာဆင်နယ်”ရဲ့ခေါင်းဆောင်လဲဖြစ်သလို၊အသင်းမှာမရှိမဖြစ်အရေးပါတဲ့ ကစားသမားတစ်ဦးလဲဖြစ်ပါတယ်။မနေ့ညက”အဲဗာတန်”ကိုအနိုင်ရတဲ့ပွဲမှာ သူဟာ အကောင်းဆုံးကစားပြနိုင်ခဲ့ပါတယ်။
“အူဘာမီယန်”နဲ့ပတ်သက်ပြီး”အာတီတာ”က – “အူဘာမီယန်”ကိုအသင်းမှာဆက်ထိန်းထားဖို့က ကျွန်တော့်အတွက်စိန်ခေါ်မှုတစ်ခုပဲ။သူဆက်ပြီးနေဖို့လဲ မျှော်လင့်ပါတယ်။ကျွန်တော်တို့ဟာ အနိုင်ရယုံတင်မက အရာအားလုံးကောင်းဖို့အတွက်ကြိုးစားနေကြတာပါ။သူလဲ ကျွန်တော်တို့နဲ့အတူကွင်းထဲမှာ အချိန်တိုင်းပျော်ရွှင်နေမှာပါ။”အာဆင်နယ်”ကို ဒီထက်တိုးတက်အောင်တည်ဆောက်ဖို့ “အူဘာမီယန်”ဟာ အရေးအကြီးဆုံးကအစိတ်အပိုင်းတစ်ခုပါ။အခုချိန် သူ့ခေါင်းထဲမှာဒီလိုပဲတွေးနေမယ်ထင်ပါတယ်။”အူဘာ”ဟာ ပြီးခဲ့တဲ့နှစ်တွေတုန်းက စိတ်ပျက်စရာတွေအများကြီးကြုံခဲ့ရတာပါ။ဘာလို့လဲဆိုတော့ သူ့လိုကစားသမားမျိုးဟာ မျှော်လင့်ချက်အရမ်းကြီးတဲ့သူမို့ပါ။သူဟာ ကမ္ဘာ့အကောင်းဆုံးအသင်းမှာကစားချင်တယ်၊ကမ္ဘာ့အကောင်းဆုံးပြိုင်ပွဲတွေမှာယှဉ်ပြိုင်ချင်တယ်၊ပြီးတော့ ကမ္ဘာ့အကောင်းဆုံးကစားသမားဖြစ်ချင်သူတစ်ယောက်ပါ။ကျွန်တော်တို့ကလဲ သူဒီလိုဖြစ်ဖို့ အများကြီးထောက်ပံ့ပေးသွားမှာပါ။ဒီအသင်းမှာ သူ့ရဲ့လိုအင်ဆန္ဒတွေ၊သူဖြစ်ချင်တာတွေဖြစ်ရအောင် ကြိုးစားပေးမှာပါ။ကျွန်တော် ဒီလိုကစားသမားမျိုးကို အလွယ်တကူမစွန့်လွှတ်ချင်ပါဘူး။အသင်းမှာဆက်ရှိနိုင်ဖို့လုပ်ဆောင်သွားမှာပါ။ဒါကျွန်တော့်အတွက် စိန်ခေါ်မှုတစ်ခုပါ”လို့ ပြောကြားခဲ့ပါတယ်။
TBS
“အူဘာမီယန္”ကိုအသင္းမွာဆက္ထိန္းထားဖို႔က စိန္ေခၚမွုတစ္ခုပဲလို႔ဆိုတဲ့ “အာတီတာ”
“အူဘာမီယန္”ဟာ လက္ရွိမွာ”အာဆင္နယ္”ရဲ့ေခါင္းေဆာင္လဲျဖစ္သလို၊အသင္းမွာမရွိမျဖစ္အေရးပါတဲ့ ကစားသမားတစ္ဦးလဲျဖစ္ပါတယ္။မေန႔ညက”အဲဗာတန္”ကိုအနိုင္ရတဲ့ပြဲမွာ သူဟာ အေကာင္းဆုံးကစားျပနိုင္ခဲ့ပါတယ္။
“အူဘာမီယန္”နဲ႔ပတ္သက္ၿပီး”အာတီတာ”က – “အူဘာမီယန္”ကိုအသင္းမွာဆက္ထိန္းထားဖို႔က ကၽြန္ေတာ့္အတြက္စိန္ေခၚမွုတစ္ခုပဲ။သူဆက္ၿပီးေနဖို႔လဲ ေမၽွာ္လင့္ပါတယ္။ကၽြန္ေတာ္တို႔ဟာ အနိုင္ရယုံတင္မက အရာအားလုံးေကာင္းဖို႔အတြက္ႀကိဳးစားေနၾကတာပါ။သူလဲ ကၽြန္ေတာ္တို႔နဲ႔အတူကြင္းထဲမွာ အခ်ိန္တိုင္းေပ်ာ္ရႊင္ေနမွာပါ။”အာဆင္နယ္”ကို ဒီထက္တိုးတက္ေအာင္တည္ေဆာက္ဖို႔ “အူဘာမီယန္”ဟာ အေရးအႀကီးဆုံးကအစိတ္အပိုင္းတစ္ခုပါ။အခုခ်ိန္ သူ႔ေခါင္းထဲမွာဒီလိုပဲေတြးေနမယ္ထင္ပါတယ္။”အူဘာ”ဟာ ၿပီးခဲ့တဲ့ႏွစ္ေတြတုန္းက စိတ္ပ်က္စရာေတြအမ်ားႀကီးၾကဳံခဲ့ရတာပါ။ဘာလို႔လဲဆိုေတာ့ သူ႔လိုကစားသမားမ်ိဳးဟာ ေမၽွာ္လင့္ခ်က္အရမ္းႀကီးတဲ့သူမို႔ပါ။သူဟာ ကမၻာ့အေကာင္းဆုံးအသင္းမွာကစားခ်င္တယ္၊ကမၻာ့အေကာင္းဆုံးၿပိဳင္ပြဲေတြမွာယွဥ္ၿပိဳင္ခ်င္တယ္၊ၿပီးေတာ့ ကမၻာ့အေကာင္းဆုံးကစားသမားျဖစ္ခ်င္သူတစ္ေယာက္ပါ။ကၽြန္ေတာ္တို႔ကလဲ သူဒီလိုျဖစ္ဖို႔ အမ်ားႀကီးေထာက္ပံ့ေပးသြားမွာပါ။ဒီအသင္းမွာ သူ႔ရဲ့လိုအင္ဆႏၵေတြ၊သူျဖစ္ခ်င္တာေတြျဖစ္ရေအာင္ ႀကိဳးစားေပးမွာပါ။ကၽြန္ေတာ္ ဒီလိုကစားသမားမ်ိဳးကို အလြယ္တကူမစြန႔္လႊတ္ခ်င္ပါဘူး။အသင္းမွာဆက္ရွိနိုင္ဖို႔လုပ္ေဆာင္သြားမွာပါ။ဒါကၽြန္ေတာ့္အတြက္ စိန္ေခၚမွုတစ္ခုပါ”လို႔ ေျပာၾကားခဲ့ပါတယ္။