အေတီကိုရဲ့ အိမ်ကွင်းမှာ ကြိုးကြာနီတို့အရေးနိမ့်ခဲ့ပေမဲ့ အန်ဖီးလ်ကွင်းနဲ့အတူ ခြိမ်းခြောက်စကားတွေဆိုခဲ့တဲ့ ကလော့ပ်

မနေ့ညက ဆောလ်ရဲ့ စောစီးသော ၄’မိနစ်အတွင်းဂိုးသွင်းမှုက ခံစစ်အားကိုးကစားတဲ့အေတီကိုနောက်ခံလူတွေအတွက် အများကြီးအကျိုးဖြစ်စေခဲ့ပါတယ် ။

အက်သလက်တီကိုနည်းပြ ဒီရေဂို ရဲ့ ကြိုးစားအားထုတ်မှုတွေကိုလည်း မနေ့ညကပွဲ ပရိသတ်တွေအနေနဲ့ အားရကျေနပ်မှုရှိခဲ့ပါတယ် ။

“လက်မှတ်ရနိုင်တဲ့ အက်သလက်တီကို
ပရိသတ်အားလုံးကို အန်းဖီးလ်ကွင်းက
နေကြိုဆိုပါတယ် ” လို့ လီဗာပူးနည်းပြကလော့ပ်
က ပြောကြားခဲ့ပါတယ်။

” စိတ်ခံစားမှုတွေက အရေးကြီးပါတယ် ။ ဒီကနေ့မှာတော့ သူတို့က လုံးလုံးလျားလျား အက်သလက်တီကိုဘက်ကရှိနေပေမဲ့ ဒုတိယအကျော့ကိုတော့ ငါမျှော်နေပါတယ် “

” ဒီနေ့ည မင်းတို့တွေ့ခဲ့တဲ့ အားကစားကွင်းတစ်ခုရဲ့ ပြီးပြည့်စုံတဲ့အားသာမှု ၊ ရှိနေရှိသင့်တဲ့စွမ်းအားတွေကို အန်ဖီးလ်ကွင်းမှာလည်း မင်းတို့တွေ့ရမှာပါ၊ အချိန်တွေက စကားပြောသွားပါလိမ့်မယ် “

” အခုအကျော့မှာ ၁-၀ နဲ့ ငါတို့ရှုံးနိမ့်ခဲ့ပေမဲ့ ၊ ဒုတိယအကျော့ ငါတို့ကွင်းမှာတော့ သူတို့ခံစားရမှာပါ “

​”ပြီးတော့ ဒီနေ့ရလဒ်နဲ့ပတ်သတ်ပြီး ငါ့အတွက် ပြဿနာမရှိပါဘူး ၊ လူတိုင်းရဲ့ပျော်နေတဲ့မျက်နှာတွေကိုလည်း အေတီကိုကွင်းမှာတွေခဲ့ရပါသေးတယ် ဒါပေမဲ့ ဒါကအဆုံးသတ်မသွားသေးပါဘူး “

” ဒီရေဂိုအနေနဲ့ ပွဲများစွာကြုံခဲ့ဖူးတာပဲ
ဒါပေမဲ့ဒီပွဲမှာ ငါတို့ယုံကြည်မှုပြင်းထန်တဲ့ကစားသမားတွေ ၊ အံ့ဩမင်သက်စရာကောင်းတဲ့ ကစားသမားတွေ ၊ တစ်ခဲနက်အားပေးနေတဲ့ လူအုပ်ကြီးကို ငါတို့တွေ့ခဲ့ရတယ် ”

ငါဒီကိုရောက်နေတဲ့ (၈)နှစ်အတွင်းမှာ ဒီလိုအားပေးမှုမျိုးတစ်ခါမှ မတွေ့ခဲ့ဖူးဘူး ၊ အရမ်းကိုစိတ်လှုပ်ရှားစရာကောင်းတယ် ” လို့ချီးကျူးပြောကြားခဲ့ပါသေးတယ် ။

Ref : BBC uk

TBS_Pedro

Leave a comment

Design a site like this with WordPress.com
Get started