
လိုက်ပ်ဇက်ရှေ့တန်း တိုက်စစ်မှူး တီမိုဝါနာက
” လီဗာပူးက ကမ္ဘာ့အကောင်းဆုံး အသင်းတစ်သင်းပါ… အခုလို ပရီးမီးယားလိဂ် ထိပ်သီးအသင်းတစ်သင်းနဲ့ချိတ်ဆက်ခွင့်ရတာ ဂုဏ်ယူပါတယ် ” လို့ပြောကြားခဲ့ပါတယ် ။
လီဗာပူးလ်အနေဖြင့်ယခုရာသီတွင်ပြောင်းရွှေ့ရန်အစီအစဉ်မရှိကြောင်း Sky Sports News မှနားလည်မှုရှိသော်လည်းပရီးမီးယားလိဂ်သို့ပြောင်းရွှေ့ရန်ဆုံးဖြတ်ခဲ့ပါက အန်းဖီးလ်ကွင်းက ဝါနာ အတွက်ပိုမိုနှစ်သက်ဖွယ်ရာနေရာတစ်ခုဖြစ်ကြောင်းပြီးခဲ့သည့်လက Bild မှာဖော်ပြခဲ့သည်။
အခုချိန်မှာ လီဗာပူးက ကမ္ဘာ့အကောင်းအသင်းတစ်သင်းဆိုတာ ငါသိပါတယ် ။
ငါ့ကိုအဲ့ဒီအသင်းက ချိတ်ဆက်မိတဲ့အတွက် ဂုဏ်ယူပါတယ် ။ ဒါက ကြည်နူးစရာတစ်ခုပါပဲ
ဒါပေမဲ့ လီိဗာပူးမှာ ကောင်းတဲ့ကစားသမားတွေအများကြီးရှိတာပါ ။ ငါ့ကိုငါသက်သေပြဖို့ ၊ အဲ့ဒီမှာကစားဖို့ဆိုတာ အများကြီးသင်ယူရဦးမှာပါ ။
တော့တင်ဟမ်ကလည်း အသင်းကောင်းပါပဲ ။ ပြီးခဲ့တဲ့နှစ်လည်း သူ့တို့အကောင်းဆုံးကစားနိုင်ခဲ့တာပါ
ကျွန်တော်တို့ကတော့ ဒီပထမအကျော့က အခုမှ အစဖြစ်ပေမဲ့ ရှေ့ဆက်ကြိုးစားနေဦးမှာပါ ။ လို့ ဝါနာကပြောကြားခဲ့တာပါ ။
ref : sky sports