
- ဝက်ဖို့ဒ်နဲ့ပွဲဟာ ဖာနန်ဒက်စ်အတွက် (၃)ပွဲမြောက်ကစားပွဲဖြစ်ပြီး ဒီပွဲမှာ ပင်နယ်တီနဲ့ ဂိုးသွင်းယူနိုင် ခဲ့တာလည်းဖြစ်ပါတယ် ။
- ပွဲပြီးတဲ့အချိန်မှာ အင်တာဗျူးတော့ ” ဒီခံစားမှုဟာအရမ်းကောင်းပါတယ် ။ ငါ့အတွက်နောက်ထပ်အိပ်မက်တစ်ခုတကယ်ဖြစ်လာခဲ့ပြီပေါ့ ။ အခုပြီးခဲ့တဲ့ရက်သတ္တပတ်ဟာ ငါနဲ့ ငါတို့အသင်းအတွက် တော်တော်စိတ်ကျေနပ်စရာကောင်းခဲ့တာပါ ။ ဝုဗ်နဲ့သရေကျခဲ့ပြီး ၊ ချယ်ဆီးကို အနိုင်ကစားနိုင်ခဲ့တယ် အခုလည်း ဝက်ဖို့ဒ်ကို ၃-၀ နဲ့ အနိုင်ရတယ် ။ ဒီ
တစ်ခေါက်ရတဲ့ (၃)မှတ်အတွက် နဲ့ ဇယားအပေါ်တက်သွားတာက ငါ့အတွက် တကယ်စိတ်ကျေနပ်မှုရပြီး အရမ်းပျော်တယ်။
ငါ့မိသားစုကလည်း သောကြာနေ့ကရောက်လာခဲ့တယ်…. ငါဂိုးသွင်းတာကိုကြည့်ဖို့လေ ။
ပုံမှန်ဆို ငါဒီတိုင်းသွင်းလိုက်မှာပဲ ဒါပေမဲ့ ငါလည်းအပြောင်းအလဲတွေလုပ်တတ်တယ်လေ ။ ဂိုးသွင်းတဲ့အချိန်မှာ ငါ့ကိုယ်ငါယုံကြည်မှုအပြည့်နဲ့ ကန်ပြလိုက်တာဖြစ်လို့
အဲ့ဒီဂိုးက တကယ်ကောင်းပါတယ် ။
ပြီးတော့ ငါတို့ဖန်တွေကလည်း ငါ့ကိုအားတက်သရော အထောက်အကူပြုကြတယ် ။ သူတို့ရဲ့အားပေးသံတွေက ငါ့က်ိုပိုပြီးယုံကြည်မှုရှိစေခဲ့တာပါ ” လို့ပြောကြားခဲ့ပါတယ် ။