“လီဂါနက်စ်”တိုက်စစ်မှုးကိုခေါ်ဖို့ သဘောတူညီမှုရခဲ့တဲ့”ဘာစီလိုနာ”

“ဘာစီလိုနာ”အသင်းဟာ လာလီဂါပြိုင်ပွဲဝင်”လီဂနက်စ်”အသင်းရဲ့အဓိကတိုက်စစ်မှုး “ဘရိတ်ဝိတ်”ကို ယူရို(၁၈)သန်းနဲ့ခေါ်ယူဖို့ သဘောတူညီမှုရခဲ့ပြီဖြစ်ပါတယ်။”ဘရိတ်ဝိတ်”ဟာ “ဘာစီလိုနာ”နည်းပြ”ဆက်တီယန်”ရဲ့စိတ်ကြိုက်ကစားသမားဖြစ်ပြီး “အက်စ်တာနိုဗယ်ဗာဒီ”ရဲ့နေရာကိုအစားထိုးဖို့ရည်ရွယ်ချက်နဲ့ခေါ်ယူခြင်းဖြစ်ပါတယ်။”ဆက်တီယန်”ကိုယ်တိုင်ကလဲ “ဘရိတ်ဝိတ်”ကိုနှစ်သက်လွန်းတဲ့အတွက် ကိုယ်တိုင်ချဉ်းကပ်ခဲ့တာပါ။အသက်(၂၈)နှစ်အရွယ်ကစားသမားဟာ “ဘာစီလိုနာ”နဲ့2023ခုနှစ်အထိ သက်တမ်းရှိတဲ့စာချုပ်ကိုချုပ်ဆိုမှာဖြစ်ပြီး မကြာခင်နှစ်ဖက်အသင်းများက အပြောင်းအရွှေ့ကိုတရားဝင်ကြေညာတော့မှာဖြစ်ပါတယ်။

TBS_Harry

Leave a comment

Design a site like this with WordPress.com
Get started