
မနေ့ကပွဲမှာ ဘတ်ရှုဝါရီအပေါ်ဖြစ်ပွားခဲ့တဲ့ မာဂွယ်ယားရဲ့ အပြုအမူနဲ့ပတ်သတ်ပြီး အခုလိုဖြေရှင်းချက်ထွက်ခဲ့ပါတယ် ။
” သူ့ကိုကျွန်တော်လိုက်ဖမ်းနိုင်ခဲ့ပေမဲ့ ကျွန်တော်ကန်ထုတ်လိုက်တာက ရည်ရွယ်ချက်ရှိရှိလုပ်ခဲ့တာမဟုတ်ပါဘူး ။ သူကျွန်တော့် အပေါ် လဲကျလာတော့မှာမို့ တားဖို့လုပ်ခဲ့တာပါ ။ ပြီးတော့ ကျွန်တော့်ခြေထောက်တွေက သူ့ကိုတားဖို့ ပင်ကိုယ်တုံ့ပြန်မှုကနေ ဆန့်ထွက်လာခဲ့တာပါ “
” ဒါက ပင်ကိုယ်တုံ့ပြန်မှုတစ်ခုဖြစ်သလို သူ့ကိုလည်းတကယ်တောင်းပန်ပါတယ် ။ ပြီးတော့ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်ဟာလည်း မှန်ကန်ခဲ့တာပါပဲ “
ညက ချယ်လ်ဆီး နဲ့ မန်ချက်စတာယူနိုက်တက်ရဲ့
ပရီးမီးယားလိဂ်ပွဲစဉ် (၂၆) မှာတော့ ယူနိုက်တက်က ၂ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပါတယ် ။ ပွဲထဲမှာ Var နဲ့
ပတ်သတ်ပြီး အငြင်းပွားစရာတွေဖြစ်ခဲ့ကြသလို တစ်ကွင်းလုံး ချယ်လ်ဆီးပရိသတ်တွေရဲ့ ဆဲသံတွေနဲ့ ပြင်းထန်နေခဲ့ပါတယ် ။

နှစ်သင်းလုံး အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြပေမဲ့
ချယ်လ်ဆီးအတွက်လည်း နစ်နာမှုတွေ အများကြီးရှိခဲ့တယ်လို့ ဝေဖန်သံတွေထွက်ပေါ်ခဲ့ပါတယ် ။
ယူနိုက်တက်အနေနဲ့ကတော့ ၃၂နှစ်အကြာမှာ
ချယ်လ်ဆီးအသင်းကို တစ်ရာသီအတွင်း နှစ်ကျော့လုံးအနိုင်ယူခဲ့တာပါ ။
ဖရန့်က နောက်ပွဲတော့တင်ဟမ်နဲ့ဆိုတော့ ပိုပြီး အန္တရာယ်များပါတယ် ။ သူ့အတွက်ပိုပြီးလည်း စိတ်ပူစရာပါပဲ ။ ညကလည်း ဂိုးတွေရခဲ့ပေမဲ့ ဒိုင်လူကြီးအန်သိုနီ နဲ့ လက်ထောက် ခရစ်တို့ ဆုံးဖြတ်ချက်တွေ … VAR ပြန်ကြည့်လို့ ခြေတစ်လှမ်း လူကျွံနေတာတွေကြောင့် ဂိုးမရခဲ့ပါဘူး ။

ref : all of news