မယုံနိုင်စရာကောင်းလောက်တဲ့ စံချိန်တွေနဲ့ “ဟားလန်း”ရဲ့ကစားသမားဘဝ

“ဟားလန်း”ဟာ ပြီးခဲ့တဲ့ဇန်နဝါရီက ဒေါ့မွန်အသင်းကိုပြောင်းရွှေ့လာခဲ့တာပါ။ပထမဆုံး ဘွန်ဒက်စ်လီဂါပွဲဦးထွက်မှာတင် ဟက်ထရစ်နဲ့ ဒေါ့မွန်ပရိသတ်တွေရဲ့နှလုံးသားကို လှုပ်ကိုင်ခဲ့သူပါ။မနေ့ညကPSGနဲ့ချန်ပီယံလိဂ်ပွဲဟာ သူ့အတွက် ဒေါ့မွန်ကစားသမားဘဝ ပထမဆုံးပွဲဦးထွက်ဖြစ်ခဲ့ပါတယ်။ထိုပွဲမှာ အသင်းအတွက်အရေးပါတဲ့သွင်းဂိုး(၂)ဂိုးသွင်းယူပေးပြီး PSGကိုရှုံးပွဲတွေ့စေခဲ့ပါတယ်။အသက်(၁၉)နှစ်သာရှိသေးတဲ့ 🇳🇴နော်ဝေသားလေးဟာ ဒေါ့မွန်ကစားသမားဘဝ ပြိုင်ပွဲစုံ(၇)ပွဲမှာ သွင်းဂိုး(၁၁)ဂိုးအထိသွင်းယူထားခဲ့ပါတယ်။
“ဟားလန်း”ဟာ ဘွန်ဒက်လီဂါ၊DFB-Pokalနဲ့ ချန်ပီယံလိဂ်တို့ရဲ့ပွဲဦးထွက်တိုင်းမှာ ဂိုးသွင်းနိုင်တဲ့ပထမဆုံး”ဒေါ့မွန်”ကစားသမားဖြစ်လာခဲ့ပါတယ်။ပိုပြီးအံ့အားသင့်စရာကောင်းတာက ပွဲဦးထွက်တွေမှာသွင်းတဲ့ “ဟားလန်း”ရဲ့ပထမဆုံးဂိုးတွေဟာ ပထမဆုံးဂိုးပေါက်ခြိမ်းခြောက်မှုကနေပဲ ရခဲ့တာပါ။ဒီလောက်ဆို ၁၉နှစ်သားလေးရဲ့စွမ်းရည်ကို သိကြရောပေါ့……

TBS_Harry

မယုံနိုင္စရာေကာင္းေလာက္တဲ့ စံခ်ိန္ေတြနဲ႔ “ဟားလန္း”ရဲ့ကစားသမားဘဝ

“ဟားလန္း”ဟာ ၿပီးခဲ့တဲ့ဇန္နဝါရီက ေဒါ့မြန္အသင္းကိုေျပာင္းေရႊ႕လာခဲ့တာပါ။ပထမဆုံး ဘြန္ဒက္စ္လီဂါပြဲဦးထြက္မွာတင္ ဟက္ထရစ္နဲ႔ ေဒါ့မြန္ပရိသတ္ေတြရဲ့ႏွလုံးသားကို လွုပ္ကိုင္ခဲ့သူပါ။မေန႔ညကPSGနဲ႔ခ်န္ပီယံလိဂ္ပြဲဟာ သူ႔အတြက္ ေဒါ့မြန္ကစားသမားဘဝ ပထမဆုံးပြဲဦးထြက္ျဖစ္ခဲ့ပါတယ္။ထိုပြဲမွာ အသင္းအတြက္အေရးပါတဲ့သြင္းဂိုး(၂)ဂိုးသြင္းယူေပးၿပီး PSGကိုရွုံးပြဲေတြ႕ေစခဲ့ပါတယ္။အသက္(၁၉)ႏွစ္သာရွိေသးတဲ့ 🇳🇴ေနာ္ေဝသားေလးဟာ ေဒါ့မြန္ကစားသမားဘဝ ၿပိဳင္ပြဲစုံ(၇)ပြဲမွာ သြင္းဂိုး(၁၁)ဂိုးအထိသြင္းယူထားခဲ့ပါတယ္။
“ဟားလန္း”ဟာ ဘြန္ဒက္လီဂါ၊DFB-Pokalနဲ႔ ခ်န္ပီယံလိဂ္တို႔ရဲ့ပြဲဦးထြက္တိုင္းမွာ ဂိုးသြင္းနိုင္တဲ့ပထမဆုံး”ေဒါ့မြန္”ကစားသမားျဖစ္လာခဲ့ပါတယ္။ပိုၿပီးအံ့အားသင့္စရာေကာင္းတာက ပြဲဦးထြက္ေတြမွာသြင္းတဲ့ “ဟားလန္း”ရဲ့ပထမဆုံးဂိုးေတြဟာ ပထမဆုံးဂိုးေပါက္ၿခိမ္းေျခာက္မွုကေနပဲ ရခဲ့တာပါ။ဒီေလာက္ဆို ၁၉ႏွစ္သားေလးရဲ့စြမ္းရည္ကို သိၾကေရာေပါ့……

TBS_Harry

Leave a comment

Design a site like this with WordPress.com
Get started