
အခုလိုအသက်အရွယ်တစ်ခုမှာ ဒီလိုထူးထူးခြားခြားတော်နေတာဟာ နောင်မှာ ဘောလုံးလောကရဲ့
အဓိက ကြယ်ပွင့်တစ်ခုဖြစ်လာနိုင်ပါတယ် ။
ခရစ်စတီယာနို ရော်နယ်လ်ဒိုက မက်ဘီဟာ ဘောလုံးလောကရဲ့ ပစ္စုပ္ပန်ရော အနာဂတ်ရောဖြစ်လာနိုင်ကြောင်း ယုံကြည်မှုအပြည့်အဝရှိတယ်လို့ပြောကြားခဲ့တာပါ ။
မက်ဘီက 2016-2017 မှာ မိုနာကိုက ထွက်လာခဲ့ပြီး ကမ္ဘာ့အကောင်းဆုံးကစားသမားဖြစ်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ PSG ကို ရောက်လာခဲ့တာပါ ။
” သူဟာ အံ့ဩဖွယ်ကောင်းလောက်အောင် တော်တဲ့ကစားသမားပါ ၊ အရမ်းမြန်တယ် ၊ သူဟာ အနာဂတ်မှာ ဖြစ်ဖြစ်မြောက်မြောက်ရှိတဲ့ ကစားသမားတစ်ဦးဖြစ်လာမှာပါ ” လို့ဆိုခဲ့ပါတယ်
မက်စီ နဲ့ ရော်နယ်လ်ဒိုတို့ရဲ့ အမွေခံလိုဖြစ်လာတဲ့
မက်ဘီဟာ ပြင်သစ်လိဂ်မှာ PSG ကို ပြန်လည်ထမြောက်အောင်မြင်အောင် လုပ်နိုင်ဦးမှာပါ ။
အခုလို လူငယ်လက်သစ်တွေကို လက်တွဲခေါ်ယူတဲ့ကောင်းမွန်တဲ့အမူအကျင့်နဲ့ ရော်နယ်လ်ဒိုဟာ
လက်ရှိမှာလည်း အောင်မြင်မှုများစွာကို ပိုင်ဆိုင်ထားတဲ့သူတစ်ဦးပါ ။