
“လက်စတာ”ဟာ လီဗာပူးလ်ကွင်းလယ်လူ”လယ်လာနာ”ကို လာမယ့်နွေအပြောင်းအရွှေ့မှာခေါ်ယူဖို့ ကစားသမားရဲ့အေးဂျင့်ကို ချဉ်းကပ်ခဲ့ပါတယ်။အသက်(၃၁)နှစ်အရွယ် ကစားသမားဟာ ဒီရာသီကုန်ရင် “လီဗာပူး”နဲ့စာချုပ်သက်တမ်းကုန်ပြီဖြစ်ကာ ပရီးမီးယားလိဂ်ကလပ်အသင်းတချို့ကလဲ သူ့ကိုခေါ်ယူဖို့စိတ်ဝင်စားနေပါတယ်။”လက်စတာ”အသင်းမန်နေဂျာ”ရော်ဂျာ”က လာမယ့်နွေမှာ “လယ်လာနာ”ကိုခေါ်ယူဖို့ တခြားအသင်းတွေထက်ပိုပြီးရေပန်းစားနေတာပါ။”လီဗာပူး”ဘက်ကလဲ ကစားသမားကို သက်တမ်းတိုးတော့မှာမဟုတ်ကြောင်းနဲ့ အနာဂတ်အတွက်စိတ်ကြိုက်ရွေးချယ်ခွင့်ရှိကြောင်း ပြတ်ပြတ်သားသားသတိပေးထာပြီးဖြစ်ပါတယ်။ကစားသမားရဲ့စာချုပ်မှာ သူ့ရဲ့အသင်းဟောင်း(သို့)ပရီးမီးယားလိဂ်ပြိုင်ပွဲဝင်အခြားတစ်သင်းသင်းနဲ့ အကြိုသဘောတူစာချုပ်ချုပ်ဆိုနိုင်ကြောင်း ပါရှိပါတယ်။
“ရော့ဂျာ”ဟာ လီဗာပူးနည်းပြလုပ်ခဲ့ဖူးတဲ့2014ခုနှစ်မှာ “လယ်လာနာ”ကို “ဆောက်သမ်တန်”အသင်းကနေ ကိုယ်တိုင်ရွေးချယ်ခေါ်ယူခဲ့သူပါ။”ကလော့ပ်”လက်အောက်မှာ ပုံမှန်ပွဲထွက်ခွင့်နေရာရဖို့ ခက်ခဲနေတဲ့”လယ်လာနာ”ဟာ ပရီးမီးယားလိဂ်(၃)ပွဲသာ ကစားခဲ့ရသူပါ။ဒါ့ကြောင့် လာမယ့်နွေမှာသေချာပေါက်အသင်းပြောင်းမှာဖြစ်ပြီး ဆရာဟောင်းနဲ့ပြန်ပေါင်းထုပ်မလားဆိုတာ ဖြစ်နိုင်ချေအများကြီးရှိပါတယ်။